အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday 1 April 2013

အဖြူရောင်ကြင်နာခြင်းများ...

အလွမ်းမင်းသားလေး | 08:06 | Best Blogger Tips




တစ်ခါတစ်လေတော့လည်း
နင့်ရဲ့အလွမ်းတွေက
ငါ့ရင်ကို လာလာရိုက်တယ်..

လှိုင်းအရိုက်ခံ သောင်ပြင်ဆိုပေမယ့်
အရိုက်ခံများလာတော့
လဲပြိုရစမြဲပေါ့...

သံယောဇဉ်နွယ်မျှင်ဆိုတာကလည်း
တစ်ပတ်ပြီးတစ်ပတ်
ရစ်သထက်ရစ်နေမိပြန်တော့လည်း ခက်သားလား..

တစ်ကယ်တော့
နှလုံးသားကောက်ကြောင်းဆိုတာ
ငါတို့ရဲ့နောက်ကြောင်းတွေကပြောတဲ့
“ကြင်နာခြင်းအဖြူရောင်”တွေပဲမဟုတ်လားကွယ်...

1 comment:

  1. WOW just what I was looking for. Came here by searching
    for musica

    my webpage; compositor

    ReplyDelete

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ