အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday 23 March 2013

မာန နဲ့လူ ...

အလွမ်းမင်းသားလေး | 08:17 | Best Blogger Tips



ချစ်သူရေ……
တကယ်တော့
ငွေမက်တဲ့
နင့်အပြစ်မဟုတ်ပါဘူး……
ငွေမရှိတဲ့ ငါ့အပြစ်ပါ……
ဂုဏ်မက်တဲ့
နင့်အပြစ်မဟုတ်ပါဘူး……
ဂုဏ်မရှိတဲ့ ငါ့အပြစ်ပါ……
ပကာသနမက်တဲ့
နင့်အပြစ်မဟုတ်ပါဘူး……
ပညာမတတ်တဲ့
ငါ့အပြစ်တွေရယ်ပါဟာ……
ဘာပဲဖြစ်ဖြစ်ပေါ့လေ……
နင့်အပြစ်နဲ့ ငါ့အပြစ်တွေကြား
သောကများမနေပါနဲ့……
ငါ့အမှားလို့သာ
သဘောထားပေါ့ကွယ်…
တားထားတဲ့ စည်းတွေက
ဂုဏ်ဓနတွေကြားမှာဆိုတာ
ငါနားလည်လိုက်ပါပြီ……
နင်မရှိတဲ့ ငါ့ကမ္ဘာမှာ
ငါသာတယောက်တည်း
လျှောက်ရဲပါတယ်……
ငါကိုယ်တိုင်လည်း
မာနနဲ့လူပဲ……
ရှိတဲ့အမှား ငါ့အတွက်ထားပြီး
ငါ့ကိုသာ ကျောခိုင်းသွား
ငါ့ဘဝနဲ့သာ ငါနေနိုင်တယ်…


လွှမ်းဝေအောင်

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ