စိတ်ချင်း ထပ်တူပါ ချစ်သူ
ကျမ လဲ ဒီလိုပါပဲ
တစ်နယ် ဆီဝေးလို့ 
အသဲဆွေး မတတ် လွမ်းရသူမို့ 
ကဗျာ တွေ နဲ့ ပဲ အလွမ်းပြေ
ချစ်သူ အတွက် ဖန်တီး
ချစ်သူ ပေးလာမယ့်
အနမ်း ပဲ ဖြစ်ဖြစ်
အလွမ်းပဲ ဖြစ်ဖြစ်
ယုယခြင်း တွေနဲ့  မြတ်နိုးစွာ
ခံယူပါရစေ
အိမ်မက်ထဲမှာ ချစ်သူ က
ကျမ ကို စိမ်းကားသွားရင်
အတွေး တွေ နဲ့ တောင်
ကျမ ရင်တွေ နာကျင်တယ်
ချစ်သူရယ်
သံယောဇဉ် ဆိုတာ
လွမ်းစရာများလား လို့ 
စဉ်းစားတတ် လာတဲ့အခါ
နယ်မြေခြား နေတဲ့
ကျမ တို့  နှစ်ယောက် အလွမ်းတွေးက
ခါးသက်လိုက်တာ ချစ်သူရယ်.........
ညအက္ခရာ.............
No comments:
Post a Comment