အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday 5 November 2012

မာနနှင့်တူ...

အလွမ်းမင်းသားလေး | 06:17 | Best Blogger Tips


  တစ်ခါတလေ
  
ဝမ်းနည်းမူ့တွေကိုမျိုသိပ်ပြီး
 

အံကြိတ်ပြုံးလိုက်ရတာလည်း
 

တကယ်အရသာရှိတယ်..
 

အရာအားလုံးနဲ့တွေ့ဆုံခြင်းအတွက်လည်း
 

ဝမ်းမသာတော့ဘူးကွယ်။
 

နူတ်ဆတ်လမ်းခွဲကျောခိုင်းခြင်း

အားလုံးအတွက်လည်း
 

ငါဝမ်းမနည်းတော့ဘူး...။
 

ဖြစ်နိုင်ရင်..ငါ့အမုန်းမီးတွေနဲ့
 

ဟောဒီကမ္ဘာတစ်ခုလုံး မီးဟုန်းဟုန်းနဲ့
 

တောက်လောင်ကျွမ်းပစ်လိုက်ချင်တာ
 

အချစ်ကငါ့တံခါးကိုခေါက်ဝင်လာတယ်...
 

သူနဲ့အတူဝင်လာတဲ့လေသရမ်းကြောင့်
 

ဘဝရဲ့အဓိပ္ပာယ်တစ်ချို့
 

ပြတင်းပေါက်ကနေ လွှင့်စင်ဝဲပါသွားတယ်..။

အပြင်ကမ္ဘာမှာလေလွင့်

 

နွေမှာ ကြွေသွားတဲ့
 

ငါဟာ နွေရွှက်ကြွေလိုပါပဲ..။
 

လောင်မြှိတ်ခြင်းရဲ့ အဆုံးသက်
 

ငါသာ ပြာကျခဲ့တယ်...
 

ဘယ်လောက် ..
 

ရင်နာဖို့ကောင်းလိုက်သလဲ...။
မောင်သစ္စာ

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ