အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Sunday 4 November 2012

ယောက်ျားလေး အဆိုရှင် ၁၄ဦးနဲ့ စုံတွဲအခွေထွက်မယ့် ၀ိုင်းစုခိုင်သိန်း...

အလွမ်းမင်းသားလေး | 00:14 | Best Blogger Tips


 
ဝိုင်းစုခိုင်သိန်းက “မျက်လှည့်” ဗီစီဒီအခွေထွက်ရှိတဲ့ အနေနဲ့ ဘားအံ၊ နေပြည်တော်၊ မိတ္ထီ လာ၊ မန္တလေး၊ မုံရွာ၊ မကွေးမြို့ တွေကိုသွားရောက်ကာ ပရိသတ်တွေကို လက်မှတ် ရေးထိုးပေးခဲ့ပါတယ်။ နယ်ပရိသတ်တွေကလည်း သူ့ရဲ့ဗီစီဒီခွေကို တအား အားပေးခဲ့ကြောင်းကို ဝိုင်းစုခိုင်သိန်းက “ပရိသတ်တွေ တော်တော် အားပေးကြ တယ်။ ဘားအံကို အခွေကြို ပို့ထားပြီးသား။ နောက်ထပ်လည်း ထပ်ယူသွားတဲ့ အခွေတွေလည်း အားလုံးကုန်သွား တယ်။ ပျဉ်းမနားမှာလည်း အားပေးကြတယ်။ ပျဉ်းမ နား မှာ တော်ရုံ တန်ရုံ လက်မှတ် သိပ်မထိုးကြတော့  တချို့တွေက မယုံကြဘူး။ ပထမ အခွေတုန်းက ပျဉ်းမနားမှာ သွားဖြန့်တယ်။ ဝိုင်းစုကိုယ်တိုင်ရောက်နေတယ်။ ဒါပေမဲ့ လက်မှတ် မထိုးလိုက်ရဘူး။
 ဒီတစ်ခါကျတော့ တချို့တွေကလာတာကို မယုံကြဘူး။ သေသေချာချာ လာကြည့် ပြီး ဝယ်ကြတယ်။ မန္တလေးမှာလည်း အစောကြီး ကတည်း က ရောင်းအားတက် ပြီးသားပဲ။ မုံရွာက ပရိသတ်တွေရော၊ မကွေးက ပရိသတ် တွေရော အား ပေးကြပါတယ်။ နယ်ကို သွားတာက ပရိသတ် တွေနဲ့ဆုံချင် တာလေ။ အားပေးမှု ဘယ်လိုရှိ လဲဆိုတာ သိချင်လို့သွားတာ။ တော်တော် အားပေးတာ တွေ့ရတော့ ဝမ်းလည်းသာတယ်” လို့ ပရိသတ်တွေ အားပေးတဲ့အတွက် ဝမ်းသာ   ကြောင်း   ပြောပါတယ်။ ဝိုင်းစုခိုင်သိန်းက အောက်တိုဘာလ ၁၇ရက်နေ့မှာ ရန်ကုန်ကို ပြန်ရောက်လာပြီး ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးတဲ့ “ခွင့်လွတ် တယ်မောင်” ဇာတ်ကားကို သူထူးစံနဲ့ ရိုက်ကူးနေပြီး ဒရာမာ ဇာတ်ကားဖြစ်ကြောင်းလည်း သိရ ပါတယ်။ ဝိုင်းစုခိုင်သိန်းက လတ်တလော မှာတော့ ဗယ်လင်တိုင်းအတွက် အတွဲခွေ တစ်ခွေကို စီစဉ် နေပြီး ဒီအတွဲခွေမှာ ဝိုင်းစုခိုင်သိန်းနဲ့ ယောက်ျားလေးအဆို ရှင် ၁၅ဦးနဲ့ သီဆိုကြ မှာဖြစ်ပါတယ်။ ဒီအတွဲခွေစီစဉ်ဖြစ်ပုံကို ဝိုင်းစုခိုင်သိန်းက “အတတ်နိုင် ဆုံးတော့ ဗယ်လင် တိုင်းဒေးမှာ ထွက်နိုင်အောင် အမြန်စီစဉ်မှာပါ။ ယောက်ျားလေး ၁၄ယောက်က Rဇာနည်၊ ဇော်ပိုင်၊ ဖိုးကာ၊ ဟန်ထွန်း၊ စိုင်း စိုင်းခမ်းလှိုင်၊Bunny Phyoe ၊ Snare၊ ဥာဏ်လင်းအောင်၊ လွှမ်းပိုင်၊ နေတိုး၊ ရဲလေးနဲ့ တချို့လူတွေကတော့ ပြောထားတုန်းပဲ ရှိသေးတယ်။ အစောကြီးကတည်းက စုံတွဲ အခွေတစ်ခွေထုတ် ချင်တာပါ။ သီချင်း က စုံတွဲ ၁၄ပုဒ်ပါမယ်။ သီချင်းကောင်း ကောင်းရ ရင် ၁၂ယောက် လည်းဖြစ်ချင် ဖြစ်သွားမယ်။  ၁၄ပုဒ်လည်းဖြစ် ချင်ဖြစ်သွားမယ်။ ဗယ်လင် တိုင်းဒေး မမီရင် လည်းနောက်နှစ်ပေါ့။ တတိယ အခွေမထွက်ခင် ကြားထဲမှာ အပြောင်း အလဲဖြစ်အောင် ထုတ်လိုက်တာပါ” လို့ စုံတွဲအခွေစီစဉ်နေ တဲ့ အကြောင်းပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-ဥာဏ
 ရွှေမြန်မာ

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ