အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Sunday, 30 December 2012

PhotoShine 3.45 Full Version ...

အလွမ်းမင်းသားလေး | 06:09 | Best Blogger Tips


ကျွန်တော့်ဆိုဒ်လေးကိုလာရောက်လည်ပါတ်ကြတဲ့မိတ်ဆွေများအတွက် PhotoShine 3.45 Software လေးတင်ပေးလိုက်ပါတယ် ဒီဆော့ဝဲလေးကတော့ ဓါတ်ပုံရိုက်တာဝါသနာပါတဲ့ ၀ါသနာရှင်တွေအတွက်ပါ၊ မိမိဓါတ်ပုံလေးတွေကို ဘောင်လှလှလေးတွေနဲ့ အလှဆင်ခြင်တဲ့သူတွေ အကြိုက်လေးဖြစ်မှာပါ။

ဒီဇင်ဘာ ရဲ့ ညတစ်ညမှာ...

အလွမ်းမင်းသားလေး | 05:15 | Best Blogger Tips


ဒီဇင်ဘာရဲ့ ညတစ်ညမှာပေါ့..
မာန တွေကိုခွါချ..
သိက္ခာတွေကို ဟာသလုပ်ခံရဖူးတယ်...။

နှင်းမကျတဲ့ ဆောင်းတစ်ညမှာပေါ့...
အထင်းသားလို့ ထင်မှတ်ခဲ့တဲ့ 
သူ့ အကြင်နာတွေ..
ပြတင်းတံခါး လေတစ်ချပ်အတိုးမှာ..
အခိုးအငွေ့ အလား ပျောက်ကွယ်သွားခဲ့ဖူးတယ်...။

မိုးမကျတဲ့ အဲ့ဒီညမှာပေါ့...
ငါဆိုတဲ့  ကမာကောင်လေးက..
ပုလဲတစ်ပွင့် ငါမွေးထုတ်ခဲ့ဖူးတယ်..။

လမသာတဲ့ ညတစ်ညမှာပေါ့..
၁၅၀၀ ကိုအပေးခံရလိုက်..
ပြန်ရုတ်သိမ်းခံရလိုက်နဲ့ ..
ငါ အန်ထုတ်ထားတဲ့ အချစ်တွေ
ပြန်အသွပ်သွင်းခံရဖူးတယ်...။

အေးချမ်းလှတဲ့ ဆောင်းတစ်ညမှာပေါ့..
မဖြစ်နိုင် ဆိုတဲ့ စကားတစ်ခွန်းနဲ့ ..
တမြိုက်မြိုက်နဲ့ ငါလောင်ကျွမ်းခဲ့ဖူးတယ်..။

သူ့ အတွက် မနက်...
ငါ့အတွက် ည ဖြစ်ခဲ့တဲ့ အဲ့ဒီညမှာပေါ့..
ငါ ပျိုးခဲ့တဲ့ မျှော်လင့်ခြင်းသစ်ပင်..
အမြစ်က ဆွဲနုတ်.. အမှိုက်ပုံးထဲ
လွှင့်ပစ်ခံရဖူးတယ်...။

အေးချမ်းခြင်းနဲ့ ပူလောင်ခြင်း...
ချိုမြိန်ခြင်းနဲ့ ခါးသီးခြင်း...
အချစ်နဲ့ အမုန်း...
ဒွန်တွဲနေခဲ့တဲ့ ...
အဲ့ဒီ ဒီဇင်ဘာ ညတစ်ည...
ငါ့ဘ၀အတွက် အမှတ်တရ တစ်ခုအဖြစ်...
ငါ မှတ်တမ်းတင်ခဲ့မိတယ်...
အဲ့ဒီည ချမ်းလေးမှာပေါ့....။
 
 
ချင်းမလေး

Saturday, 29 December 2012

Android ဖုန်းနဲ့ Tablet တွေမှာအလွယ်တကူRoot လုပ်ကြမယ်(One Click Root)...

အလွမ်းမင်းသားလေး | 20:10 | Best Blogger Tips



                         အခုခေတ်မှာ Android ဖုန်းတွေသာမက Android Tablet တွေလည်း တော်တော်များ
များကိုပေါ်လာပါပြီ။ အဲဒါကြောင့် Android ဖုန်းနဲ့ Tablet တွေမှာ လွယ်လွယ်ကူကူ Root လုပ်နိုဖို့အတွက်
ဒီ Post လေးကို အမျိုးကောင်းသားမှတဆင့် မျှဝေပေးလိုက်ပါတယ်ဗျာ။ အောက်မှာတော့ ပုံနဲ့ အသေး
စိတ်ကိုရှင်းပြပေးထားပါတယ်ဗျာ။ အခု Root လုပ်နည်းကတော့ Android အမျိုးအစားတော်တ်ာများများ
ကို Support လုပ်ပေးနိုင်ပါတယ်ဗျာ။

Mail ပို့တဲ့အခါစာသားနဲ့အတူပုံလေးထည့်ရအောင် ...

အလွမ်းမင်းသားလေး | 20:00 | Best Blogger Tips


ကျွန်တော့်ရဲ့ မိတ်ဆွေသူငယ်ချင်းများအတွက်  ဒီတစ်ခါတော့ သူများသတိမထားမိတဲ့နည်းပညာလေးတစ်ခု

ကိုကျွန်တော်မျှဝေပေးချင်တယ်
   Mail ပို့တဲ့အခါ Attach ဖိုင်ကနေမဟုတ်ပဲ

အောက်မှာစာသားတွေနဲ့အတူ ပုံလေးထည့်နည်းလေးပါပဲ  သိတဲ့လူလဲသိမှာပါ မသိသေးတဲ့လူတွေ

အတွက်ရည်ရွယ်ပြီး  အောက်မှာလုပ်နည်းလေးတွေနဲ့ဖော်ပြပေးလိုက်မယ်နော်..

Hide Desktop icons ဖျောက်နည်းလေး ...

အလွမ်းမင်းသားလေး | 19:21 | Best Blogger Tips




 အခု ပိုစ့်က Desktop ပေါ်မှာရှိတဲ့ icon များကို လွယ်လွယ် ကူကူဖျောက်တဲ့နည်းလေးပါ။ Desktop ပေါ်မှာရှိတဲ့ icon တွေကို ချက်ချင်း ဖျောက်ချင်တယ် ဆိုရင်တော့ Desktop ပေါ်မှာ Right click ထောင့်ပြီး View က Show desktop icons ဆိုတာလေးကို
အမှန်ခြစ် ဖျောက်လိုက်ရင် ပျောက်သွားမှာပါ။ ဒီလိုပဲ ပြန်ဖော်ချင်တယ် ဆိုရင် တော့ အဲဒီအမှန်ခြစ်လေးကို ပြန် click လုပ်ပေးလိုက်ရင် ပြန်ပေါ်လာမှာပါ။ ဒီနည်းလေးက Program တွေ အသုံးပြုနေ ချိန်၊ အခြားသူငယ်ချင်းတွေ ကိုယ့်ကွန်ပြူတာကိုင်ရင် ကွန်ပြူတာထဲ မှာရှိတဲ့ program တွေနဲ့ မပေးရှုပ် ချင်ရင်.... အသုံးဝင်မှာပါ။


ရန်နောင်စိုး

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ