အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 6 November 2012

TeamViewer Enterprise 7.0.14563 - မိသားစု၊ သူငယ်ချင်းတို့ရဲ့ Computer တွေကို Internet ကနေ လှမ်းပြီး ကြည့်ပေး၊ ပြင်ပေးရအောင် ....

အလွမ်းမင်းသားလေး | 05:16 | Best Blogger Tips



ဒီကောင်လေးကို ကျနော်စမ်းနေတာ ၂ရက်၊၃ရက်လောက် ရှိသွားပြီ..။ အရင်ကသုံးမကြည့်ဖူးတော့ အခုမှ စမ်းသပ်နေရတာ..။ အတော်လေးအဆင်ပြေပါတယ်..။ သူ့အတွက် ဖူးသုံးလို့ ရအောင် လိုက်ရှာရင်း၊ စမ်းသုံးရင်းနဲ့ ကြာနေတာ..။ အခုတော့ ဒီကောင်လေးကို ကျနော်သိသလောက်၊ သုံးကြည့်မိသလောက် ပြန်လည်မျှဝေလိုက်ပါတယ်..။ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။
 ဒီိကောင်လေးအတွက် crack ဖိုင်လေး ၃ခု ထည့်ပေးထားပါတယ်..။ crack သုံးခုစလုံးကို တပြိုင်ထဲ သူ့ရဲ့ ဖိုဒါလေးထဲမှာ သွားပြီး ထည့်ပေးလိုက်ရင် Full သုံးလို့ ရသွားပါပြီ..။ crack ထည့်နည်းကို Adobe CS6 အားလုံးကို Activator တခုတည်းနဲ့ Full ဖြစ်အောင်လုပ်နည်း ပိုစ့်မှာပြည့်ပြည့်စုံစုံ လုပ်ပြထားပါတယ်..။ မလုပ်တတ်သေးတဲ့သူများ အဲဒီပိုစ့်ကို ပြန်ကြည့်လိုက်ပါဗျာ..။ ဒီထဲမှာပါတဲ့ crack ဖိုင်ကို ထည့်ရမှာ အဲဒီနည်းနဲ့ အတူတူပါပဲ..။ ဒီပိုစ့်မှာ crack မရခင် Trial နဲ့ စမ်းသုံးထားတဲ့ ပုံလေးတွေနဲ့ crack ထည့်ပြီး ဖူးနဲ့ အသုံးပြုထားတဲ့ ပုံလေးတွေကိုပါ ဖေါ်ပြပေးထားပါတယ်..။ အသုံးပြုရတာ မခက်ပါဘူး.. Connection ကျနေတဲ့ အချိန်ဆိုရင်တော့ နဲနဲနှေးတယ်.. ဖြည်းဖြည်းချင်း တဖက်ကစက်ကို တချက်ချင်း နှိပ်ရမှာပါ..။ Connection ကောင်းနေရင်တော့ မြန်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8.3 MB ရှိပါတယ်..။ 
မှတ်ချက်။ ။ဒီကောင်လေးကို အသုံးပြုပြီး ကျနော့်ကို Internet ကနေကွန်ပျူတာ ပြင်ခိုင်းဖို့ မတောင်းဆိုကြပါနဲ့ဗျာ..။ အဲ့ဒါတွေ လိုက်လုပ်ပေးနေရင် Blog မှာ စာရေးနိုင်မှာ မဟုတ်တော့ပါဘူး..။ ဒါကြောင့် ဒီလို မတောင်းဆိုကြဖို့ ကြိုတင်အသိပေး တောင်းပန်အပ်ပါတယ်.. အားလုံးကို ခင်မင်လေးစားလျှက်ပါဗျာ..


အပေါ်ဆုံးကပုံကတော့ Install ဆွဲတဲ့နေရာမှာ ရွေးပေးရမယ့် နေရာလေးပါ.. ဒါကျနော် လုပ်သွားတဲ့ ပုံလေးကို ပြပေးထားတာပါ..။


နောက်တဆင့်အနေနဲ့ ပုံတပုံကျန်ခဲ့ပါတယ်.. အဲဒီပုံမှာ No နေရာကို ရွေးပေးပြီး Next(Install) ကိုနှိပ်ပေး လိုက်ပါ..။ ဒါဆိုရင် ဒီကောင်လေးကို Install ဆွဲထည့်ပါလိမ့်မယ်..။ ပြီးသွားရင်တော့ အောက်ကပုံလေး အတိုင်း မြင်ရရင်.. ပြထားတဲ့အတိုင်း Exit နဲ့ ပြန်ထွက်လိုက်ပါ..။ ဘာလို့လဲဆိုတော့ Crack ၃ခုကို ထည့်ပေးရမှာမို့လို့ပါ..။ အပေါ်ဆုံးမှာ ညွန်းထားတဲ့ Adobe CS6 ပိုစ့်ကအတိုင်း Crack နဲ့ဖူးဖြစ်အောင် လုပ်ပြီးသွားမှ ဒီကောင်လေးကို အသုံးပြုဖို့ ပြန်ဖွင့်ပါ..


အောက်ကပုံကတော့ Crack တွေထည့်ပြီးသွားလို့ Full ဖြစ်သွားတဲ့ ပုံလေးကိုယှဉ်ပြီး ပြပေးထားတာပါ..


ဒီအောက်ကပုံလေးတွေမှာ ကျနော် Crack တွေရှာမရခင် Trial နဲ့ အရင်စမ်းသုံးထားတဲ့ ပုံလေးတွေပါ.. ဒီပုံတွေရဲ့ ဟိုးအောက်ဆုံးမှာ Full ဖြစ်သွားပြီးမှ သူငယ်ချင်းတစ်ယောက်ရဲ့ စက်ကို Photoshop လုပ်နည်းနဲနဲပြပေးရင်းနဲ့ ဒီကောင်လေးကို လုပ်ပြထားပါတယ်..။ ဒီအောက်ကပုံမှာ Trail နဲ့သုံးတဲ့ အချိန်မှာ နိုင်ငံမတူလို့ ထင်ပါရဲ့ (ကျနော်နေတဲ့နိုင်ငံကနေ တခြားနိုင်ငံတခုကို လှမ်းလုပ်ပြထားတာပါ..။) ကျနော့်ဆီက ID ရော၊ Password ပါ ဟိုဘက်ကလူကို ပေးရပါတယ်..။ ဟိုဘက်ကလူကလည်း သူ့ရဲ့ ID နဲ့ Password ပါ ကျနော့်ကို အရင်ပေးထားရပါတယ်..။ ဘာလို့လဲဆိုတော့ ကျနော်က သူ့စက်ကို လှမ်းပြီးလုပ်ပေးရမှာ ဆိုတော့.. သူဆီက ID နဲ့ Password ကို အရင်သိမှ အင်တာနက်ကနေ လှမ်းချိတ်လို့ ရမှာပါ..။ တကယ်လို့ သူက ကျနော့်စက်ကို လုပ်ပေးမှာဆိုရင် ကျနော့်ရဲ့ ID နဲ့ Password ကို သူ့ကိုအရင်ပေးရမှာပါ.. ကျနော်ရှင်းပြတာ (ဒီသဘောကို) နားလည်မယ်လို့ ထင်ပါတယ်..။ 


လွင်မင်းဗိုလ်(နည်းပညာ)

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ