အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 8 November 2012

လူကြီးမင်းက မဲနှိုက်ရောင်းချမှု အစီအစဉ် ထပ်မံပြုလုပ် ပေးသွားမည်ဟု ဆို ...

အလွမ်းမင်းသားလေး | 06:24 | Best Blogger Tips


လူကြီးမင်း၏ မဟာလျှော့ဈေးအစီ အစဉ်သစ်ဖြင့် မဲနှိုက်ရောင်းချပေးခြင်း ကို နိုဝင်ဘာလ ၁၂
ရက်နေ့တွင် ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း လူကြီးမင်း Cell Phone Villa ၏ ဒါရိုက်တာ
ဖြစ်သူ ဦးရန်နောင်စိုးမြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ယင်း အစီအစဉ် အနေဖြင့် နေပြည်တော်၊ ပျဉ်းမနားနှင့် တောင်ကြီးဆိုင် များတွင် မဲနှိုက်ရောင်းချ
ပြီးဖြစ်သဖြင့် ရောင်းချရန် စီစဉ်ထားသည့် ကျန်ဟန်း ဆက် အလုံး ၈၀ ကို အစီအစဉ်သစ်ဖြင့်
မဲနှိုက်ရွေးချယ် ရောင်းချသွားမည်ဖြစ် ကြောင်း ၎င်းကပြောသည်။


လူကြီးမင်း Cell Phone Villa ၏ Facebook တွင် ထုတ်ပြန်ချက်အရ ရန်ကုန် လူကြီးမင်းဖုန်း
ဆိုင်များသို့ လာရောက်ပြီး ကူပွန်ပေါ်တွင် အမည်၊ မှတ်ပုံတင်အမှတ်၊ လိပ်စာ၊ ဖုန်းနံပါတ်များ
ကို ဖြည့်သွင်းရမည်ဖြစ်ပြီး ယခုလ ၇ ရက်နေ့မှ ၁၁ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီ
အထိ ကူပွန်ထည့် နိုင်ကြောင်း၊ ယခု ၁၂ ရက်နေ့ Parkroyal Hotel တွင် မဲနှိုက်ရွေးချယ်ပေး
သွားမည်ဖြစ်ကြောင်း သိရသည်။
မဲနှိုက်ရွေးချယ်ပေးမည့် အရေအတွက်အနေဖြင့် လသာဆိုင်ခွဲတွင် အလုံး ၂၀၊ ပါရမီ ၁၀ လုံး၊
ဇ၀န ၁၀ လုံး၊ ဘုရင့်နောင် ၁၀ လုံး၊ မြောက်ဥက္ကလာ ၁၀ လုံး၊ အင်းစိန်ဖော့ကန် ၁၀ လုံးနှင့်
သာကေတ ၁၀ လုံးတို့ဖြစ်ပြီး ယခုလ ၁၃ ရက်နေ့တွင် မဲပေါက်သူများ စတင်ဝယ်ယူနိုင်မည်
ဟုဆိုသည်။
လူကြီးမင်း ဆိုင်များကို နိုဝင်ဘာလ ၁၃ ရက်နေ့နောက်ပိုင်းတွင်မှ ပြန်လည် ဖွင့်လှစ်သွားမည်
ဖြစ်သည်ဟုဆိုပြီး နိုဝင် ဘာလ ၇ ရက်နှင့် ၁၁ ရက်နေ့များကိုမူ ကူပွန်များလက်ခံရန်အတွက်
ဖွင့်လှစ်ထား မည်ဟုဆိုသည်။
အဆိုပါ ဖုန်းဆိုင်ခွဲများတွင် ဆမ် ဆောင်ွးေူထေပ ငြညင အမျိုးအစားဟန်း ဆက်များကို
တစ်လုံးလျှင် ကျပ် ၅,၀၀၀ ဖြင့် နိုဝင်ဘာလ ၃ ရက်နေ့တွင် မဲနှိုက် ရောင်းချပေးမည်ဟူသည့်
အရောင်းမြှင့် တင်ရေးအစီအစဉ်ပြုလုပ်ခဲ့သော်လည်း မဲနှိုက်ခွင့်ရရန် လာရောက်တိုကင်ယူသူ
အရေအတွက်များပြားမှုကြောင့် ဆိုင်ခွဲ အများစုတွင် အစီအစဉ်ပျက်ခဲ့ရ ကြောင်း သိရသည်။


မြန်မာတိုင်း(မ်)

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ