သစ်ရွက်လှုပ်တာတောင် ပြုံးမိတဲ့
ရူးသွပ့်  ခြင်းကို သူ မသိလေသလား
တကိုယ်စာ ရင်ခုန်သံ နဲ့ 
ငါ့  ကိုယ်သင်းရနံ့  တွေကို ချစ်သူ ခိုးယူသွားတယ်
လေတိုက်လို့  ယိမ်ခါနေတဲ့ သစ်ပင်လိုပဲ
ငါ့ အသဲတွေ တုန်ခါနေတယ်
ချစ်သူ
ချစ်ဖျားတက်နေတဲ့ နှလုံးသား ကို
အရောင်လျှော့စေတဲ့ ကီမိုး တိုက်တော့
ဝေဒနာ ပိုဆိုးနေတာ ဆေးဝါး တွေ မတိုးတော့ဘူး
ချစ်သူ
နယ်မြေသစ် ကို ရွှေငွေတွေနဲ့  လဲလှယ် တတ်တဲ့
ဗာစကိုးဒဂါမား လို
အထပ်ထပ် ထုပ်ပိုးထားတဲ့ ငါ့ ရင်ခုန်သံတွေကို
သူ့  အပြုံးလေးတွေ နဲ့  ဖလှယ် ခဲ့တယ်
ချုပ်ခြယ်မှု့  မရှိ
ပျော်ရွှင်မှု့ တွေ နဲ့  သာယာနေမိတာ
ချစ်သူရေ နင့်  ရင်ခွင်ကို ထာဝရ
ငါတစ်ယောက်ထဲ
ပိုင်ဆိုင်ပါရစေနော်....................
ညအက္ခရာ
No comments:
Post a Comment