အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 8 November 2012

Ytalk နှင့် Viber တွင် ကွဲပြားခြားနားမှုများရှိ ...

အလွမ်းမင်းသားလေး | 06:19 | Best Blogger Tips


တရားဝင်နိုင်ငံခြား ဖုန်းခေါ်ဆိုနိုင်သည့် VoIP softphone အမျိုးအစားဖြစ် သည့် Ytalk အနေ
ဖြင့် ပြည်ပမှ အလားတူ စနစ်တစ်ခုဖြစ်သည့်Viber အသုံးပြု မှုကို ပိတ်ပင်မှုပြုလုပ်ရန် လုပ်
ဆောင်နေ သည်ဟူသော သတင်းများမှာ မှန်ကန်မှု မရှိဟု VMG Telecoms က နိုဝင်ဘာ လ
၃ ရက်နေ့တွင် ပြောကြားသည်။
ယင်းထုတ်ပြန်ချက်တွင် Viber အသုံးပြုသူ များပြားလာခြင်းကြောင့် Ytalk အသုံးပြုသူ နည်း
လာသည်ဆို၍ Viber အား ပိတ်ရန်၊ Viber အသုံးပြု သူများအား ဖမ်းဆီးရန့် Ytalk မှ ပြုလုပ်နေ
သည်ဟူသော ကောလာဟလ များမှာ မဟုတ်မှန်ကြောင်းနှင့် Viber နှင့်  Ytalkမှာ ကွဲပြားခြား
နားချက်များ စွာ ရှိခြင်းနှင့် Viber အသုံးပြုသူ များပြားလာခြင်းကြောင့် Ytalk ကို ထိခိုက်နိုင်
မည်မဟုတ်ပါဟု ပါရှိသည်။
မြန်မာ့ဆက်သွယ်ရေးမှ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး သင်တန်းကျောင်း ကျောင်းအုပ်ကြီး
ဦးကျော်စိုး ကလည်း  Viber Software ကို တရား မ၀င်ဟု ကြေညာထားမှုမရှိကြောင်းနှင့် ယင်း
Viber သုံးလို့ အရေးယူမည့် အစီအစဉ် မရှိကြောင်း အောက်တိုဘာလက ပြည်တွင်း၌ ထွက်ပေါ်
ခဲ့သည့် Viber ဂယက်နှင့်ပတ်သက်၍ဖြေကြားခဲ့ဖူးသည်။


Ytalk သည် ကမ္ဘာ့ နိုင်ငံများစွာမှ မိုဘိုင်းဖုန်းများနှင့် Landline ဖုန်းများစွာအား အင်တာနက်ပေါ်မှ
တစ်ဆင့် ဖုန်းသို့ တိုက်ရိုက် ခေါ်ဆိုနိုင်သော VoIP softphone အမျိုးအစားဖြစ်ကြောင်း၊ မိုဘိုင်း
ဖုန်းနှင့် Landline ဖုန်းများအား ခေါ်ဆိုနိုင်ခြင်းကြောင့် အချိန်မရွေး ခေါ်ဆိုနိုင်ကြောင်း၊ လွယ်ကူစွာ
အသုံး ပြုနိုင်ခြင်း၊ ပြည်တွင်းရှိ အင်တာနက် လိုင်းများနှင့် သင့်တော်မှုရှိသည်ဟု ထုတ်ပြန်ချက်
တွင် ဖော်ပြထားသည်။
Viber မှာ Gtalk ကဲ့သို့ အသုံးပြု နိုင်သည့် Application ဖြစ်သော်လည်း ထူးခြားသည်မှာ
မိုဘိုင်းဖုန်းနံပါတ်ဖြင့် Account create လုပ်ခြင်း၊ ဖုန်းပြော ဆိုရာတွင်account to account
သာ ခေါ်ဆိုနိုင်ကြောင်း၊ အခြားသော အကောင့် မရှိသည့် မိုဘိုင်းဖုန်းများအား ခေါ်ဆိုမှု ပြုလုပ်၍
မရနိုင် ကြောင်း၊ Landline ဖုန်းများအား ခေါ် ဆိုမည်ဆိုလျှင် မရနိုင်ကြောင်း၊ Viber ပြောဆို
လိုလျှင် ပြောဆိုလို သူနှစ်ဦးတွင် အင်တာနက် လိုအပ်မည်ဖြစ်ကြောင်း၊ Viber ပြောဆိုရာတွင်
၁၀ မိနစ်ခန့် ခေါ်ဆိုပြီးလျှင် လိုင်းပြုတ်ကျသွားခြင်း များရှိကြောင်း သိရသည်။


မြန်မာတိုင်း(မ်)

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ