အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday, 26 June 2013

မျှော်လင့်ခြင်းတွေနဲ့ပဲ ...

အလွမ်းမင်းသားလေး | 04:43 | Best Blogger Tips




တချို့လူတွေက အရမ်းကံကောင်းကြတယ်
နာကျင်မူ တွေ ခံစားပြီးတဲ့အခါမှာ
ကိုယ်ချစ်တဲ့ သူက နားလည်တက်ရင်
သူတို့လိုချင်တဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရကြတယ်..။


တချို့လူတွေကျ အရမ်းကံဆိုးကြတယ်......။
ကိုယ်ဘက်က အချစ်တွေ အများကြီး ပေးဆပ်ခဲ့သည့်တိုင်
ကိုယ် ချစ်တဲ့ သူက နားမလည်ချင်ယောင်ဆောင်သွားခဲ့ရင်
သူတို့ အတွက် နာကျင်မူဆိုတာကို တစ်သက်လုံး ပိုင်ဆိုင်ခွင့် ရတော့တယ်။


တချို့လူတွေကျ ကိုယ်တိုင် ကံဆိုးမှန်း ကံကောင်းမှန်းမသိကြဘူး
လက်လွတ်ဆုံးရူံမူနဲ့ နာကျင်ရတော့မှာလိုလို


ကိုယ်လိုချင်တဲ့ အချစ်ကို ပိုင်ဆိုင်ခွင့်ရတော့မှာလိုလိုနဲ့
သူတို့ရဲ့ ဘ၀မှာ မျှော်လင့်ခြင်းတွေနဲ့ပဲ ပြည့်နက်နေတက်တယ်...........။



                                                  မင်းအလင်္ကာ


Tuesday, 25 June 2013

Android ဖုန်းတွေမှာ Facebook ကခဏခဏ Log Out ဖြစ်သွားတာကိုဖြေရှင်းကြမယ်...

အလွမ်းမင်းသားလေး | 07:25 | Best Blogger Tips


  http://www.e-mergemarketing.net/wp-content/uploads/2013/02/facebook-lock.jpg
 
FB Page ထဲမှာ Bro တစ်ယောက်က ဖွဘုတ်ကြီး ခဏခဏ Log Out ဖြစ်နေလို့ ဆိုပြီး ဘိုလုပ်ရမလဲ ဆိုလို့ ပါ– အခုတော့ အဲ့လို Log Out ခဏခဏ မဖြစ်အောင် လုပ်နည်းလေး တင်ပေးလိုက်ပါပြီနော် ကျွန်တော် သိတာနည်းနည်း ကြာပါပြီ သေချာ မသေချာ စမ်းကြည့်နေလို့ပါ– နောက်ဆုံးတော့ အဖြေထွက်လာခဲ့ပါပြီဗျာ–
ဘာလို့ Log Out ဖြစ်တာလဲ လို့ အဖြေရှာကြည့်တဲ့ အခါ အားလုံးနားလည်အောင်ပြောရရင် Connection မကောင်းလို့ပါ– FB ကို တစ်ခါ ဖွင့်တိုင်း Security Data ကို Server ကို လှမ်းလှမ်းပြီး ပို့ပေးရပါတယ်–တစ်ခါ Log In ၀င်ပြီးတော့ တစ်သက်လုံး ထိုင်သုံးလို့မရပါဘူး။ FB Application ကို ပထမ တစ်ခါ စပြီး Log in ၀င်မှ မဟုတ်ပါဘူး ခဏ ထွက် ပြန်ဖွင့် လည်း Security Data လှမ်းတောင်းနေပါတယ်–
 
 
 

ကဏ္ဍများစွာ ပါဝင်တဲ့ GOthere Myanmar 2013 v1.1.1.1 APK For Android...

အလွမ်းမင်းသားလေး | 07:05 | Best Blogger Tips


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp554lK777UYO0lHm4aPkeEsMfI8mMdEmZ_bMVYgUu44g6eWuJSQpBammmwMtSNGXncVKHDxJykA0i-10Fqp7QUHtO-GZVdXk5jOK-KOnHxiiD3T5mesF_alewrbMVhAc9r9L6wByU35Q1/s1600/1.png
မြန်မာ Programmer ပညာရှင်များဖန်တီးထားတဲ့ Android Application တွေထဲမှာ Gothere Myanmar ကတော့ အအောင်မြင်ဆုံး Application လေးတစ်ခုလို့ ပြောလို့ရပါတယ်ဗျာ။ အခု Gothere Myanmar က Version အသစ်ထွက်လာလို့ ထပ်ပြီးတင်ပေးလိုက်တာပါဗျာ။ Gothere Myanmar ကိုတော့လူတိုင်းသိပြီးသား လို့ထင်ပါတယ်ဗျာ။ မသိသေးတဲ့သူတွေအတွက် အနည်းငယ်ရှင်းပြလိုက်ပါတယ်ဗျာ။
 
 

ရီစရာလေးပါ...

အလွမ်းမင်းသားလေး | 06:45 | Best Blogger Tips


အဝေးပြေးလမ်းတွင်ယာဉ်တိမ်းမှောက်မှု တစ်ခုအတွက် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ကြသည်။

အခင်းဖြစ်ပွားမှုတွင် ယာဉ်ပေါ်တွင်ပါလာသော လူအားလုံးမှာ ပွဲချင်းပြီးသေဆုံးခဲ့ကြပြီး

ထို ယာဉ်ပေါ်တွင်ပါလာသော မျောက်တကောင်သာ အသက်ရှင်ကျန်ရစ်သည်။
...
ရဲများမှာ အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်းရန် အတွက် အခက်တွေ့နေကြသည်။

ကံကောင်းချင်တော့ ထိုကားပေါ်တွင် ပါလာသော မျောက်မှာ လူတို့ပြောစကား နားလည်ပြီး

သူကိုယ်တိုင်ကလဲ ခြေဟန်လက်ဟန်နှင့် ပြန်ပြောနိုင်ခြင်းဖြစ်သည်။

ထို့ကြောင့် အမှုအတွက် အခြားသက်သေများ မရသည့် အဆုံး မျောက်အား အမှုစစ်ကြရသည်။

ရဲအရာရှိ(မေး)။ ။....ကဲဒီကားပေါ်မှာ လူဘယ်နှစ်ယောက်ပါလာလဲ

မျောက်(ဖြေ) ။ ။၁၄ယောက်(လက်၁၀ချောင်းအပြင်ခြေ ၄ချောင်း ပါ ထောင်ပြသည်)

ရဲအရာရှိ(မေး)။ ။ဟုတ်ပြီ ဒါဆို သူတို့တွေ ဘာလုပ်နေလဲ

မျောက်(ဖြေ)။ ။လက်မကို မော့သည့်ပုံ လုပ်ပြသည်။

ရဲအရာရှိ။ ။သြော် အရက်သောက်ကြတယ်ပေါ့(မျောက်ကထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်သည်)

ရဲအရာရှိ(မေး)။ ။ပြီးတော့ရော

မျောက်(ဖြေ)။ ။ ခုန်ဆွ ခုန်ဆွဖြင့် ကသည့်ဟန်လုပ်ပြသည်(ရဲက သြော် ဒါဆို သူတို့ မူးပြီး ကကြတယ်ပေါ့...မျောက်က ခေါင်းကိုထပ်ညိတ်သည်)

ရဲအရာရှိ(မေး)။ ။ဘယ်နှစ်ယောက်တောင် မူးကြတာလဲ

မျောက်(ဖြေ)။ ။၁၄ ယောက်လုံး (လက်၁၀ချောင်းအပြင်ခြေ ချောင်း ၄ ချောင်းပါ ထပ်ထောင်ပြသည်)

ရဲအရာရှိ။ ။ဟ ဒါဆိုဒရိုင်ဘာ ကရော ဘာလုပ်နေတုန်း

မျောက်(စိတ်မရှည်ဟန်ဖြင့်)။ ။မူးသည့်ဟန်နှင့် ကသည့်ဟန်ပါလုပ်ပြသည်

ရဲအရာရှိလဲ စိတ်ညစ်လာပြီးမေးသည်.....

"ကိုင်း ကားတစီးလုံးက ဒီလိုမူးရူးပြီး ပျော်ပါးနေတာ ကားကို ဘယ်အကောင်မောင်းတုန်းကွ"

ထိုအခါကျမှ မျောက်က သူပြောချင်သည့်အပိုင်းရောက်လာသောကြောင့် ဘ၀င်ကြသွားသည့် ဟန်ဖြင့်

သူ၏ ရင်ဘတ်ကိုကော့ပြီး တဘုန်းဘုန်း ပုတ်ပြလိုက်လေတော့သည်။။

တိန်....(တေရော တေရော တေရော.....)

ရီမောပျော်ရွှင်ပါစေ....



Credit to : ဦး ရဲကြီး
 
 
 

Monday, 24 June 2013

Facebook အကောင့်အသစ်ဖွင့်ရင် lock မကျအောင်ဖွင့်မယ် ...

အလွမ်းမင်းသားလေး | 05:35 | Best Blogger Tips



မင်္ဂလာပါခင်ဗျာ ခုဖော်ပြပေးမဲ့နည်းလမ်းလေးကတော့ facebook အကောင့်အသစ်ဖွင့်ရင် လော့ကျကျနေတယ်ပြောလို့ အဆင်ပြေနိုင်ဆုံးနည်းလမ်းလေးကို ပြန်လည်ဝေမျှပေးတာဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်ကိုယ်တိုင် အကောင့် လေးခုလောက် စမ်းပြီး ဖွင့်ပေးပြီးသွားပါပြီး လော့ မကျပါဘူးအဆင်ပြေပါတယ်။ သူငယ်ချင်းအားလုံးလည်း ဒီနည်းလမ်းလေးကို အသုံးပြုကြည့်နိုင်ပါတယ်ခင်ဗျာ။ စမ်းသပ် ကြည့်မဲ့သူငယ်ချင်းများအတွက် အသုံးဝင်မှာပါ။ proxy တွေ ကျော်သုံးစရာလည်းမလိုပါဘူး Firefox browser လေးနဲ့ ဖွင့်မဲ့နည်းလမ်းလေးကိုပြောပါ့မယ်။


ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ