အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, 3 April 2014

မပိုင်ဆိုင်မှန်း သိပေမယ့်...

အလွမ်းမင်းသားလေး | 01:39 | Best Blogger Tips



သံယောဇဉ် မြစ့်ထဲ
အတူတူ ခုန်ဆင်းတုန်း က
နင့်  အပြုံး ငါ့ အပြုံးတွေက
လောကကြီးမှာ အချို   ဆုံးပေါ့

ကူးရင်း မြူးရင်း နဲ့ 
ရေစီးကြမ်း တဲ့  လောကဓံ လှိုင်းပုတ်တော့
အမုန်း မပါ တဲ့  ၀ဲဂယက် ထဲ
နင် နဲ့  ငါ စုန်းစုန်း မြုတ် ခဲ့ပြန်တယ်

ကူသူမဲ့ ...ဆယ်သူဝေးလို့ 
အချိန် အတော်ကြာ....
အနာဂတ်ထဲ
သူ လွတ်မြောက်ရာလမ်း သူရွေးပြီး
ငါ့ အသက်ရှင်ရာ လမ်းကို
ငါ ကိုတိုင်းလည်း ဖောက် ခဲ့ရတယ်

ပြန်ဆုံမယ်လို့  ထင်ခဲ့တယ်
ကြုံဆုံ မယ့် တစ်နေ့ 
ထပ်မဝေးဘူးလို့ လည်း တွေးခဲ့ပါသေးတယ်
ခုတော့ အရင်လို မဟုတ်တဲ့ 
နေ့ သစ်တွေ ထဲ
တို့  တွေ အပြီးပိုင် ဝေးခဲ့ရပြန် ပြီလေ

အမုန်းကြောင့် မဟုတ်ဘူး
ချစ်နေဆဲမို့  လည်း
အပြစ်ရယ် မမြင် မိလို့ 
အဝေး တစ်နေရာမှ
မလာမှန် သိတဲ့  အချစ်ဦးကို....
ငယ်ချစ် အစစ်မို့ 
ရင်နင့်အောင်..........လွမ်းနေအုံးမယ်.............မောင်




ညအက္ခရာ ....


သစ်ခွပင်လေး...

အလွမ်းမင်းသားလေး | 01:34 | Best Blogger Tips


အဆက်မပြတ် ရွာနေတဲ့ မိုးတွေဟာ
 မင်းကို သတိရစိတ်တွေလား
မင်းကိုယ်ငွေ့ကလွဲလို့
 နွေးထွေးအောင် လုပ်မပေးနိုင်တော့တဲ့  
အချမ်းဓာတ်လွန်ကဲမှုတွေနဲ့ တုန်ရီ
ချစ်တဲ့စိတ်ဟာ 
သစ်ခွပန်းလေးလို အမြင့်ဆုံးမှာပွင့်လန်း
မင်းရယ်သံလွင်လွင်လေး မကြားနိုင်တဲ့ 
အဝေးမှာ ငါဟာ ဆက်သွယ်မှုဧရိယာပြင်ပ 
အခုဆို
 ငါ့အဝေးတစ်နေရာမှာ 
မင်းတစ်ယောက် ဘာတွေလုပ်နေမလဲ 
 ဟိုးအဝေးမှာ အခု 
ကျဆင်းနေတဲ့ မြူတွေလို  
မင်းေ၀၀ါးသွားမှာစိုးမိတယ်  
ငါ့ကို သတိရပါစေလို့တော့ 
ဆုတောင်းတွေ မပြုဖြစ်တော့ဘူး
ကျန်းမာရေးကိုဂရုစိုက်ပါ
 နေ့စဉ်မှတ်တမ်းရေးပါ  
ငါပြန်လာတဲ့အခါ 
မင်းအတွက် 
သစ်ခွပန်းပင်လေး လက်ဆောင်ယူလာခဲ့မယ်
မင်းမြတ်နိုးပါ 
အသက်လိုတန်ဖိုးထားပါ 
သစ်ခွင့်ပွင့်လေးတွေကို  
ကေသာဦးမှာ အမြတ်တနိုး ပန်ဆင်ပါ ယုယပါ နွေးထွေးပါ
ငါဟာ မင်းကို ချစ်တဲ့ စိတ်နဲ့ 
အသက်ဆက်နေရတဲ့ 
သစ်ခွပင်လေးတစ်ပင်ပေါ့ 
 
 
မောင်သစ္စာ
 
 

ရင်ဆိုင်မယ်...

အလွမ်းမင်းသားလေး | 01:26 | Best Blogger Tips

အချစ်လဲ မငတ် ခဲ့ဖူးသလို
မချစ်တတ်တဲ့ မိန်းမတွေထဲ ကျွန်မ
မပါဝင်ခဲ့ပါ
ချစ်ခဲ့တာကိုလဲ
မြင်သာအောင် မပြ တတ်ခဲ့သူပါ
မပြုံးချင် ပြုံးချင်
လုပ်ကြံမှုပါဝင်နေတဲ့ အပြုံးလဲ
ကျွန်မ ပြုံးလို့မရခဲ့သူပါ။
 
ရေနစ်ဖူးတဲ့အချိန်မှာတော့
ကူထိုးတဲ့ ၀ါးတွေ အများကြီးကြုံခဲ့ရတယ်
ကိုယ်ရှာတဲ့ ကောက်ရိုးတမျှင်တော့
ကိုယ် ဆုတ်ကိုင်နိုင်ခဲ့တယ်
ဘ၀ရဲ့ ကံဆိုးလှတဲ့
လမိုက်ညတွေ
ဆူးခင်းလမ်းတွေမှာ
သိက္ခာတွေကိုမြေမြုပ်ပြီး
လက်ဝါး မဖြန့် ခဲ့ဖူးပါ
ကျွန်မ တကောင်ထဲ
ဒါပေမယ့်  ခြင်္သေ့မဟုတ်ပါ။
 
စိတ်မချမ်းမြေ့စရာ ခရီးရှည်နှေတော့
တခါတရံ သူနဲ့ပဲ အကျွမ်းဝင်သလိုလေးဖြစ်မိပါရဲ့ကွယ်
အော်,,,,,,, သူတို့ခေတ် သူတို့စနစ်ပဲလေ
ကိုယ်က လူသစ်
အပစ် ရှာလဲ ခံရမှာမို့
စိတ်မှာလေ ဘ၀င်မကျ
ဂွင်မကျလဲ ကိုယ့်ချစ်သူအရိပ် ကိုယ်ခို
ချစ်သူလက်ကိုတွဲ
လာစမ်းဟဲ့ အနာဂတ်
ရဲရဲကြီး ရင်ဆိုင်လိုက်ကြစို့နော်။
 
jasmine

Thursday, 28 November 2013

ခွဲခွာချိန်..၆နှစ်မြှောက် အိမ်အလွမ်း ~~~~

အလွမ်းမင်းသားလေး | 07:20 | Best Blogger Tips



တစ် နေ ထွက် လို့ 
တစ် နေ ၀င်
အချိန်တွေ ကုန်တာ မြန် လွန်းတယ်
ဘ၀ ကျောင်းခန်း ထဲ
ဘ၀ စာအံရင်း ........... ကျောင်းသူ တစ်ယောက် အဖြစ်
ကျက်မှတ် လို့  မကုန်တဲ့  သင်ခန်းစာတွေ
မနက်ဖြန် အတွက် အိမ်စာ လုပ်ဖို့ 
ဒီနေ့  တစ်နေ့ တာ မနက်ဖြန် အတွက် ရုန်းကန် နေရတယ်။


ကြုံးဝါး ခဲ့တာ တစ်နေ့  ဆိုတဲ့  နေ့  ရောက်ဖို့ 
ဇွဲ ကလေးနဲ့  သူငယ်ချင်း ပေါင်း ပေါင်းခဲ့ရတာ
ရောင်းရင်း လို သိပ့်ချစ် ခဲ့တဲ့ မာန လေး က
ချစ်ဖို့  ကောင်းလိုက်တာ
သဘာဝ အလျှောက် လျှောက်ခဲ့ရတဲ့ 
လောက လမ်း ထဲ သောက တွေ စမ်း တ၀ါးဝါး နဲ့ ပါပဲ။

ပတ်ဝန်းကျင် တိတ်ဆိတ်ခြင်း နဲ့ 
ဘောင်ဘင်ခပ် သူတို့ တွေ ရဲ့ 
နေရပ်က တိတ်တဆိတ် ထွက်လာခဲ့တာ
နှစ်အတော်ကြာခဲ့ပြီးပဲ
လောင်းရိပ်မိတဲ့ ......စိတ် အတိုထွှာ ကို
တစ်ယောက်ထဲ ရေလောင်းပေါင်းသင်
အညွှန့်  တလူလူ နဲ့ ရှင်သန်အောင်
ကြိုးစားခဲ့တာ...............ခြောက်နှစ့် မြှောက်တဲ့  ဒီနေ့ 
ငါ ဘယ်တော့မှ မမေ့ဘူး


ခရေပင်လမ်း.............
ဟို.............ယခင်
ကလေး ဘ၀ က
နေထိုင်ရာ ဒီလမ်းထဲ
ခဏ ဖြစ်ဖြစ် ငါ ပြန်ခဲ့မယ်
ခရေပင် အရိပ့် ထဲ
အရင် လိုပဲ.........နေ၀င်ချိန် အေးချမ်းနေအုံး မလား
အကြွေးပန်း မို့  ဘယ်သူမှ
မနမ်း ပါစေကွယ်..............ဒီလမ်းလေးပဲ
တစ်ခါ တလေ ငါ တမ်းတနေဆဲ ...........ပါ။




ညအက္ခရာ..........

Saturday, 21 September 2013

သူတို့ မသိကြလို့ ပါ...

အလွမ်းမင်းသားလေး | 09:43 | Best Blogger Tips




မောင်ရေ ----
လူတချို့ကပြောတယ်
'' တကယ်မချစ်လို့ ဝေးကြတာပါတဲ့ ''
တကယ်တော့
သူတို့မသိလို့ပါနော်

- အခုအချိန်မှာ မောင်
ကျွန်မ ဆီက
''ချစ်တယ်''ဆိုတဲ့
စကားကို မကြားချင်တော့ပေမယ့်
တချိန်က မောင်အဲဒီစကားလေးကို
ကျွန်မဆီက လိုလိုလားလား
တောင်းခဲ့ဖူးတယ် ဆိုတာကိုလေ ---

Wednesday, 11 September 2013

ချစ်သူသိစေ ...

အလွမ်းမင်းသားလေး | 07:01 | Best Blogger Tips


ချစ်သူမရှိဘဲ လွင့်မိတဲ့ ကမ်း
မိုးရွာလည်း လှိုင်း မမြင်ခဲ့ဘူး
ရင်ထဲ မီးပင်လယ်တွေ ဝေနေခဲ့တယ်..။
ပူလောင်ပြီး နေရထိုင်ရခက်လိုက်ပုံများ…
မိုးသည်းချိန်လိုပါပဲ လွမ်းစိတ်တွေရဲ့ တစ်ဖတ်
ဘာမှလုပ်လို့မရအောင် ထိုင်းမှိုင်းစေခဲ့တယ်
ဘာပဲဖြစ်ဖြစ်.......ဖြေသိမ့် မိတယ်
                                           ဆောင်းမနက်ခင်းလိုပါပဲ ..ချစ်သူရယ်..။
ကဗျာဟာ  ငါ့ခံစားချက်ဖြစ်သလို
မင်းဟာ...ငါ့ အတွက်
ငါ့ခံစားချက်ကို ဖြစ်ပေါ်စေသူ
ကဗျာဟာ
ငါ့နှလုံးသားဖြစ်သလို
မင်းဟာ..ငါ့ အတွက်
ငါ့နှလုံးသားကို လှုပ်နိုးနိုင်သူ
ကဗျာဟာ
ငါ့ရှင်သန်ခြင်းဖြစ်သလို
မင်းသာ ငါ့ အတွက်
ငါ့ရှင်သန်ခြင်းကို ဆက်လက်အသက်ဆက်စေသူ...။
ဒါပေမဲ့ ....
ကွေးညွတ်တက်တဲ့ ယုံကြည့်ခြင်းတစ်ချို့အတွက်
ဘဝရှင်သန်ခြင်းနဲ့ မိသားစုကိုငေးမော
ဆီမကုန်သေးတဲ့ နှလုံးသားတစ်စုံ အတွင်းမှာ
လကိုဖမ်းဆုပ် ကြယ်တွေကို ပန်းကုံးလုပ်
ရူးကြောင်ကြောင် အဲ့ သလို လူတစ်ယောက်က
မပြီးဆုံးနိုင်တဲ့ စိတ္တဇတွေ လဲပြိုကျသွားမှာ တွေးရင်း
တိတ်တိတ်လေး ခိုးညှိနေတဲ့ လူ့ နွား တွေကိုမြင်တိုင်း
ရောင်းစုံပန်းတွေ ခြွေခူးသွားမှာ စိုးရိမ်မိ နေလေရဲ့ ...။
 
 
နေလင်းဖြိုး
 

ပြီးဆုံးသွားသော မိုးသည်းညပုံပြင်.....

အလွမ်းမင်းသားလေး | 06:26 | Best Blogger Tips




မဟုတ်ပါဘူး မရှိပါဘူး
တကယ်တော့ ....
ဒါဟာ... ပုံပြင်ဇာတ်လမ်းတစ်ပုဒ်။

တကယ် ထင်ရောင်ထင်မှားဖြစ်အောင်
ဖန်တီးထားတာ....

ကာယကံရှင်ကတော့ သိမှာပါ....။

မိုးကိုချစ်တယ်....

မိုးက ကိုယ့်ကို အမှတ်တရတွေအများကြီးပေးခဲ့တယ်
ပြီးတော့ မရိုးစင်းနိုင်တဲ့ ပုံပြင်တွေပြောတယ်...။

အဖြည့်ခံနှလုံးသားတခုရဲ့တမ်းခြင်း...

အလွမ်းမင်းသားလေး | 05:34 | Best Blogger Tips





ဒဿရေ.......
မင်းလိုပဲငါလဲ မာယာမင်းသားကိုမှ
ဗလာကျင်းတဲ့ ရင်ခွင်နန်းတော်မှာ
ပွင့်ဦးအဖြစ်တယုတယ သရဖူဆောင်းပေးဖူးတယ်။
လက္ခဏလိုပေးဆပ်ရင်း မျက်လုံးတွေစုံမှိတ်
အချစ်ဆိပ်တွေမျိုချရင်း နှလုံးသားတစ်ခုလုံး
မီးလောင်တိုက်သွင်းခံရဖူးတယ်။
သူ့ဘ၀တွက် ငါ့ဘ၀ပေး
သူ့နှလုံးသားတွက်
အပျော်တွေဆက်နှင်းပေးချင်ရက်နဲ့
ရေခွက်ထဲက လရိပ်ကိုပဲ ကြည့်ခွင့်ရတဲ့ငါ
ကောင်းကင်ကအရိပ်စစ်ကို နှုတ်ဆက်လိုက်ရတယ်။

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ