ချစ်သူ
တို့  ရင်ဘက်ကြီးနဲ့ ရင်းပြီးချစ်ခဲ့ပေမဲ့
မင်းအချစ် တစ်သွင်သွင်စီးဆင်တဲ့
မာယာမြစ်ပြင်မှာ
ရေတိုက်စားခြင်းခံနေရတဲ့
ချောက်ကမ်းပါ တို့ ရယ်ပါ
မုသားမပါ လင်္ကာမချောဆိုပေမဲ့
အရိုးသားဆုံးချစ်နေချင်တယ်
ချစ်သူ မင်းရဲ့လှည်စားမှုတွေ
ကျားကွက်အရွေ့မှားတဲ့အခါ
မင်းအရှုံးဆိုတာထည့်မတွက်
ရှေဆက်ရှင်သန်ပေးပါ
အချစ်နဲ့ ရှင်သန်ခြင်း
ဆိုတဲ့ ခံစားမှုကို
နားလည်လာမှာပါ....။
No comments:
Post a Comment