အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday 5 April 2013

Android ဖုန်းအတွက် ခေါင်းဖြတ်ဆက်ပီး မျက်နှာအစားထိုးတဲ့ ပုံလုပ်ချင်ရင် ...

အလွမ်းမင်းသားလေး | 06:58 | Best Blogger Tips




ဒီဆော့ဝဲလေးက စချင်နောက်ချင် ရုပ်ပြောင်လုပ်ချင်သူများ ခေါင်းဖြတ် အစားထိုးဖို့ 

အဆင်ပြေတဲ့ ဆော့ဝဲပါ ။ဖုန်းကနေ ရိုက်ထားတဲ့ ပုံလေးတွေကို တခြားပုံနဲ့ အစားထိုး

ထူးထူးဆန်းဆန်းလုပ်ချင်သူများ အောက်ကလင့်မှာ ယူသုံးကြည့်နိုင်ပါတယ်.........။


Download- Faceoff 1.5.7 for Android Phone

မောင်(စွယ်စုံကျမ်း)

ဖုန်းနဲ့ ရိုက်သော ပုံတွေကို ကာလာအမျိုးမျိုးနဲ့ ပြောင်းနိုင်တဲ့ Camera 360...

အလွမ်းမင်းသားလေး | 06:55 | Best Blogger Tips




ဖုန်းကနေ ဖေ့ဘွတ်တင်ဖို့  အလှပုံရိုက်ရင် ဒီဟာနဲ့ ရိုက်ပါ ။ သုံးတဲ့သူလည်းများတယ်

ဘာလို့ လည်းဆိုရင် ဒီဟာနဲ့ ရိုက်ရင်  အလင်းအမှောင် ကာလာ ဘာညာ ပြင်ပြီးသား

မိတ်ကပ်မလိမ်း သနပ်းခါးမလူးပဲ မျက်နှာနဲ့  ဓာတ်ပုံရဲ့အလင်းကို ချိန်ပေးပီးသားမလို့ 

မလှသူလည်းလှတယ် လှသူလည်း ပိုလှတယ် ။


သင်္ကြန်မှာ သူတို့ရဲ့ အမှတ်တရလေးတွေ ...

အလွမ်းမင်းသားလေး | 06:46 | Best Blogger Tips




"ဥာဏ်လင်းအောင်"

သင်္ကြန်မှာ အမှတ်တရလေးတွေ ရှိပါ တယ်။ အဲဒါကတော့ ဧပြီ ၁၁ ရက်နေ့က ကျွန်တော့်မွေးနေ့ ပါ။ ကျွန်တော့်အမေမွေးနေ့ လည်း ဧပြီ ၁၂ ရက်နေ့ဆိုတော့ ပိုပြီး အမှတ်တရ ဖြစ်စေတာပေါ့နော်။ ဒီနှစ် သင်္ကြန်မှာတော့ ကျွန်တော်ရန်ကုန်မှာပဲ ရှိဖို့များ ပါတယ်။ သင်္ကြန် ဆိုရင် အင်္ကျီနှစ်ထပ်ဝတ်တာ များတယ်။ အပေါ် အင်္ကျီကတော့ အခု ကျွန်တော် ဝတ်ထားသလို လက်ရှည်ပေါ့နော်။ ဒီနှစ် နေလည်း အရမ်းပြင်း တော့ ဖြစ်နိုင်ရင် သိပ်အပြင်မထွက်ကြပါနဲ့လို့ ပရိသတ်ကို ပြောချင်ပါတယ်။ အပူရှပ်တာတွေ မဖြစ်အောင်လို့ ကျန်းမာရေးကို ဂရုစိုက်ပါလို့လည်း ပြောချင်ပါသေးတယ်။




သင်္ကြန်ကာလမှာ နန်းခင်ဇေယျာ ဘာလုပ်မှာလဲ ...

အလွမ်းမင်းသားလေး | 06:44 | Best Blogger Tips


 
နန်းခင်ဇေယျာက သင်္ကြန်ကာလ ပရဟိတ လုပ်ငန်းတခု လုပ်ဖို့ ရှိနေပြီး အဲဒီ ပရဟိတ လုပ်ငန်းမှာ သူနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ပြောကြားလာ တဲ့ နှိုးဆော်မှုပါ။ 

အားလုံးပဲ မင်္ဂလာ နံနက်ခင်းလေးပါရှင်
ပရဟိတ လုပ်ငန်းများမှာ ညီမနဲ့အတူ ပူပေါင်းလှူဒါန်းချင်ကြတဲ့ ညီမရဲ့ ပရိသတ်တွေကို ညီမ ထပ်မံပြုလုပ်မယ့် ပရဟိတလုပ်ငန်းတစ်ခု အကြောင်းအသိပေးလိုပါတယ်။
 

နှစ်သစ်အတာ သင်္ကြန် ပြီးရင် အားလုံး ဟဲလိုဟယ်လို ...

အလွမ်းမင်းသားလေး | 06:41 | Best Blogger Tips



၁။ ၂၀၁၃ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် စတင်ရောင်းချပါမည်။

၂။ရောင်းချမည့် ဈေးနှုန်းမှာ တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ် ကြိုတင်ထည့်သွင်းပြီး မိုဘိုင်းဖုန်း SIM CARD တစ်ခုအတွက် ၁၅၀၀ ကျပ်နှုန်းဖြစ်ပါသည်။လစဉ်မိုဘိုင်းဖုန်း ၃၅၀၀၀၀ ကိုပြည်နယ်နှင့်တိုင်းဒေသကြီးများ သို့ခွဲဝေရောင်းချသွားမည်ဖြစ်ပါသည်။

၃။စတင်ရောင်းချသည့်မိုဘိုင်းဖုန်းအမျိုးအစားမှာ CDMA 800 MHz စနစ် မိုဘိုင်းဖုန်းများဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးသာမက နိုင်ငံရပ်ခြားသို့ပါ ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်ပါသည်။နောင်လများတွင် GSM(2.75 G) WCDMA(3G) မိုဘိုင်းဖုန်းများကို ဆက်လက်ရောင်းချသွားမည်ဖြစ်ပြီးရောင်းချမည့်အစီအစဉ်ကို ထပ်မံကြေငြာပါမည်။



Tuesday 2 April 2013

♥အရိုးသားဆုံး♥...

အလွမ်းမင်းသားလေး | 06:26 | Best Blogger Tips

Phone နှေးနေတာကို မြန်စေဖို့  Virus ရှင်းဖို့  ၊ ဖိုင်တွေသော့ခတ်ဖို့  All in One...

အလွမ်းမင်းသားလေး | 05:04 | Best Blogger Tips






Download zippshare - Iobit Mobile Care 2.1

Download Mediafire - Iobit Mobile Care 2.1 



 

Android ဖုန်းအတွက် Photo Frame လှလှလေးတွေ သုံးပီး ဓာတ်ပုံပြင်ဖို့ ...

အလွမ်းမင်းသားလေး | 04:46 | Best Blogger Tips




ဒီဆော့ဝဲလေးက ဖုန်းထဲကနေ ပုံတွေကို ဘောင်လှလှလေးတွေခတ်ချင်ရင် သုံးဖို့ ပါ

အချစ်နဲ့ ပတ်သက်တဲ့ အသည်းပုံ ဘောင်လှလှလေးပါတာမို့  ဖုန်းကသုံးချင်ရင်ယူပါ

Download -www.mediafire.com/love Frame for Android Phone



 

Android ဖုန်းအတွက် ဓာတ်ပုံတွေကို ပန်းဘောင်လှလှလေး ခတ်ချင်ရင်သုံးဖို့ ...

အလွမ်းမင်းသားလေး | 04:45 | Best Blogger Tips


 

ဒီဆော့ဝဲလေးက ဖုန်းထဲကနေ ပုံတွေကို ဘောင်လှလှလေးတွေခတ်ချင်ရင် သုံးဖို့ ပါ

ပန်းရောင်စုံတွေနဲ့ ပတ်သက်တဲ့  ဘောင်လှလှလေးပါတာမို့  ဖုန်းကသုံးချင်ရင်ယူပါ
 

Download-www.mediafire.com/Flower Frame For Android





မိသားစုနှင့်အတူ ဒီနှစ်သင်္ကြန်မှာ တရားစခန်းဝင်မယ့် မိုးဟေကို ...

အလွမ်းမင်းသားလေး | 04:13 | Best Blogger Tips



ပရိသတ်တွေရဲ့ အားပေးမှုနေရာ တစ် နေရာရရှိထားတဲ့ မိုးဟေကိုက ဒါရိုက် တာညိုမင်းလွင် ရိုက်ကူး တဲ့ ‘Black List’ ဇာတ်ကားကိုနေ မင်း၊ဝါဝါအောင်တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ မိုးဟေကိုက မိခင်ကို ပြည်ပနိုင်ငံမှာ ဆေးသွားကုသပေးခဲ့ပြီး ရှောပင်းလည်း ထွက်ဖြစ်ခဲ့ပါသေးတယ်။ ခရီးထွက်ဖြစ်နေတဲ့အချိန်မှာ တော့ ကား ရိုက်တွေကို ခဏနားခဲ့ပါတယ်။ ခရီးနဲ့ပတ်သက်ပြီး မိုးဟေကိုက…”မိုးခရီးသွားနေလို့ ခဏနားထားပါတယ်။ အမေကလည်း နေမကောင်းတာနဲ့ ဆေးခန်းသွားပြ တယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ရှောပင်းလည်း ထွက်ခဲ့တယ်။ ဇာတ်ကားတွေကို 


Monday 1 April 2013

အဖြူရောင်ကြင်နာခြင်းများ...

အလွမ်းမင်းသားလေး | 08:06 | Best Blogger Tips




တစ်ခါတစ်လေတော့လည်း
နင့်ရဲ့အလွမ်းတွေက
ငါ့ရင်ကို လာလာရိုက်တယ်..

လှိုင်းအရိုက်ခံ သောင်ပြင်ဆိုပေမယ့်
အရိုက်ခံများလာတော့
လဲပြိုရစမြဲပေါ့...

သံယောဇဉ်နွယ်မျှင်ဆိုတာကလည်း
တစ်ပတ်ပြီးတစ်ပတ်
ရစ်သထက်ရစ်နေမိပြန်တော့လည်း ခက်သားလား..

တစ်ကယ်တော့
နှလုံးသားကောက်ကြောင်းဆိုတာ
ငါတို့ရဲ့နောက်ကြောင်းတွေကပြောတဲ့
“ကြင်နာခြင်းအဖြူရောင်”တွေပဲမဟုတ်လားကွယ်...

“မပြောလည်းပဲ”...

အလွမ်းမင်းသားလေး | 08:04 | Best Blogger Tips



နှုတ်မဆက်နဲ့“ကို”
တစ်နေ့တော့ တို့တွေ ထပ်တွေ့ကြမယ်
ဝေးနေပေမယ့်လည်း
ခပ်ရေးရေးသတိရပေးရင် ကျေနပ်ပြီ....

“Good Bye..”တဲ့လား
တို့တွေလက်ဆွဲနှုတ်ဆက်
“ကို”ပြောခဲ့တဲ့စကား
“မပြန်ပါနဲ့အုံး.. အနားမှာ ခဏလောက်နေပေးလှည့်ပါ..”တဲ့

ရုတ်တရက် လှုပ်ခတ်သွားတဲ့နှလုံးသား
“ကို”မြင်ခဲ့မယ်ဆိုရင်
ခပ်ရိုးရိုးလေးပေမယ့်
ရင်ထဲက ဘာသာစကား
ဖွင့်မပြောလည်းပဲ
သိနားလည်လိမ့်မယ်....။

File Folder လေးတွေကို ဓာတ်ပုံလေးနဲ့ ပေါ်အောင်လုပ်နည်း ...

အလွမ်းမင်းသားလေး | 07:08 | Best Blogger Tips




ဒီနည်းလေး ကတော့ မိမိတို့ ၇ဲ့  file folders လေးတွေမှာ ပုံလေးနဲ့ ပေါ်အောင်လုပ်တဲ့ နည်းလေး  ဖြစ်ပါ တယ်--- လုပ်ပုံ လုပ်နည်းလေး ကတော့ လွယ်လွယ်လေးပါ---- သယ်ချင်းတွေ တော်တော် များများ လဲ သိပြီးသား ဖြစ်ပါလိမ့် မယ် -- မသိသေးတဲ့ သယ်ချင်းများ အတွက် ဖော်ပြပေး လိုက်တာပါ-- ခင်ဗျာ။။

၁) Start >> All Programs >> Paint ကို ဖွင့်ပါ။
၂) Paint ပေါ်လာရင် Open ကနေ မိမိတို့ လုပ်ချင်တဲ့ ဓါတ်ပုံကို ဖွင့်လိုက်။
 

ကျနော်တို့နှစ်ယောက်...

အလွမ်းမင်းသားလေး | 07:04 | Best Blogger Tips




ဘ၀ရဲ့တခဏ
ကြုံဆုံခဲ့ကြရတာမို့
တယောက်ကိုတယောက်
အမြင်တွေဖလှယ်ကြ
ကျနော်တို့တတွေ စသိခဲ့ကြတယ်...။

ဒီလိုနဲ့ တီတီတာတာတွေပြောကြ
ခံစားချက်တွေ ဝေမျှရင်း
ရင်ခုန်သံတွေ ထပ်တူကြလို့
ခင်မင်ခွင့်တွေ နီးစပ်ခဲ့ကြတယ်...။


နှလုံးသားရဲ့တောင်းဆိုချက်
ရင်တွင်းစကားတွေ ထိုးနှက်ခဲ့လို့
အဖြူရောင် စည်းတံတားတွေ ကျော်လွှား
ခံစားချက်တွေ ဖောက်ပြားကာ
အချစ်ပန်းတို့ ဖူးပွင့်ခဲ့ဖူးတယ်....။

ကြုံဆုံမယ့် အခက်အခဲ
ရင်ဆိုင်ကာ နွဲပြီး
ဘ၀ရဲ့အမောတွေကြား
တွန်းလှန်ကာ အားတင်းထားမယ်လို့
ကျနော်တို့ နှစ်ဦးကြားမှာ
ဆိုစကားတွေ ရှိခဲ့ဖူးတယ်...။

ဓါးတောင်ကိုဖြတ်လှမ်း
မီးပင်လယ်ကို ဖြတ်သန်းရလည်း
အပြုံးမပျက် ပေါင်းဖက်
ဘ၀ဆုံးထိ ချစ်လျှက်ပဲဟု
သူနဲ့ ကျနော်
ကြွေးကြော်ခဲ့ဖူးတယ်...။


တခါတခါ
တယောက်လိုအပ်ချက်တွေ တဦးဖြည့်ဆည်း
ရှု့မငြီးပဲ အပြုံးတွေယှက်လို့
အတုန့်အလှည့် ရဲ့ နောက်ကွယ်မှာ
အကြင်နာတွေ ပိုခဲ့ကြဖူးတယ်...။

သူ့မျက်နှာ ရွှင်မပြ
ဒေါသတွေ ဖောင်းပွတတ်တဲ့ခါ
အေးချမ်းစွာ ဖျောင်းဖျ
အနှောက် စကားတွေနဲ့
မှောက်မှားမသွားအောင်လို့
ပကတိမေတ္တာကို လှစ်ခါပြ
မာန်မာနတွေ နှိမ့်ချခဲ့ဖူးတယ်...။

တခါတခါ
စကားတွေ ပြင်းထန်
အမြင်မမှန်တဲ့ အခါမျိုးမှာ
ကဗျာဆန်ဆန်စကားတွေနဲ့
အပြန်အလှန် ဖြေသိမ့်
အတ္တတွေ ချိုးနှိမ်ပြီး
မေတ္တာတွေ ယိုစိမ့်ခဲ့ကြဖူးတယ်...။

သူ့မျက်နှာကို မမြင်ခါနေ့မျိုးမှာ
အကြင်နာတွေ တိုးလို့သာ
ရေတွက်ကာ လက်ချိုးပြီး
ခံစားချက်တွေ မျိုသိပ်
လွမ်းစိတ်ကို ဖြေသိပ်ခဲ့ဖူးတယ်...။

ဒီလိုနဲ့
တဦးနဲ့တဦး
တယောက်ကိုတယောက် လက်ချင်းယှက်လို့
ပျော်ရွှင်စွာ လျှောက်လှမ်းရင်း
ဘ၀ရဲ့ ခရီးလမ်းမှာ
အေးအတူ ပူအမျှ  ခံစား
ဘ၀ရဲ့လောကဓံ တရားဆိုတာလည်း
တို့နှစ်ဦးရဲ့ သစ္စာတွေနဲ့
ယုံကြည်စွာ ကျော်လွှားခဲ့ဖူးတယ်...။

ချစ်သူရေ
ငါတို့က တယောက်ကို တယောက်
မေတ္တာစစ်တွေနဲ့ ချစ်ခဲ့ကြတာမို့
ဝေးကွာခြင်း ဆိုတာ အနိစ္စ
လက်တွေ့မှာဆို ဝေးစွ
အတွေးမှာပင် မဝေးခဲ့ ကြတာမို့
ယုံကြည်မှု့တွေ မယိုင်လဲ
နားလည်မှု့ကို ခိုင်မြဲရင်း
တို့တတွေ တသက်လုံးလက်တွဲကြမယ်နော်....။




ငဖြိုး

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ