ဒဿရေ.......
မင်းလိုပဲငါလဲ မာယာမင်းသားကိုမှ
ဗလာကျင်းတဲ့ ရင်ခွင်နန်းတော်မှာ
ပွင့်ဦးအဖြစ်တယုတယ သရဖူဆောင်းပေးဖူးတယ်။
လက္ခဏလိုပေးဆပ်ရင်း မျက်လုံးတွေစုံမှိတ်
အချစ်ဆိပ်တွေမျိုချရင်း နှလုံးသားတစ်ခုလုံး
မီးလောင်တိုက်သွင်းခံရဖူးတယ်။
သူ့ဘ၀တွက် ငါ့ဘ၀ပေး
သူ့နှလုံးသားတွက်
အပျော်တွေဆက်နှင်းပေးချင်ရက်နဲ့
ရေခွက်ထဲက လရိပ်ကိုပဲ ကြည့်ခွင့်ရတဲ့ငါ
မျက်လုံးတွေ ကျောခိုင်းနေချိန်
မြေမြင်နဲ့ ကောင်းကင်ဟာ
အချစ်ရဲ့ကျေးကျွန်လေး
ရမ္မက်သွေးတွေနဲ့ ကမ္ဘာကြီးကပြုံးလို့လေ။
လျှပ်တစ်ပြက်လေးပါ
တစ်စစီပြန့်ကျဲ မုန်းတွေကိုလက်တွဲလို့
လွမ်းအဝီစိငရဲကို ဝဋ်ကြွေးတွေတင်ဆက်ရင်း
ရင်ဘတ်ကြီးကို အရှင်လတ်လတ် ဆားသိပ်ခံလိုက်ရတယ်။
ပြီးဆုံးခဲ့ပြီထင်ခဲ့တာ
ကမ္ဘာမကြေအလွမ်းက
အနာဂတ်တစ်ခုလုံးကို အမှောင်ချလို့
နာရီတွေ လွမ်း လွမ်းနေမိသေးတာ
ပထဝီမြေကြီးရေ လက်တို့လို့ကူပြောပေးနော်။
လရိပ်လေး
No comments:
Post a Comment