အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday 3 November 2012

တောသူမရဲ့ရည်းစားစာ...

အလွမ်းမင်းသားလေး | 23:22 | Best Blogger Tips

မြို့သား အစ်ကို
စကားချို
သူ့ကိုချစ်မိနေပြီရှင့်၊

ထဘီတိုတို ရေစိုစို
ကျွန်မ အလှ ကပိုကရို
မြို့သူတွေထက် ပိုသတဲ့ရှင့်၊

ပြောင်းဆန် ထမင်း
ဆူးပုတ်ဟင်း
သူ စားချင်ရင် ခုချက်ချင်း၊

ပဲနီလေးပြုတ်
မုန့်ဖက်ထုပ်
သူစားချင်ရင် ချက်ချင်းလုပ် ၊

သူ ကြိုက်တယ်ဆို
ထန်းရည်ချို
မြူအိုးလိုက်ကို ပေးတယ် ရှင့် ၊

သူနဲ့တွေ့ရန်
ကောက်စိုက်ပြန်
ခရေပန်း ပန်ရတယ် ရှင့် ၊

သူနဲ့ တွေဆုံ
စံပယ်ရုံ
ညတိုင်း ပုံပြင် ပြောတယ်ရှင့် ၊

တစ်ညသာ
လ လည်းမိုက်
မြို့သားရယ်....အမေ ရိုက်မှာ စိုးတယ် ရှင့် ၊

ဖိတ်စာ ရိုက်ရန်
မြို့သို့ပြန်
ခုထိ ပြန်မလာသေးဘူးတဲ့ ရှင့်

နေဝင်ချန်ယွန်း
မီးအိမ်ထွန်း
မျက်ရည် သုတ်ရင်း လွမ်းတယ်ရှင့် ၊







ဌေးကြည် (စလင်း )

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ