အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 6 November 2012

ထူးထူးခြားခြားကြော်ငြာတစ်ခု ရိုက်ကူးနေတဲ့ဝတ်မှုံရွှေရည်...

အလွမ်းမင်းသားလေး | 07:20 | Best Blogger Tips


ဝတ်မှုံရွှေရည်က သူရိယနဲ့အတူ စိန် ဘယက်အပူငြိမ်းဆေးကြော်ငြာကို ရိုက်ကူးခဲ့ ပါတယ်။ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က ရိုက် ကူးပေး တာဖြစ် ပါ တယ်။  ဒီကြော်ငြာရဲ့သီချင်း ကိုတော့ အခုလတ် တလောမှာ တအား ခေတ်စား နေတဲ့ အိုပါ ဂန်းနမ်း စတိုင်သီချင်းလေးသုံးပြီး ရိုက်ကူးနေ တာ တွေ့ရ ပါ တယ်။
“ကြော်ငြာသီချင်းအနေနဲ့က  ‘အိုပါဂန်းနမ်းစတိုင်’ သီချင်းက တအားခေတ်စားနေတော့ ဒါရိုက် တာက ဒီသီချင်းလေး သုံးထားတာ။ နည်း နည်းလေး က ပေးပါ လားဆိုတာနဲ့ မင်းသားကတော့ အများကြီးကရ
 တယ်။ ကစ်ကတော့ တစ်ကွက်လောက်ပါပဲ။ ဒါကတစ်မ္ဘာ လုံးပေါက် ထားတာ ဆိုတော့ ကိုယ်ကလိုက်လုပ်လို့ မလှမှာလည်းစိုးရိမ် တယ်။ဒါရိုက်တာနဲ့လုပ်ငန်းရှင်ရဲ့တောင်း ဆိုချက်ကြောင့် နည်းနည်းကတာပါ။ ဒါ ပေမဲ့ တစ်ကွက်လောက် ပါ ပဲ” လို့ ဝတ်မှုံ ရွှေရည်က ပြောပြပါတယ်။
ဝတ်မှုံရွှေရည်က ဇာတ်ကားရိုက်ကူးမှု တွေအနေနဲ့ဇာတ်လမ်းဆန်းဆန်းလေး တွေကို သေသေချာချာပြင်ဆင်ချိန်ပေးပြီး ရိုက် ချင်ကြောင်းပြောပြီး၊ ဒီနှစ်အကယ်ဒမီနဲ့ ပတ်သက်ပြီးလည်း”ဇာတ်ကားတွေကို မရိုက် ဖူးတာ၊မလုပ်ဖူး တာလေးတွေ ကို သေချာ အချိန် ပေးပြီးပြင် ဆင်ရိုက်ချင်တယ်။ ဇာတ်ကား ကောင်းကောင်းလေးတွေရိုက်ထားတာ အများ ကြီးရှိတယ်။ မထွက်လာသေးဘူး။ ပရိသတ် ကြိုက်မယ် လို့ မျှော်လင့် ရ တဲ့ ကားလေးတွေ ပေါ့။အခု အကယ်ဒမီနီးလာပြီဆိုပေမယ့် ဘာ မှတော့မကြားရသေးဘူး။ဒီနှစ်အကယ်ဒမီက ထူးထူးခြားခြား ဘယ် လိုဖြစ် မလဲ ဆိုတာ လည်း မျှော် လင့်နေတယ်” လို့ ပြောပါတယ်။


မေမွန်မောင်
popular

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ