အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday 31 October 2012

ဝါသနာ...

အလွမ်းမင်းသားလေး | 06:59 | Best Blogger Tips

တပ်ခွဲမှုးသစ်ထံသို့ တပ်ခွဲမှုးဟောင်းထံမှ စာနှင့်အတူ တပ်သားတစ်ယောက် ရောက်လာလေသည်။ ထိုစာကို တပ်ခွဲမှုးသစ်က ဖတ်ကြည့်လိုက်ရာ “ ယခုစာနှင့်လာသူအား လောင်းကစား ၀ါသနာကို စွန့်လွတ်အောင် လုပ်နိုင်မည်ဆိုလျှင် တပ်သားကောင်း တစ်ယောက် ဖြစ်လာနိုင်ပါသည်” ဟူသတည်း။

“ မင်းက ဘယ်လို လောင်းကစားမျိုး လုပ်တတ်လို့လည်းကွ”


“ဘယ်လိုဟာမျိုးဖြစ်ဖြစ် လောင်းတတ်ပါတယ် ဗိုလ်ကြီးရဲ့ကိုယ်မှာ မွေးရာပါ အမှတ်အသားပါတယ် တစ်လခကြေး လောင်းမလား ခင်ဗျာ”

“ ဟေ့ကောင် မင်းပိုက်ဆံ အခု ထုတ်လိုက်စမ်း”


တပ်ခွဲမှုးသစ် ဗိုလ်ကြီးက အင်္ကျီချွတ်ပြီး သူ့ကိုယ်တွင် မည့်သည့် မွေးရာပါအမှတ်အသားမှ မပါကြောင်း ပြလိုက်သည်။ ထို့နောက် တပ်ခွဲမှုးဟောင်းထံ ဖုန်းဆက်ပြောသည်။


“ ကဲဗျို့ ခင်ဗျားကောင်တော့ ကျုပ်လုပ်လိုက်တာ နောက်ဆိုရင် လောင်းရဲမှာ မဟုတ်တော့ဘူး”


“ ကဲ သိပ်လဲ အလောတကြီး မပြောနဲ့လေ ခင်ဗျားဆီကို ရောက်ပြီး ငါးမိနစ် အတွင်းမှာ အင်္ကျီကျွတ်အောင် လုပ်ပြမယ်ဆိုပြီး ကျုပ်နဲ့ ဒေါ်လာ တစ်ထောင်ကြေး လောင်းသွားတယ်ဗျ”
 
facebook မှကူးယူသည်

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ