အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Thursday 13 June 2013

နမ်းခွင့် တရှိုက်...

အလွမ်းမင်းသားလေး | 08:24 | Best Blogger Tips





ထားသွားမှာကြောက်တဲ့သူကိုမှ
သူထားသွားတယ်
ခွဲမသွားပါနဲ့ တောင်းပန်နေမှ
သူ ထွက်သွားတယ်
အလွမ်းနဲ့ကျန်ခဲ့သူရင်ထဲ
ပူလောင်ခြင်းက နေဆယ်စင်း မကပါ
အချစ်ကို မကိုးကွယ်ခဲ့ပေမယ့်
တင်းကျပ်စွာ ဆုပ်ကိုင်ထားချင်ပါတယ်
အချစ်ကို မရူးသွပ်ခဲ့ပေမယ့်
ရူးမတတ် ချစ်ခဲ့ပါတယ်
ရာသီစက်ဝန်းက
နာရီလိုလည်ပတ်နေပေမယ့်
ငါ့အလွမ်းတွေက
လှည့်ပတ်မသွားပဲ
အနားမှာရပ်ကျန်နေခဲ့တယ်
ကံကြမ္မာ အလှည့်ပေးလို့
နောက်တချိန်ဆုံခွင့်ရသေးရင်
မမြင်ဖူးသေးပေမယ့်
ချစ်ရတဲ့ မင်း ရဲ့
နှလုံးသားလေးကို
နမ်းရှိုက်ခွင့် ရချင်မိတယ် ချစ်သူ ။            ။



                                                                Thaepon
 
 

အတွေးမှား .

အလွမ်းမင်းသားလေး | 07:47 | Best Blogger Tips



ဂျေမီဟာ သူ့အိမ်နီးချင်းရဲ့ အမျိုးသမီး ဖြစ်သူကို ကြိတ်ပြီး သဘောကျနေပါတယ်။ အမျိုးသမီးဟာ
လည်း သူနဲ့ လမ်းမှာ ဆုံတဲ့အခါတိုင်း စွဲမက်ဖွယ်ရာ ပြုံးပြလေ့ရှိပါတယ်။ ဒါပေမဲ့ အမျိုးသမီးဟာ
အိမ်ထောင်ရှိသူဖို့ ဘယ်လို ချဉ်းကပ်ရမယ်ဆိုတာကို ဂျေမီဟာ စဉ်းစားလို့ မရ ဖြစ်နေပါတယ်။
တနေ့မှာတော့ ဂျေမီ တစ်ယောက်တည်းနေတဲ့ တိုက်ခန်းကို သူစွဲလန်းနေတဲ့ အမျိုးသမီး ရောက်ရှိ
လာပါတယ်။

ဂျေမီ - ဟိုင်း

အမျိုးသမီး - ဟိုင်း

ဂျေမီ - ကျွန်တော် ..ဘာများကူညီ ပေးရမလဲ။



Android Phone Root လုပ်ချင်သူများအတွက် Root လုပ်နည်း အမျိုးမျိုး စာအုပ် ...

အလွမ်းမင်းသားလေး | 01:48 | Best Blogger Tips



တကယ်ကိုအထောက်ကူရစေမဲ့နည်းပညာစာအုပ်ကောင်းလေးပါ..root လုပ်ရင်လိုအပ်

တဲ့ဆော့ဝဲလ်လင့်တွေလည်းပါရှိပါတယ်..ဖုန်းထဲမှာလည်း pdf အနေနဲ့ဖတ်လို့ရပါတယ်

ဖုန်းဗားရှင်းကြောင့်ဖတ်မရခဲ့လျှင် playstore မှာ pdf reader ကိုဒေါင်းပြီးသုံးကြပါနော်

Android ဖုန်းနဲ့ ပတ်သက်ပီး အခြေခံကျကျ ရေးပြထားတဲ့ စာအုပ်ကောင်းလေးပါ
 
 

မြန်မာပြည်ပြန်ချင်တဲ့ ညီအကိုမောင်နှမများအတွက်...

အလွမ်းမင်းသားလေး | 00:35 | Best Blogger Tips
မင်္ဂလာပါ
လေယာဉ်လက်မှတ် အတွက် အကူညီလိုသူများ ကျွန်တော်တို့ကို စတင်ဆက်သွယ်နိုင်ပါပြီ
မလေးရှားနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခက်ခဲများကြောင့် မြန်မာနိုင်ငံသို့ ပြန်လိုသူများအတွက်  လေယာဉ်လက်မှတ် အစောင် ၁၀၀၀ ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၏
ဧရာဝတီဖောင်ဒေးရှင်း
မှ လေယာဉ်လက်မှတ်များစတင် ကူညီပေးနေပြီဖြစ်ပါတယ် ။
သို့ပါ၍ မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲဖြစ်နေသူများသည် အောက်ပါလိပ်စာဖုန်းနံပတ်များသို့ ဆက်သွယ်အကူအညီရယူနိုင်ပြီ ဖြစ်ပါကြောင်းစတင်သတင်းကောင်းပါးအပ်ပါတယ် ။


Clean Master (Cleaner) 3.0.apk for android...

အလွမ်းမင်းသားလေး | 00:05 | Best Blogger Tips

မိမိရဲ့ android device လေးအမြဲတမ်းပေါ့ပါးနေဖို့ မလိုအပ်တာတွေကိုရှင်းပေးမယ့် Clean Master လေးပါ။ သူငယ်ချင်းတို့သဘောကျမယ်ထင်ပါတယ်။ သုံးသင့်တဲ့ဆော့ဖ်ဝဲလေးတစ်ခုဖြစ်လို့ ဆောင်ထားသင့်ပါတယ်။အောက်မှာဒေါင်းနော်။
size က 1.8MB ပဲရှိပါတယ်။

Screenshot apk for android(3 apk)...

အလွမ်းမင်းသားလေး | 00:02 | Best Blogger Tips






တောင်းထားတာ ရှိလို့ပါ။ Android တွေသုံးတဲ့အခါ တချို့သိမ်းစရာရှိတာလေးတွေကို screenshot နဲ့ သိမ်းတတ်ကြပါတယ်။ အသုံးလိုတဲ့ သူငယ်ချင်းများ ဒေါင်းသွားပါခင်ဗျာ။ ကျွန်တော် ရှာဖွေပြီး ပြန်လည်ဝေမျှလိုက်ပါတယ်။အားလုံး သုံးခုပါ။

အောက်မှာ ဒေါင်းပါခင်ဗျာ။


Sunday 9 June 2013

“ ဘဏ်လုယက်မှုက ရတဲ့ သင်ခန်းစာ ”...

အလွမ်းမင်းသားလေး | 03:08 | Best Blogger Tips



သင်လေ့လာထားမှု အပေါ်မှာပဲ အာရုံစိုက်တာကို အသက်မွေးဝမ်းကျောင်းတဲ့ ပရို လို့ခေါ်တယ်
တရုပ်နိုင်ငံ ဂွမ်ဇောင်းပြည်နယ် ဘဏ်လုယက်မှု တခုမှာ လုယက်သူတွေက သေနတ်နဲ့ ချိန်ရွယ်ပြီး ဒီလိုအော်ပါတယ် ။
" မလှုပ်နဲ့ ၊ ပိုက်ဆံဆိုတာ နိုင်ငံတော်ပိုင် ပစ္စည်းဖြစ်တယ် ၊ မင်းတို့ ပိုင်တာ ဆိုလို့ မင်းတို့ အသက်ပဲ ရှိတယ် "
ထိုအချိန်မှာ မလုံမခြုံ အဝတ်အစား ဝတ်ထားတဲ့ အမျိုးသမီးက စားပွဲပေါ် လှဲချလိုက်တဲ့အခါ
လုယက်သူက 
 

Facebook ပေါ်က Video တွေကို ဖုန်းနဲ့ဒေါင်းယူချင်ရင်...

အလွမ်းမင်းသားလေး | 02:25 | Best Blogger Tips


 FVD - Free Video Downloader
 thiha: Android ဖုန်းနဲ့ Facebook သုံးတယ်ဗျာ... အဲ့ဒီမှာ facebook က Video ဖိုင်လ်ကို ဒေါင်းတာ ဒေါင်းမရလို့ ကူညီပေးပါအုန်း....

Facebook ပေါ်က Video တွေကို Download ယူပေးမဲ့ App လေးပါ...။
မိမိ ဖုန်းမှာ ဒီ App လေးကို Install လုပ်ပါ...
ပြီးရင် မိမိဒေါင်းယူလိုတဲ့ Facebook က Video တစ်ခုခုကို Play လိုက်ရင် FVD လေးတတ်လာပြီး Download ကို နှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်..:)

အလွမ်း ခါးခါး...

အလွမ်းမင်းသားလေး | 02:15 | Best Blogger Tips



စိတ်ချင်း  ထပ်တူပါ ချစ်သူ
ကျမ လဲ  ဒီလိုပါပဲ
တစ်နယ် ဆီဝေးလို့ 
အသဲဆွေး မတတ် လွမ်းရသူမို့ 
ကဗျာ  တွေ  နဲ့ ပဲ  အလွမ်းပြေ
ချစ်သူ အတွက်  ဖန်တီး 

ချစ်သူ ပေးလာမယ့်
အနမ်း ပဲ ဖြစ်ဖြစ်
အလွမ်းပဲ ဖြစ်ဖြစ်
ယုယခြင်း  တွေနဲ့  မြတ်နိုးစွာ
ခံယူပါရစေ

အိမ်မက်ထဲမှာ  ချစ်သူ က
ကျမ ကို    စိမ်းကားသွားရင်
အတွေး  တွေ နဲ့ တောင်
ကျမ ရင်တွေ  နာကျင်တယ်
ချစ်သူရယ်

သံယောဇဉ်  ဆိုတာ
လွမ်းစရာများလား လို့ 
စဉ်းစားတတ် လာတဲ့အခါ
နယ်မြေခြား နေတဲ့
ကျမ  တို့  နှစ်ယောက် အလွမ်းတွေးက
ခါးသက်လိုက်တာ  ချစ်သူရယ်.........

 
 
 
ညအက္ခရာ............. 
 
 

ချစ်သုဝေ အိမ်ထောင်မပြုသေးရခြင်း အကြောင်းရင်း ...

အလွမ်းမင်းသားလေး | 01:37 | Best Blogger Tips



Photo: ချစ်သုဝေ အိမ်ထောင်မပြုသေးရခြင်း အကြောင်းရင်း
Friday, June 07 , 2013

အဆိုတော် သရုပ်ဆောင် ချစ်သုဝေက အလုပ်တွေ လောဘကြီးနေပြီး ကျောင်းပြန်တက်ဖို့ ကြိုးစားနေတဲ့ အတွက် လောလောဆယ် အိမ်ထောင်ပြုဖို့ မစဉ်းစား သေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။

လတ်တလောမှာ ဒါရိုက်တာနေပိုင်၊ သရုပ်ဆောင် အောင်ရဲလင်းတို့နဲ့အတူ “သုံးပါးသွားလေး ကချင်ပြီ” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီး ဒီဇာတ်ကားမှာ နယ်က တက်လာတဲ့ ကောင်မလေး တယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ ချစ်သုဝေက သူ့ကိုယ်သူ ထရီဇာလို့ သုံးနှုန်းတတ်ပါသေးတယ်။

သရုပ်ဆောင် အဆိုတော် ချစ်သုဝေကို “သုံးပါးသွားလေး ကချင်ပြီ” ဇာတ်ကား ရိုက်ကွင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ – မြတ်သူအောင် / ဧရာဝတီ)
“ထရီဇာ အိမ်ထောင်ရေးကို မစဉ်းစားသေးဘူး။ အခု လောလောဆယ်မှာ အလုပ်တွေပဲ လောဘကြီးပြီး လုပ်နေတယ်။ နောက်ပြီး ကျောင်းပြန် တက်ချင်နေတယ် စာတွေ ပြန်ကျက်ချင်နေတယ်၊ ဒါကြောင့် စာတွေ ပြန်လေ့လာနေတယ်” လို့ ချစ်သူဝေက ဟြေပါတယ်။

မိန်းကလေး တယောက်က အသက်အစိတ်မှာ အိမ်ထောင်ပြုသင့်တယ်လို့ လူတွေက သတ်မှတ်ကြပေမယ့် ချစ်သုဝေက သူ့အသက် အစိတ်ကျော်သွားပြီ ဖြစ်တဲ့အတွက် အိမ်ထောင် မပြုရတော့ဘူးလား၊ လက်မထပ် ရတော့ဘူးလား၊ ဟိုင်းသွား ပြီလား၊ ဒါတွေက သတ်မှတ်ချက်တွေပါလို့ ဆိုလာပါတယ်။

ချစ်သူ့ဝေက “လက်ရှိအချိန်ကိုပဲ စဉ်းစားတယ်၊ အနာဂတ်ကို ဘယ်တော့မှ ကြိုမတွေးဘူး၊ အတိတ်မှာ ဖြစ်ခဲ့တာတွေ ပြန်ကြည့်ရင်လည်း အမှား ကင်းတယ်တော့ မဟုတ်ပေမယ့် အမှားနည်းနိုင်သမျှ နည်းတယ်လို့ ဟြေနိုင်တယ်။ နောင်တ ရစရာတွေလည်း နည်းနိုင်သမျှ နည်းတာကောင်းတယ်” လို့ လည်း သူ့ဒဿနကို ဖွင့်ဟပါတယ်။

သူက ခရစ်ယာန်ဘာသာဝင် တဦးဖြစ်လို့ ဘုရားသခင်ကို အရမ်းယုံကြည်တယ်၊ ဒါကြောင့် အိမ်ထောင်ရေးကို ကြိုမတွေးဘူး၊ ဘုရားရဲ့ အလိုတော်အတိုင်းပဲ၊ ကိုယ်တွေးတိုင်းလည်း ဖြစ်ချင်မှ ဖြစ်တာပါလို့ ဆက် ဟြေပါတယ်။

“မိန်းကလေး တယောက်က လက်ထပ်သင့်တဲ့ အရွယ်၊ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ဆိုတာတော့ ရှိပါတယ်။ အိမ်ထောင် ပြုရမယ်လို့တော့ မဟုတ်ပါဘူး၊ အခုလက်ရှိ အချိန်မှာတော့ ပျော်သလိုနေပါတယ်၊ စိတ်ချမ်းသာအောင်နေပါတယ်၊ အကောင်းဆုံး ဖြစ်အောင် နေတယ်၊ မနက်ဖြန်မှာ လာမေးရင် နောက်တမျိုး ဖြစ်ချင်လည်းဖြစ်မယ်၊ ရှေ့ရေးတွေကို လာမေးရင် သိပ်မသိဘူး၊ အနာဂတ် ဆိုတာလည်း ကောင်းတာလေးတွေ လုပ်ရင် ကောင်းတဲ့ အကျိုးတွေ ခံစားရမှာပဲ” လို့ ဟြေပါတယ်။

ချစ်သုဝေရဲ့ ချစ်သူ ဘယ်သူဆိုတာ ပရိသတ်က သိပြီး ဖြစ်တဲ့အတွက် ချစ်သုဝေတယောက် အခုအချိန်မှာ ကွယ်လွန်သူ အဆိုတော် ထူးအိမ်သင်ရဲ့ “ဘာသာမတူတာ ဘာအကြောင်းလဲ … တို့တော့ ဒါတွေ နားမလည်” ဆိုတဲ့ သီချင်း စာသားလေးကိုများ ညည်းနေမလားလို့ ဝင်တွေးပေး နေကြမလားဘဲ။

ဧရာဝတီ
အဆိုတော် သရုပ်ဆောင် ချစ်သုဝေက အလုပ်တွေ လောဘကြီးနေပြီး ကျောင်းပြန်တက်ဖို့ ကြိုးစားနေတဲ့ အတွက် လောလောဆယ် အိမ်ထောင်ပြုဖို့ မစဉ်းစား သေးဘူးလို့ ဧရာဝတီကို ပြောပါတယ်။

လတ်တလောမှာ ဒါရိုက်တာနေပိုင်၊ သရုပ်ဆောင် အောင်ရဲလင်းတို့နဲ့အတူ “သုံးပါးသွားလေး ကချင်ပြီ” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီး ဒီဇာတ်ကားမှာ နယ်က တက်လာတဲ့ ကောင်မလေး တယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ ချစ်သုဝေက သူ့ကိုယ်သူ ထရီဇာလို့ သုံးနှုန်းတတ်ပါသေးတယ်။


Code ထည့်စရာမလိုတဲ့ Viber v3.0.1.3 နောက်ဆုံးထွက် Version...

အလွမ်းမင်းသားလေး | 01:12 | Best Blogger Tips


Viber ချစ်သူများအတွက် Code မလိုတဲ့ Viber နောက်ဆုံးထွက် Version ထွက်လာပါပြီဗျာ။ အရင်တုန်း ကတော့ Viber ကို Code ထည့်ရတာ အလုပ်ရှုပ်လို့ မသုံးကြတဲ့သူတွေရှိပါတယ်။ ရှိပြီးသားသူတွေကလည်း Error တက်ပြီး Code ပြန်ပြန်တောင်းနေလို့ အဆင်မပြေသူတွေလည်းရှိပါတယ်။ အခု Viber v3.0.1.3 မှာတော့ Code ထည့်စရာမလိုပါဘူး Phone No. ထည့်လိုက်တာနဲ့ Activate ဖြစ်ပြီး အသုံးပြုနိုင်ပါပြီဗျာ။ ဒီလောက်ဆိုရင်တော်တော်ကြီးကိုအဆင်ပြေသွားပါပြီနော်။ အခုထွက်လာတဲ့ Version အသစ်မှာလည်း တစ်ဖက်နဲ့တစ်ဖက် Video File တွေကိုပါအပြန်အလှန်ပို့လို့ရနေပါပြီဗျာ။
 

Android ဖုန်းအတွက် အရမ်းလှတဲ့ ပုံအရှင် Wallpaper အလန်းဇယား...

အလွမ်းမင်းသားလေး | 01:08 | Best Blogger Tips





Download -  Firefly Live Wallpaper.apk

ိDownload -Autumn live wallpaper.apk


                                                    

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ