အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday 6 November 2012

မောင်...

အလွမ်းမင်းသားလေး | 05:49 | Best Blogger Tips
အိပ်မပျော်ရက်ည အတူဖြတ်သန်း
ခံစားမှုတွေဝေမျှ
နှလုံးသားချင်း နီးဖူးခဲ့

"တအားချစ်တယ် မခွဲနိုင်ဘူးကွယ်"
မောင့်အသံတွေ အနမ်းတွေကြား
ရင်ခုန်စွာ ကြည်နူးဖူးခဲ့

ဂီတာအိုတီး တေးသီချော့တဲ့
ဖုန်းတစ်ဖက်က မောင်အသံကြား
မျက်ရည်ဝဲရင်း သာယာဖူးခဲ့

ထာဝရမဝေး စိတ်ကူးအတွေးနဲ့
တွေ့ဆုံချိန်ကို လက်ချိုးရေရင်း
မောင့်ကို တမ်းတလွမ်းဆွတ်ဖူးခဲ့


နိုင်းနိုင်းစနေ

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ