အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 8 November 2012

လူဆိုတာ ကိုယ့်ကံနဲ့ ကိုယ်ဖြစ်လာတာချည်းပဲ လို့ပြောလာတဲ့ အိဖြိုးချယ်ရီ...

အလွမ်းမင်းသားလေး | 06:36 | Best Blogger Tips


အနုပညာ ခရီးကို လျှောက်လှမ်းလာတာ အချိန်အတော် အတန်ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ အိဖြိုး ချယ်ရီက အခု ကိုယ်ရောက်ရှိ နေတဲ့ နေရာလေးကို ကျေနပ် အားရမိတယ် လို့ပြောပါတယ်။” ချယ် အခုရောက်ရှိတဲ့ နေရာလေးကို ကျေနပ်မိပါတယ်။ လူဆိုတာကတော့ ကိုယ့်ကံနဲ့ကိုယ် ဖြစ်လာတဲ့ သူ တွေချည်းပဲလေ။ အဲဒီအတွက် ကိုယ်ရတဲ့ အနေ အထားအပေါ်ကို မူတည်ပြီးတော့ ထိုက်သင့်တဲ့ နေရာလေး ရထားတာ  ကိုယ့်ကိုယ်ကိုယ်တော့ ကျေနပ်ပါတယ်” လို့ပြောပါတယ်။ အခုထက် ပိုပြီးတော့ နေရာရဖို့ အတွက်ကလည်း ကြိုးစားမှုတွေနဲ့ ဆိုင်တယ်လို့ ပြောပါတယ်။ တစ်ချိန်ချိန် မှာတော့ ဖြစ်လာလိမ့်မယ် လို့လည်း ချယ်မျှော်လင့်နေပါတယ်။ 
အခု ရောက်ရှိနေ တဲ့ နေ ရာလေးက လည်း ပရိသတ် အားပေးလို့ ရထားတာဆိုတော့ ပရိသတ် ပေးသလောက်ပေါ့” လို့ပြောပြပါတယ်။ လတ်တလော မှာတော့ ရဲတိုက် ၊ဖွေးဖွေး၊ ကျော်ကျော် (Studio-35) တို့နဲ့ ရိုက်ကူးထားတဲ့ ‘ချစ်သူ’ဆိုတဲ့ ဇာတ်ကား ထွက်ရှိထားပြီး ကျော်ထူး စီစဉ်ဆောင်ရွက်တဲ့ ‘ကမ္ဘာမကျော် နိုင်ငံကျော်ကြီးများ’ လူရွှင်တော်ပြိုင်ပွဲ မှာ လည်း အစီအစဉ် တင်ဆက်သူ အဖြစ်  ကူညီဆောင်ရွက် ပေးခဲ့ပါတယ်။ အခုလက်ရှိမှာတော့ သီဟတင်စိုးနဲ့ ဗီဒီယို ဇာတ်ကား ရိုက်ကူးနေတဲ့ အိဖြိုးချယ်ရီက ”ပရိ သတ်တွေ ကို တအား ကျေးဇူးတင်တယ်။ ကျောင်းပြီးကတည်းက ဒီအနုပညာ အလုပ်ကိုပဲ လုပ်ဖြစ်ခဲ့တယ်။ ဒီအလုပ်နဲ့ပဲ အသက်မွေးဝမ်း ကျောင်းပြုတဲ့ ချယ့်ကို ဒီအချိန် ထိ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်အောင် အားပေးနေတာ ပရိသတ်ပါပဲ။ အဲဒီ အတွက် ပရိသတ်တွေကို အများကြီး ကျေးဇူးတင်ပါတယ်” လို့ပြောခဲ့ပါတယ်။


ထက်လူလူ
ပေါ်ပြူလာ

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ