အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday 9 November 2012

သတိရနေပေးပါ....

အလွမ်းမင်းသားလေး | 03:14 | Best Blogger Tips



မင်းဘေးမှာ အသက်ရှူသံလေးတစ်ခု လျှော့နေတဲ့အခါ ငါ့ကို သတိရပေးပါ
မင်းဘေးမှာ တီတီတာတာ ချွဲနွဲ့တဲ့လူ မရှိတဲ့အခါ ငါ့ကို သတိရပေးပါ
မင်းဘေးမှာ အစာခွံကျွေးမဲ့လူ မရှိတဲ့အခါ ငါ့ကို သတိရပေးပါ
မင်းဆံပင်ကို ပွတ်သပ်ပေးမဲ့လူ မရှိတဲ့အခါ င့ါကို သတိရပေးပါ
မင်းပါးပြင်ကို ပွတ်ချေကစားမဲ့လူ မရှိတဲ့အခါ ငါ့ကို သတိရပေးပါ
မင်းကျောကို သိုင်းဖက်ပြီး “အရမ်းချစ်တယ်” လို့ ပြောတဲ့လူ မရှိတဲ့အခါ ငါ့ကိုသတိရပေးပါ
မင်းလက်ကို ဆုတ်ကိုင်ထားတဲ့ လက်တစ်စုံ မဲ့နေတဲ့အခါ ငါ့ကို သတိရပေးပါ
မင်းရင်ခွင်မှာ ပါးအပ်ပြီး ငိုတဲ့လူ မရှိတဲ့အခါ ငါ့ကို သတိရပေးပါ
မင်းအတွက် ကဗျာစပ်တဲ့လူ မရှိတဲ့အခါ ငါ့ကို သတိရပေးပါ
တစ်ယောက်တည်း အဖော်မဲ့နေချိန်မှာ ငါ့ကို သတိရပေးပါ
ဖျားနာလို့ ပြုစုမဲ့သူ မရှိတဲ့အခါ ငါ့ကို သတိရပေးပါ
စိတ်ပျက် အားငယ်လို့ အကူအညီလိုခဲ့ရင် ငါ့ကို သတိရပေးပါ
......................................................................
......................................................................
အဝေးက ငါ့ရှိုက်သံတွေကို မင်းကြားမိမှာပါ ကောင်လေးရယ်....

ကောင်မလေး

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ