အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 8 November 2012

တိတ်တခိုး...

အလွမ်းမင်းသားလေး | 05:54 | Best Blogger Tips
တိတ်တခိုးနဲ့ ကြိတ်ပိုးတဲ့ငါ
အချစ်တွေလဲ တိုးပြီးရင်းတိုးလာ
မိန်းခလေးရယ် 
မင်းလေးမသိသလိုပါပဲလား

စကားလေးတစ်ခွန်းပြောပြချင်မိတယ်
ချစ်မိနေတဲ့ ရင်တွင်းက တိတ်တခိုး
အချစ်မျိုးအတွက်
မိန်းကလေးရဲ့ အသဲနှလုံးထဲ
အခန်းသေးလေး တနေရာရခဲ့ရင်
ငါ့ ဘ၀ပြည့်စုံနေမှာပါ
မင်းပြောပြတဲ့ 
မင်းချစ်သူအကြောင်းလဲ
နာနေတဲ့ ရင်ဘတ်ကို အသာဖြေပြီး
ငါ နားထောင်ပေးခဲ့ပါတယ်
အချစ် လတ်လတ် ဆတ်ဆတ်တွေကိုလဲ
ငါ ရေသေအိုင်ထဲ ထည့်ထားလိုက်တယ်
အိပ်မက်ထဲမှာတော့
တို့နှစ်ယောက် 
ချစ်ခြင်းတွေကို ခူးခပ်လို့
တမျော်တခေါ် အနာဂတ်ကို
လှမ်းကြည့်နေမိတယ်
လက်တွေ့ဘ၀မှာတော့
အထီးကျန်တဲ့ ပင်လယ်ထဲ
အရိုးများရင့်တဲ့ထိ
ငါ ကူးခပ်နေလေရဲ့မိန်းကလေးရယ် ။


jasmine

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ