အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday 2 December 2013

Facebook ဆိုတာ ...

အလွမ်းမင်းသားလေး | 03:52 | Best Blogger Tips




fb ပေါ် မှာတော့
ပန်းပုံလေးတွေတင်ပြီး
မင်္ဂလာပါရှင် လို့
နုတ်ဆက်သူရှိသလို
အရက်ပုလင်းပြပြီး
ကောင်းသောညပါနဲ့ ပွဲစတဲ့လူတွေလည်းရှိ။

ငါ့စကား နွားရသမားတွေရှိသလို
ကိုယ့်ကားကိုယ်မောင်း
လက်ပ တောင်း ရောက်ရောက်
ဆိုသူတွေလည်းရှိ။
အသည်းကွဲကဗျာဆရာတွေရှိသလို။

မာမီရယ် ရှာပေးကွယ်ဆိုတဲ့
မြီးကောင်ပေါက်
မ လေးတွေလည်းရှိ။

တခါတခါရာသီဥတု
နည်းနည်းပူလာတာနဲ့
အ ရေးကြီးသတင်းအမြန် ရှယ်ပါ
ပြူးပြူးပျာပျာသမားတွေ
ရှိသလို။
အိမ်တံခါးထပိတ် ရမလိုလို
ဓါးပဲထ သွေး ရ တော့မလိုလို
တိုက်ပွဲခေါ်သံတေးသွား
အော်သူတွေလည်းရှိ။

အချင်းချင်းရန်ဖြစ်ပြီး
fb ထဲအော်ဆဲသူတွေရှိသလို။
(ကို့ ကိုကျေးဇူးတင် ပါတယ်)
ဆိုတဲ့ငနဲမ လေးတွေလည်းရှိ။
အိုင် ဖုန်းနဲ့အ ကြော်ရောင်းတဲ့
သူတွေရှိသလို။
သီချင်းဆိုပြီး ပေါက်စီကြော်ငြာတဲ့
သူလည်းရှိ။
 

ပြောရရင်တော့
fb ဆိုတာ တောထွက်စရာမလိုပဲ
အ သေအချာကိုတရားရနိုင် တဲ့
နေရာဖြစ်ပါကြောင်း။

နေ နော်
၃၀-၁၁-၁၃


No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ