အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday 5 April 2013

သင်္ကြန်မှာ သူတို့ရဲ့ အမှတ်တရလေးတွေ ...

အလွမ်းမင်းသားလေး | 06:46 | Best Blogger Tips




"ဥာဏ်လင်းအောင်"

သင်္ကြန်မှာ အမှတ်တရလေးတွေ ရှိပါ တယ်။ အဲဒါကတော့ ဧပြီ ၁၁ ရက်နေ့က ကျွန်တော့်မွေးနေ့ ပါ။ ကျွန်တော့်အမေမွေးနေ့ လည်း ဧပြီ ၁၂ ရက်နေ့ဆိုတော့ ပိုပြီး အမှတ်တရ ဖြစ်စေတာပေါ့နော်။ ဒီနှစ် သင်္ကြန်မှာတော့ ကျွန်တော်ရန်ကုန်မှာပဲ ရှိဖို့များ ပါတယ်။ သင်္ကြန် ဆိုရင် အင်္ကျီနှစ်ထပ်ဝတ်တာ များတယ်။ အပေါ် အင်္ကျီကတော့ အခု ကျွန်တော် ဝတ်ထားသလို လက်ရှည်ပေါ့နော်။ ဒီနှစ် နေလည်း အရမ်းပြင်း တော့ ဖြစ်နိုင်ရင် သိပ်အပြင်မထွက်ကြပါနဲ့လို့ ပရိသတ်ကို ပြောချင်ပါတယ်။ အပူရှပ်တာတွေ မဖြစ်အောင်လို့ ကျန်းမာရေးကို ဂရုစိုက်ပါလို့လည်း ပြောချင်ပါသေးတယ်။





"အေသင်ချိုဆွေ"

သင်္ကြန်နဲ့ ပတ်သက်ပြီး အမှတ်တရ ကတော့ အများကြီးမရှိပါဘူး။ ငယ်ငယ်တုန်းက အသက် ငယ်သေးလို့ဆိုပြီး အိမ်က မလွှတ်ဘူး။ ကြီးလာ တော့လည်း သီချင်းဆိုတော့ Celebrity ဖြစ်သွားပြီဆိုပြီး မလွှတ်ဘူး။ သင်္ကြန်မှာတော့ အဆိုတော်တွေရဲ့ ထုံးစံ အတိုင်း ဖျော်ဖြေရတာဆို တော့ သိပ်ပြီးမပျော်ဖြစ်ဘူး။ မန္တလေးမှာ တစ်နှစ် မြစ်ကြီးနား သင်္ကြန်မှာ တစ်နှစ် ပရိသတ်တွေနဲ့ ပျော်ဖူးတယ်။ မြစ်ကြီးနား သင်္ကြန်မှာတော့ အမှတ် တရတွေ အများကြီးရှိခဲ့ဖူးတယ်။ မြန်မာ ပြည်မှာရှိတဲ့ လူတွေအကုန်လုံး စည်းကမ်း ရှိရှိ သေသေသပ်သပ်လေးနဲ့ ဒီပွဲလေးကို ဆင်နွှဲမယ် ဆိုရင်တော့ အရမ်းကိုကောင်းတဲ့ ပွဲတော်လေးပါ။ ပရိသတ်တွေကို ပြောချင်တာကတော့ အဓိကက လူငယ်တွေ ကို ပြောချင်တာပေါ့နော်။ အေသင် လည်း လူငယ်ဖြစ်တော့ ပျော်တဲ့အချိန်မှာ စိတ်ကို လွှတ်ပြီး ပျော်လိုက်တာမျိုးတွေရှိတယ်။ အဲဒီလို
မျိုးမဖြစ်စေချင်ဘူး။

ခုနက ပြောသလိုပဲ သေသေ သပ်သပ်လေးပျော်စေချင်တယ်။ အရက်ကိုလည်း အများကြီး မသောက်စေချင်ပါဘူး။ အေသင်အနေ နဲ့ Cosmetic ပစ္စည်းကို Sunblock နဲ့ Eyeliner water Proof လောက်ပဲ သုံးဖြစ်မှာပါ။ ဒီနှစ် သင်္ကြန်မှာ အေသင်က ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်မှာ ရှိမှာပါ။ Fashion ကတော့ အခုဝတ် ထားတဲ့ ပုံစံမျိုးလေးတွေပဲ ဝတ်ဖြစ်မှာပါ။

"မိစန္ဒီ"

မနှစ်ရဲ့ မနှစ်ရဲ့ မနှစ်က သင်္ကြန်တုန်းက ရန်ကုန် မဏ္ဍပ်မှာ သီချင်းဆိုတာ နှစ်ရက်ပဲဆို တယ်။ အဲဒီတုန်းက အခုလို အနုပညာကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဖြစ်သေးဘူး။ သူငယ် ချင်းတွေနဲ့ မဏ္ဍပ်ထိုင်နေတုန်း နှစ်ခုကျော် မဏ္ဍပ် X2O ကဗုံးပေါက်တယ်။ ဘာဖြစ်မှန်းလည်း မသိ တော့ ဘာလုပ်ရမှန်းမသိဘူး ဖြစ်နေတာ။ မာမားကလည်း စိတ်ပူပြီး ဖုန်းတွေဆက် တယ်။ ပြန်ဖို့တောင် Taxi က မနည်းငှားရတယ်။ သင်္ကြန် ဆိုတာ ”နှစ်ဟောင်းက အညစ် အကြေးတွေ ကို နှစ်သစ်ကို မသယ်သွားချင်လို့ ရေနဲ့ ဆေးကြော တယ်လို့ မြင်ပါ တယ်။ နိုင်ငံ တကာက စိတ်ဝင်စား တဲ့ အရမ်းကိုပျော်ဖို့ကောင်းတဲ့ ပွဲတော်ကြီး တစ်ခု လို့မြင်မိ တယ်။ မနှစ်ကတော့ အနက်နဲ့ Crazy Colour နဲ့ တွဲဝတ်ဖြစ်တယ်။ ဒီနှစ်မှာတော့ မျက်စိအေးပြီး လူလည်း သက်သက်သာသာဖြစ် မယ့် ပုံစံမျိုးဝတ်ဖို့ များပါတယ်။ သင်္ကြန်မှာ Cosmetic ကို မိတ်ကပ်ထက် Sunblock ကို ပိုသုံးဖြစ်မယ်။

သင်္ကြန်ကတော့ ပျော်စရာကောင်း ပြီး အန္တရာယ် အရမ်းများပါတယ်။ အဲဒီလို အန္တရာယ်တွေရှိတဲ့အတွက် ပရိသတ်အားလုံး အေးချမ်းပျော်ရွှင်ပြီး အန္တရာယ်ကင်းရှင်းပြီး ထိန်းထိန်းသိမ်းသိမ်း ပျော်နိုင်ကြပါစေလို့ ပြော လိုက်ပါတယ်နော်။

သီတာစိုး

Yati Magazine မှ 
ဦးဇော်(သိသမျှ )

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ