အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday 3 November 2012

စည်းကမ်းမဲ့ ယာဉ်အစီးရေ နှစ်ထောင့် ခုနှစ်ရာ ကျော်အား အောက်တိုဘာလ အတွင်း မှတ်သား ဖမ်းဆီးခဲ့.

အလွမ်းမင်းသားလေး | 23:30 | Best Blogger Tips



ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေတဲ့ မော်တော် ယာဉ်တွေကို မှတ်သား ဖမ်းဆီးပြီး အရေးယူ ဆောင်ရွက်
လျက်ရှိရာ ပြီးခဲ့တဲ့ အောက်တိုဘာ လအတွင်းက ယာဉ်စီးရေ နှစ်ထောင့် ခုနှစ်ရာ ကျော်ကို ဖမ်းဆီး အရေးယူ ခဲ့တယ်လို့ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ ကြေးနန်းနဲ့ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးမှ သိရပါတယ်။ ဒီလို မှတ်သား ဖမ်းဆီး ခဲ့ရာမှာ ခရီးသည်တင် ယာဉ်များ လူပို တင်ဆောင်ခြင်း၊ မီးနီ ဖြတ်သန်း မောင်းနှင်ခြင်း၊ လမ်းမများမှာ စည်းကမ်းမဲ့ ယာဉ်ရပ်နား ထားခြင်းနဲ့ ခရီးသည်တင်

ယာဉ်များ အချင်းချင်း ယှဉ်ပြိုင် မောင်းနှင်ခြင်းတွေ ပါဝင်တာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ အခုလို မှတ်သား ဖမ်းဆီးမှုတွေကို ဆောင်ရွက် ရတာဟာ လမ်းများ ပိတ်ဆို့မှု မဖြစ်ပေါ်စေဖို့နဲ့ ယာဉ်တိုက် မှုများ လျော့နည်း စေဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဆောင်ရွက် လျက်ရှိတဲ့ မှတ်သား ဖမ်းဆီးမှုမှာ အရေးယူ ဆောင်ရွက်ရမှုတွေ လျော့နည်း စေဖို့အတွက် ကိုတော့ ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ ကြေးနန်းနဲ့ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ တာဝန်ရှိသူ များနဲ့ခရီးသည်တင် ယာဉ်လိုင်းများမှ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ယာဉ်မောင်းနှင် သူများ စည်းကမ်း လိုက်နာမှု ရှိအောင် အသိပညာပေးမှုများ ဆောင်ရွက်လျက် ရှိတယ်လို့သိရပါတယ်။


ရွှေမြန်မာသတင်း

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ