အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 1 November 2012

"ချစ်ခဲ့ဖူးတယ်" ...

အလွမ်းမင်းသားလေး | 08:08 | Best Blogger Tips



ချစ်သူ
ကိုယ်တိုင်က လိုလိုလားလား
မှားယွင်းခဲ့တာမို့
အပြစ်လို့လဲ မယူရက်ခဲ့ပါဘူး . .

ငါ့စိတ်၊ ငါ့ဝိဥာဉ်ကို
အပိုင်စားပေးခဲ့ပြီးပြီပဲ
ကျန်တာတွေလဲ အရေးမကြီးတော့ပါဘူး . .

မင်းဘ၀ရဲ့ ဘယ်အခန်းကဏ္ဍမှာ
ငါရှိနေမလဲ ငါမသိချင်ဘူး
မင်းပေးလာမယ့် ၀တ္တရားဆန်ဆန်
တာဝန်ကျေပွန်မှုကိုလဲ ငါ မရချင်ဘူး . .

ချစ်သူ
မင်းဆီကထက်
မင်းဆီကိုပဲ ငါ စီးဆင်းချင်ခဲ့တာ
ဟားဗတ်တက္ကသိုလ်ဝင်ခွင့်ထက်
မင်း အနမ်းတစ်ချက်ကိုပဲ ပိုမက်ခဲ့တာ
မင်းဘေးနားမှာပဲ ရှိချင်ခဲ့တာ . .

တစ်ဦးတစ်ယောက်ကမှ
သွေးမဆောင်ပဲနဲ့
ငါကိုယ်တိုင်က
ဒီလမ်းကို လျှောက်ချင်ခဲ့တာ . .

နောက်ပြန်လှည့်လို့ မရတဲ့
ဘ၀ရဲ့ တစ်လမ်းသွားစနစ်မှာ
ရလဒ်က ဖြူချင်ဖြူ၊ မဲချင်မဲ
ငါကတော့ ကျေနပ်လက်ခံသွားမှာပဲ . .

တန်ဖိုးဆိုတာ
ပိုင်ဆိုင်သူရဲ့ သတ်မှတ်ချက်တစ်ခုမို့
မင်းအတွက် ငါဟာ
သုညလည်း ဖြစ်နေနိုင်တယ် . .

ဘာပဲဖြစ်ဖြစ်ပါ
မင်းရဲ့ အတ္တနဲ့ ဆန္ဒအတွက်
ငါ့ရဲ့ အချစ်ကို စတေးခဲ့ပြီးပြီ
ဘ၀ရဲ့ ကျန်နေသေးတဲ့ အစိတ်အပိုင်းမှာ
ချစ်ခဲ့ဖူးတယ်ဆိုတဲ့ အသိနဲ့တင်
ငါ နေပျော်တယ် . . . . . . . ။
 
 
 
(ရင်တွင်းခံစားချက်)
ယယ

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ