“နိုဝင်ဘာလ(၈)ရက်နေ့မှာ Program တစ်ခုကို
လက်ခံထားပါတယ်။ အဲဒီ့ခရီးစဉ်မှာ ဂျာမန်ခရီးသွားတွေအတွက် ဧည့်လမ်းညွှန်အဖြစ်
တာဝန်ယူပေးရမှာပါ”ဟု နန်းခင်ဇေယျာကပြောသည်။
နန်းခင်ဇေယျာအနေဖြင့် ပရဟိတလုပ်ငန်းများကိုလည်း လုပ်ဆောင်လျက်ရှိနေပြီး
၎င်းနှင့်အတူပါဝင်လှူဒါန်းလိုပါက ၎င်း၏ G-mail အကောင့်ဖြစ်သော
nangkhinzayyar@gmail.com သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ကြောင်း ၎င်း၏ Face book စာမျက်နှာတွင် ဖော်ပြထားသည်။
နန်းခင်ဇေယျာသည် ဂျပန်နိုင်ငံတွင်ပြုလုပ်သော Miss International 2012
ပြိုင်ပွဲတွင် Miss Internet ဆုနှင့် Miss People’s Choice
ဆုများကိုရရှိခဲ့ပြီး လက်ရှိအချိန်တွင် လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador
တစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိသည်။
No comments:
Post a Comment