အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 19 March 2013

..ပျော်ပါစေ...

အလွမ်းမင်းသားလေး | 08:10 | Best Blogger Tips


စိတ်တစ်ခုလုံး နွမ်းလျမှိန်ဖျော့
သူမသိတဲ့ အလွမ်းတွေနဲ့
ကျွန်တော် ဒီနေ့ ငိုနေမိတယ်
သူမသိတဲ့
နေရာတစ်ခုမှာ
သူမလာချင်တဲ့

နေရာတစ်ခုမှာမှ
ချစ်ခြင်းကမ္ဘာတစ်ခု တည်ခဲ့မိသူ
အလွမ်းဆိုတဲ့ ဆုလာဘ်ကို
အသေအချာ ထွေးပွေ့မိခဲ့
သူမမြင်မသိနိုင်တဲ့ နေရာကနေ
တိတ်တိတ်ကလေး လွမ်းနေမိရဲ့
ပျော်ပါစေ ဆုတောင်းရင်း
ကိုယ့်ရင်က တနင့်တသည်း ရူးခဲ့ရ
အချစ်ပြတည်နေရာဟာ
သူ့ဆီမှာမှ ဆိုက်ရောက်နေတာ ဆိုးတယ်
ကိုယ့်ဘဝရဲ့အရိပ်အဖြစ်
သူ့ကိုမှ ကျေကျေနပ်နပ်လက်ခံချင်မိတာ ဆိုးတယ်
ဒီနေ့လည်း ဆုတောင်းမိရဲ့
သူပျော်ပါစေ
စိတ်တစ်ခုလုံး နွမ်းလျမှိန်ဖျော့
သူမသိတဲ့ အလွမ်းတွေက
ဒီနေ့မှပဲ ပိုတိုးနေသလိုလို.....။



No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ