အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday, 31 December 2012

တိမ်တိုက်တစ်ခု....

အလွမ်းမင်းသားလေး | 08:34 | Best Blogger Tips










ရှုပ်ထွေးဆန်းကြယ်လွန်းတာကို မသိကြတော့ ...

ရူးမိုက်သူတွေက

အချစ်ကို အကွက်ရွှေ့ဖို့ကြိုးစားနေကြတုန်း ...

မောင် ... တိတ်တိတ်ကလေး ရိုးသားခဲ့ပါတယ် ..... ။

ပြန်စဉ်းစားမိတဲ့အချိန်မှာ ....

ရင်ဘက်ထဲက နှလုံးခုန်နှုန်း ထက်  -

ဦးနှောက်ရဲ့ တွေးတောနှုန်းကနှေးခဲ့တာ သေချာတယ် ...

ခုတော့ ...

ဘဝမှာ အလွမ်းမိုးတွေကလည်းသည်း  -

နှလုံးသားမှာ သံယောစဉ်ကြိုးတွေကလည်းမြဲနေခဲ့ပြီ .....

နောက်ဆုံးမှာ ...

ဒဏ်ရာတွေပဲပိုင်ဆိုင်ခွင့်ရနေမလား  ...?

အဆုံးအစမရှိတွေးတောရင်း ဝမ်းနည်းခဲ့ဖူးတယ် ...

ဘာပဲဖြစ်ဖြစ် ... ပါ

ချစ်သူနဲ့ဝေးနေတုန်းမို့

မကျရှုံးချင်သေးဘူး .....

ကံကြမ္မာကို ကြိုးကိုင်ခွင့်ရှိရင် .....

မောင်က ... တိမ်တိုက်တစ်ခုပြဲဖစ်ချင်ခဲ့တာပါ .....

လိုအပ်ရင်   .....   နေပူမယ်

                  .....    တိမ်ထူမယ်

မီး ...အတွက်ဆို  ဘဝတစ်ခုလုံး ရွာသွန်းပေးချင်ခဲ့တာပါပဲ ......     ။      ။


အလင်းရိုင်း

Aire talk နဲ့ ဖုန်း အလကားပြောမယ်...

အလွမ်းမင်းသားလေး | 07:24 | Best Blogger Tips



  • Viber ကိုတော့ မြန်မာတွေ တော်တော်များများ သိကြပါတယ်။ Wifi Connection ရရင် Free SMS နဲ့ Free Voice Call တွေရတဲ့အတွက် ဖုံးဖိုးချွေတာလိုတဲ့ သူတွေအဖို့ အများကြီး အဆင်ပြေခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း Viber ကို တော်တော်များများ အသုံးပြုလာကြပါတယ်။ ဖုံးပြောတာနဲ့ SMS အပြင် Viber က တခြား Feature တွေမပါတဲ့အတွက် အပြည့်စုံဆုံး App တစ်ခုတော့ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။

Sunday, 30 December 2012

♥♥♥=+အဖြူရောင်+=♥♥♥

အလွမ်းမင်းသားလေး | 07:05 | Best Blogger Tips


ချစ်ရတဲ့သူရေ............
ငါအရမ်းချစ်နေမိတယ်
အချစ်ဆိုတဲ့အရာက
ပိုင်ဆိုင်ပြီးရင်ဆုံးရှုံးရတက်လို့
ငါမဆုံးရှုံးချင်လို့
မုန်းဟန်ဆောင်ခဲ့တာပါ
နင်ပျော်နေမယ်ထင်လို့
ငါရှေ့မတိုးခဲ့တာပါ
ကျေးဇူးပြုပြီး
နင်ပြုံးနေပေးပါ
နင် ပျော်နေတာတွေ့ရရင်
ငါကျေနပ်နေမိတယ်
နင်မခံစားပါနဲ့
ငါ အသည်းကမခိုင်လို့ပါ
မယိုင်မိအောင်ကြိုးစားနေတဲ့
ငါ့ အဖြူရောင်ဆိုတဲ့
ထာဝရ ခင်မင်မှု့နဲ့
ရှေ့ဆက်နေခွင့်ပေးပါနော်...


မာလာထွန်း

PhotoShine 3.45 Full Version ...

အလွမ်းမင်းသားလေး | 06:09 | Best Blogger Tips


ကျွန်တော့်ဆိုဒ်လေးကိုလာရောက်လည်ပါတ်ကြတဲ့မိတ်ဆွေများအတွက် PhotoShine 3.45 Software လေးတင်ပေးလိုက်ပါတယ် ဒီဆော့ဝဲလေးကတော့ ဓါတ်ပုံရိုက်တာဝါသနာပါတဲ့ ၀ါသနာရှင်တွေအတွက်ပါ၊ မိမိဓါတ်ပုံလေးတွေကို ဘောင်လှလှလေးတွေနဲ့ အလှဆင်ခြင်တဲ့သူတွေ အကြိုက်လေးဖြစ်မှာပါ။

ဒီဇင်ဘာ ရဲ့ ညတစ်ညမှာ...

အလွမ်းမင်းသားလေး | 05:15 | Best Blogger Tips


ဒီဇင်ဘာရဲ့ ညတစ်ညမှာပေါ့..
မာန တွေကိုခွါချ..
သိက္ခာတွေကို ဟာသလုပ်ခံရဖူးတယ်...။

နှင်းမကျတဲ့ ဆောင်းတစ်ညမှာပေါ့...
အထင်းသားလို့ ထင်မှတ်ခဲ့တဲ့ 
သူ့ အကြင်နာတွေ..
ပြတင်းတံခါး လေတစ်ချပ်အတိုးမှာ..
အခိုးအငွေ့ အလား ပျောက်ကွယ်သွားခဲ့ဖူးတယ်...။

မိုးမကျတဲ့ အဲ့ဒီညမှာပေါ့...
ငါဆိုတဲ့  ကမာကောင်လေးက..
ပုလဲတစ်ပွင့် ငါမွေးထုတ်ခဲ့ဖူးတယ်..။

လမသာတဲ့ ညတစ်ညမှာပေါ့..
၁၅၀၀ ကိုအပေးခံရလိုက်..
ပြန်ရုတ်သိမ်းခံရလိုက်နဲ့ ..
ငါ အန်ထုတ်ထားတဲ့ အချစ်တွေ
ပြန်အသွပ်သွင်းခံရဖူးတယ်...။

အေးချမ်းလှတဲ့ ဆောင်းတစ်ညမှာပေါ့..
မဖြစ်နိုင် ဆိုတဲ့ စကားတစ်ခွန်းနဲ့ ..
တမြိုက်မြိုက်နဲ့ ငါလောင်ကျွမ်းခဲ့ဖူးတယ်..။

သူ့ အတွက် မနက်...
ငါ့အတွက် ည ဖြစ်ခဲ့တဲ့ အဲ့ဒီညမှာပေါ့..
ငါ ပျိုးခဲ့တဲ့ မျှော်လင့်ခြင်းသစ်ပင်..
အမြစ်က ဆွဲနုတ်.. အမှိုက်ပုံးထဲ
လွှင့်ပစ်ခံရဖူးတယ်...။

အေးချမ်းခြင်းနဲ့ ပူလောင်ခြင်း...
ချိုမြိန်ခြင်းနဲ့ ခါးသီးခြင်း...
အချစ်နဲ့ အမုန်း...
ဒွန်တွဲနေခဲ့တဲ့ ...
အဲ့ဒီ ဒီဇင်ဘာ ညတစ်ည...
ငါ့ဘ၀အတွက် အမှတ်တရ တစ်ခုအဖြစ်...
ငါ မှတ်တမ်းတင်ခဲ့မိတယ်...
အဲ့ဒီည ချမ်းလေးမှာပေါ့....။
 
 
ချင်းမလေး

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ