အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 6 November 2012

အလွမ်းနင်သွားတဲ့ ဧဝ...

အလွမ်းမင်းသားလေး | 05:47 | Best Blogger Tips



ဧဝကိုက်ခဲ့တဲ့ ပန်းသီးတစ်ကိုက်ကို
"အချစ်"လို့ဆိုခဲ့ကြရင်
ငါ့အတွက် မင်းပေးခဲ့တဲ့ ပန်းသီးတစ်လုံးကို
ဘယ်လိုတင်စားရမလဲ ကောင်လေးရယ်....

တစ်ကိုက်ဆိုရင် အချစ်၊ နှစ်ကိုက်ဆိုရင် မေတ္တာ
သုံးကိုက်ဆိုရင် အကြင်နာ၊ လေးကိုက်ဆိုရင် ထာဝရ
.......၊ .........၊ ..... လို့ မှတ်ယူခဲ့တဲ့ငါ
အခုတော့......
အလွမ်းအရိုးတွေ
နှလုံးသားမှာ နင်နေခဲ့ပေါ့ကွယ်.........




နိုင်းနိုင်းစနေ

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ