အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday, 12 January 2013

ရင်ထဲက ထာဝရချစ်သူ...

အလွမ်းမင်းသားလေး | 21:52 | Best Blogger Tips


ရင်ထဲက ထာဝရချစ်သူ...
အတ္တကင်းမဲ့စွာနဲ့ ချစ်တယ်...
အေးချမ်းမှု့....
နားလည်မှု့.....
အမှတ်ရမှု့   တွေနဲ့ပေါ့  ...
နာကျင်စရာလဲ မရှိဘူးနော်...
ရင်ထဲက ထာဝရချစ်သူ...
ငါ့ ရဲ့  တစ်ဖတ်သတ် အချစ်ကို...
ငါကျေနပ်စွာနဲ့ ...
ရှေ့  တိုးဖို့ လဲမလို...
နှောင့်  ဆုတ်ဖို့ လဲမလို...
ကြေကွဲစရာလဲ မရှိဘူးနော်...
တစ်ဖက်သတ် အချစ်...
တစ်ဖက်သတ် အကြင်နာ...
ငါနားလည်ထားတဲ့ အချစ်နဲ့ ...
ငါ နောင်တရစရာ မရှိဘူးနော်...
ရင်ထဲက ထာဝရ ချစ်သူ...
ငါ..အသက်သေဆုံးသွားသည့် တိုင်...
နင့် တစ်ယောက်ကိုသာ...
ငါ့ ရင်ထဲက ထာဝရချစ်သူ ဟု...
ဒါပေမဲ့  ...
                                                     နင်ဘယ်မှာလဲ...... 



တေးတေး   9-1-2012             
                     

အချစ်ဆုံး...

အလွမ်းမင်းသားလေး | 21:46 | Best Blogger Tips



နင်နဲ့  ငါ
ချည်နှောင်ထားတဲ့..သစ္စာကို...
နင်ဘာလို့ ဖြည်လိုက်တာလဲ...
နင်ပြောတော့....
ငါ့  ကို အချစ်ဆုံး...
အမြတ်နိုးဆုံး
အသက်ထက်ဆုံး....ဆို
ခုတော့..
ဘယ်လိုလဲ   အချစ်ဆုံး.....
နားလည်မှု့  တွေနဲ့   တည်ဆောက်ထားတဲ့  
ငါတို့ရဲ့   အချစ်တွေ  ဘယ်ရောက်ကုန်ပြီလဲ  ...
ငါ နားလည်ပေးခဲ့ သလို...
နင်ဘာလို့   နားလည်မပေးတာလဲ
နင့် ကို  ငါထက်
ဘယ်သူတွေ နားလည်ပေး မှာလဲ
ရင်ခွင်ခြားမှာ
နင်တကယ်ဘဲပျော်နေပြီလား
ခက်ခက်ခဲခဲနဲ့   ကျေုာ်ဖြတ်ခဲ့ရ တဲ့  ညတွေ
ဝမ်းနဲကြေကွဲ စွာနဲ့  ကျခဲ့ ရတဲ့  ..
ငါ့  မျက်ရည်တွေ  
နင်မသိခဲ့  ဘူးနော်
နင့်ရဲ့  ရှေ့  မှာ
ငါအမြဲတမ်း ပြုံးပြုံးလေးပါဘဲ
နင်နားလည်လာမဲ့ တစ်နေ့    
နင်ပြန်လာမဲ့ တစ်နေ့   
အမြဲ  .....
ငါကြိုလင့်  နေမှာပါ...
နင့်  ဆီကတစ်ခုလေးဘဲ  ..
ငါတောင်းဆိုချင်ပါတယ်...
please......
နင့်ရဲ့    ရင်ခွင်ထဲမှာ...
ငါ့   အတွက် နေရာ သေးသေးလေးတစ်ခု
ချန်ထားပေးပါ.............................................။     
                                                                    
တေးတေး    11.1.2013

ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲ ကျသွားရင်...

အလွမ်းမင်းသားလေး | 21:30 | Best Blogger Tips



ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်း သွားတယ် ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲ ကျသွားရင် ဘာလုပ်ရမလဲ ဆိုတာ သိထားဖို့လိုအပ်ပါတယ်။အိမ်မှာနေရင်း ဖုန်းက ရေထဲကျသွားတယ်။ ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့ သူတွေတောင် ကြံဖူးပါ တယ်။အဲဒီအခါကျရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေး ကိုပြောမှာပါ။နည်းလမ်းလေးကတော့
ပါဝါမဖွင့်ရ
အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲ နှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲ စိုစို ပါဝါ လုံးဝ မဖွင့်မိဖို့ အရေးကြီးပါတယ်။


Android App apk to apk...

အလွမ်းမင်းသားလေး | 20:00 | Best Blogger Tips


 
1) မန္တလေး FM နားထောင်ချင်ရင် MDY-FM.apk
2) Software & Game တွေ ဒေါင်းချင်ရင် 1MobileMarket.apk
3) ဆော့ဝဲလ်တွေ ဖျက်ချင်ရင် Advanced_Task_Killer_1.9.3.apk
4) Viber လို သုံးချင်ရင် aire-android.apk
5) Explorer သုံးချင်ရင် AndExplorer.apk  
6) ဖုန်းအင်တာနက် အပိတ်အဖွင့်လုပ်ချင်ရင် APN Switch(3g ON-OFF).apk 
7) အမှိုက်တွေ ရှင်းချင်ရင် App Cache Cleaner.apk
8) ဆော့ဝဲလ်တွေ ပြန်ဖျက်ချင်ရင် AppRemover_1.3.3.apk
9) အသံနဲ့ ပတ်သက်ရင် AudioManager_2.1.6.apk
10) ဘထ္ထရီ အသုံးပြုမှု BatteryIndicatorPro.v3.0.0.apk
11) ဖုန်းဆက်တဲ့အသံတွေကို ဖမ်းချင်ရင် callrecorder pro.apk
12) အနှောင့်အယှက်ဖုန်းတွေကို မကြားချင်ရင်  Calls Blacklist PRO v1.05.apk
13) Social နဲ့ ပတ်သက်ရင် facebook ၊ imo ၊ Tango ၊ Viber ၊ Skype
14) မြန်မာစာကီးဘုတ် FrozenKeyboard ၊  mmFontChangerLite
15) ဖုန်းဆက်/ခေါ်လာခဲ့တဲ့အခါ မြင်ကွင်းအပြည့်ပေါ် Full Screen Call ID-v8.2.1.apk
16) သတင်းတွေ မြေပုံတွေ GOthere-Myanmar-Beta5.apk
17) ကင်မရာ ရိုက်ချင်ရင် HDR Camera +.apk
18) လော့ချရင် ရေပုံစံ Liquid Face v2.4.0.apk
19) မြန်မာအဘိဓာန်  MyandroidDict.apk
20) အင်တာနက်ကြည့်ချင်ရင်  mozilla.firefox
21) Photoshop ဆိုရင် Photoshop.com Mobile (1.0.0).apk
22) သီချင်းနားထောင်ချင်ရင် RealPlayer_0.0.0.61_4102768.apk
23) Ring Tone တွေ လုပ်ချင်ရင် ringdroid_v2_1.apk
24) မြန်မာ-အင်္ဂလိပ် အဘိဓာန် shwebook_v2.0.apk
25) Root ချချင်ရင် z4root.1.3.0.apk     


ညီသူ(နည်းပညာဥယျာဉ်)

ရင်ထဲမှာ NLD အလံစိုက် ထားတယ်ဆိုသူ ခင်ဘုဏ်း ...

အလွမ်းမင်းသားလေး | 08:10 | Best Blogger Tips



တေးသံရှင် ခင်ဘုဏ်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကွန်ရက် ၂နှစ်ပြည့် ရန်ပုံငွေပွဲမှာ ပါဝင်ခဲ့ပြီး ခုလို ရန်ပုံငွေပွဲတွေမှာ အင်တိုက်အားတိုက် တတ်နိုင်သမျှ ပါဝင်ဖျော်ဖြေသွားမယ်လို့လည်း ဆိုပါတယ်။

”ကိုယ်တစ်ယောက်တည်း အားလုံးကို လှူဖို့ ဆိုတာမဖြစ်နိုင်ဘူး။ ခုလိုကိုယ်တတ်နိုင်တဲ့ အဆိုဘက်ကနေ တတ်နိုင်သလောက် ပါဝင်ရတာကို ဝမ်းသာတယ်”လို့ ပြောတဲ့ ခင်ဘုဏ်းက NLD ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်နေပေမယ့် NLD ပါတီဝင်တစ်ဦးအနေနဲ့တော့ မဟုတ်ဘူးလို့လည်း ပြောပါတယ်။




ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ