အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 8 November 2012

ကျောင်းဆရာ ဇာတ်ရုပ်ကြောင့် ကျောင်းတက်ခဲ့ ရသည့် ငယ်ဘဝ အမှတ်ရသော နေမင်း...

အလွမ်းမင်းသားလေး | 06:29 | Best Blogger Tips



ကျောင်းဆရာ ဇာတ်ရုပ် ရိုက်နေချိန်တွင် ငယ်စဉ် ကျောင်း တက်ခဲ့ရသည့် ငယ်ဘဝကို ပြန်ပြီး သတိရမိကြောင်း နေမင်းက ပြောသည်။
ယင်းဇာတ်ကားကို ဒါရိုက်တာပြေဇင်က ရိုက်ကူးနေပြီး ‘ခေါင်းလောင်းထိုးသော လူတစ်ယောက်’ ဟူ၍ အမည်ရသည့် ယင်း ဇာတ်ကားတွင်  မိုးဟေကိုနှင့် အတူ သရုပ်ဆောင် ထားပြီး အညာ ဒေသမှ ရန်ကုန်မြို့သို့လာကာ ဆင်းရဲသည့် မူလတန်းပြ ကျောင်း ဆရာတစ်ဦးအဖြစ် ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။

”ကျွန်တော် ဝတ်ထားတဲ့ ကျောင်းဆရာ ပုံစံနေထိုင်မှု ဆိုရင် ကျွန်တော် တို့ကို ပဲခူးကနေပြီး စာလာသင်ပေးတဲ့ ဆရာကိုလည်း ပြန်ပြီး သတိရမိတယ်။  အဲဒီ ဆရာ ဆိုရင် ဆေးလိပ်ကို လက်ကြားထဲမှာ အမြဲညှပ်ထားပေမယ့် ကျွန်တော်တို့ ကျောင်းသားတွေ ကိုတော့ ဆေးလိပ်မသောက်ခိုင်းဘူး။ သူ့ရဲ့နေထိုင်မှု ပုံစံက ယိုယွင်းနေပေ မယ့် ကျောင်းသားတွေ ကိုတော့ အဲဒီလို နေထိုင်မှု ပုံစံ မဖြစ်စေချင်ဘူး။ အဲဒီလိုမျိုးလေးတွေကို ပြန်ပြီး သတိရမိတယ်” ဟု နေမင်းက ပြောသည်။
ထို့အပြင် နေမင်းက မကြာသေးမီက ထွက်ရှိထားသည့် ‘တက်တူး’ ဇာတ်ကားနှင့် ပတ်သက်၍ ပရိသတ် အားပေးမှု ရကြောင်း ကြိုးစားရ ကျိုးနပ်ကြောင်း ၄င်းက ဆို သည်။
‘မျောလွင့်နေတဲ့တိမ်’ ဇာတ်ကားတုန်းကလည်း ကျွန်တော်တို့ တက်ညီလက်ညီ ကြိုးစားပြီး ရိုက်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီ ဇာတ်ကားတုန်းက ထင်သလောက် မျှော်လင့် ထားသလောက် ဖြစ်မလာခဲ့ဘူး။ အခု ဒီ ‘တက်တူး’ ဇာတ်ကား ကျတော့ ကျွန်တော်တို့ မျှော်လင့်ထားတာထက် ပိုတဲ့ အတိုင်းအတာ တစ်ခု အထိကို ဆိုင်တွေကလည်း အားပေးတယ်။ ပရိသတ်ကလည်း အားပေးကြတယ်။ ကိုယ်တိုင်ကလည်း မျှော်လင့်တယ်။ အားလုံး ကလည်း ကြိုးစားပြီး ရိုက်ခဲ့ကြတယ်ဆိုတော့ မျှော်လင့် ထားသလို အားပေးကြတဲ့ အတွက်လည်း ကျေနပ်မိတယ်” ဟု နေမင်းက ဆက်လက်ပြောသည်။


လွင်လွင်ထွန်း
ပေါ်ပြူလာ

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ