အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 28 November 2013

ဘယ်ခေါင်းစဉ်အောက်မှာ ကိုယ်နေမှာလည်း....

အလွမ်းမင်းသားလေး | 07:08 | Best Blogger Tips

မျော်လင့်ထားတာတွေကဖြစ်ချင်မှဖြစ်မယ်
ရည်ရွှယ်ရာတွေဆီလည်းရောက်ချင်မှရောက်မယ်..
မသေချာမူ့တွေ လို့မပြောပါနဲ့လေ
ငါတို့ခဏရထားတဲ့
ဟောဒီလူ့ဘဝကြီးကိုက
ဘယ်မှာ သေချာမူ့တွေရှိလို့လည်း...
တကယ်တော့ ငါတို့ဟာ
ကိုယ့်ကိုကိုယ်အံစာတုံးလေးတွေအဖြစ်
ဖြစ်တည်မူ့နဲ့ဘဝကိုစိန်ခေါ်လောင်းကြေးထပ်ပြီး
ကြွေခွက်ထဲကို တလှိမ့်ခေါတ်ကွေးကျွမ်းထိုးဝင်ပြီး
ဘယ်အချိန်“တစ်”ကျမလည်းလို့
အကဲစမ်းနေရတာပဲ....
ဒီတော့..
ရှုံးတာနိုင်တာ အသာထား
မပြင်နိုင်ဘူးဆိုတဲ့ အကျင့်တွေ
မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ကူးတွေ...ထားခဲ့ပါကွာ
အဲဒါတွေက
အမြဲတမ်း“တစ်”ရနေတဲ့ကောင်တောင်
အနိုင်ပိုင်းခွင့်မပေးဘူး။
 
မောင်သစ္စာ

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ