အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday, 17 September 2013

"အရွယ်က စကားပြောတယ်"...

အလွမ်းမင်းသားလေး | 07:20 | Best Blogger Tips



တောလမ်းခရီးတခုမှာ လူငယ်တစ်ဦးနဲ့ အဖိုးအိုတစ်ဦးတွေ့ကြတယ်
"အဘ ဘယ်သွားမလို့လဲ"
"ဟိုဘက်ရွာ"
"ဒါဆို အတူတူသွားကြတာပေါ့"
"အေး"
"ဟိုဘက်ရွာကို ဘာသွားလုပ်မှာလဲ အဘ"
"အငြိမ့်ပွဲကမယ်ပြောလို့ သွားကြည့်တာ"
"ဟင်... ကျနော်သာ အဘအရွယ်ဆို အငြိမ့်မကြည့်တော့ဘူး"
အဖိုးအိုက ဘာမှပြန်မပြောဘူးခဏနေတော့ အဖိုးအိုက ပုလင်းတလုံး ထုတ်ပြီး မော့သောက်တယ်
"ဘာတွေလဲ အဘ"
"အရက်"
"ဟင်... ကျနော်သာ အဘအရွယ်ဆို အရက်မသောက်တော့ဘူး"
အဖိုးအိုက ဘာမှပြန်မပြောဘူးခဏနေတော့ အပင်တပင်အောက်မှာ ခရီးတထောက် နားကြတယ်လူငယ်က အပင်ပေါ်မော့ကြည့်ပြီးပြောတယ်... ..."ဟာ အဘ၊ သရက်သီးတွေဗျ"
"ဟုတ်တယ်၊ ဒီအပင်က အသီးက တော်တော်ကောင်းတာ၊ ငါတို့ငယ်ငယ်က ခူးစားနေကျကွ"
"စားချင်တယ်ဗျာ""

Sunday, 15 September 2013

Call Recorder v1.4.6 Apk 2MB...

အလွမ်းမင်းသားလေး | 21:46 | Best Blogger Tips



CallRecorder အသုံးပြုချင်တဲ့သူငယ်ချင်းအတွက်  15ရက်နေ့ထွက် Update ဗားရှင်းတင်ပေးလိုက်ပါတယ်
ဖုန်း call အ၀င်ရော ၊ အထွက်ရော အသံကြည်လင်လင်နဲ့ record လုပ်ပေးထားမှာပါ။ 
 ယေဘုယျအားဖြင့် Android version 2.2 နှင့်အထက်ရှိတဲ့ ဖုန်းအားလုံးမှာ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ပြီး နောက်ပိုင်းထွက် မော်ဒယ်မြင့်ဖုန်းတွေမှာဆိုရင်တော့ ဒီဆော့ဝဲရဲ့လုပ်ဆောင်ချက်ကပိုမိုကောင်းမွန်မှာပါ။
 မှာ304ဘတ်ပေးရတဲ့ App ပါ

အထက်ကိုသာကြည့်ပါ…

အလွမ်းမင်းသားလေး | 21:23 | Best Blogger Tips



ဟိုး…ရှေးရှေးတုန်းက… ရွက်သင်္ဘောကြီးတစ်စင်းဟာ ပင်လယ်ထဲမှာ မုန်တိုင်းမိပါသတဲ့…။ မာလိန်မှုးဟာ ပင်မရွက်ကြီးကိုဖြုတ်မှဖြစ်မယ့်အခြေအနေကြောင့် လူငယ်တစ်ဦးကို ရွက်တိုင်ထိပ်ကိုတက်ပြီး ရွက်ကြိုးကိုဖြုတ်ချဖို့ စေခိုင်းပါတယ်…။
လူငယ်ဟာလည်း သွက်သွက်လက်လက်ပဲ ရွက်တိုင်ထိပ်ကိုတက်သွားပြီး ရွက်ကြိုးကို ဖြုတ်ချနိုင်ခဲ့ပါတယ်…။ ရွက်ကြိုးဖြုတ်ပြီးလို့ အောက်ကိုပြန်ဆင်းမယ်အလုပ် အောက်ကိုငုံ့ကြည့်လိုက်ပါတယ်…။
အဲဒီအခါမှာတော့… ဧရာမလှိုင်းလုံးတွေကြားမှာ လူးလွန့်နေတဲ့ သူတို့ရဲ့ သင်္ဘောလေးရဲ့ ထိပ်လန့်ဖွယ်မြင်ကွင်း…သူတို့ကိုစားဖို့စောင့်နေတဲ့ ငါးလိပ် ငါးမန်းတွေ ကိုမြင်တော့ နဂိုကရှိတဲ့ သတ္တိတွေပျောက်ပြီး အောက်ကိုပြန်မဆင်းရဲ ပဲ ဖြစ်နေပါသတဲ့…

နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးအား အင်တာဗျူးခြင်း(မေးထဲမှ)ဟာသ...

အလွမ်းမင်းသားလေး | 20:53 | Best Blogger Tips



 
ဒီအတိုင်းဆိုရင်တော့ ........ဟင်း!--

ဒီလိုရည်ရွယ်ချက်ကြီးကြီးထားရတယ်


နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးအား အင်တာဗျူးလိုက်ခြင်း



မေး-စာမေးပွဲဖြေရတော့မယ်နော်။ ဘာတွေပြင်ဆင်နေပြီလဲ?
ဖြေ-အချိန်မီ ဆရာ့ထဲကို ကိုယ့်ခုံနံပါတ်လေးပါသွားအောင်
ကျူရှင်လခသွင်းနေပါတယ်။ နောက်တစ်ခုကတော့ ဆရာတွေလိပ်စာကို
စုဆောင်းနေပါတယ်။ ဒါမှလည်း စာမေးပွဲပြီးပြီးချင်း ကန်တော့လို့ရအောင်ပါ။
ကန်တော့ဖို့ ပိုက်ဆံကိုတော့ ဟိုနေ့ကမှ
အိမ်ကိုလှမ်းပြီးဖုန်ဆက်ပြောထားပါတယ်။ လောလောဆယ် စာတော့ မလုပ်ဖြစ်သေးဘူး။

Friday, 13 September 2013

"ကံတူအကျိုးပေး"...

အလွမ်းမင်းသားလေး | 08:29 | Best Blogger Tips


လူတစ်ယောက် အရက်သောက်ဖို့ ဆိုင်ထဲဝင်လာတော့ ထိုင်စရာမရှိဘူးဖြစ်နေတယ်
ဒါနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘေးကခုံမှာ သွားထိုင်လိုက်တယ်
အချင်းချင်းမိတ်ဖွဲ့ရင်း ရောက်တတ်ရာရာ ပြောဖြစ်ကြတယ်... ...

"ရှင်က အမြဲလာသောက်တာလား"

"မဟုတ်ပါဘူး၊ ဒီနေ့က အောင်မြင်မှုတခုအတွက် ပျော်လို့လာသောက်တာ"
"ဟယ်... တိုက်ဆိုင်လိုက်တာ၊ ကျမလည်း အောင်မြင်မှုတခုအတွက် ပျော်လို့သောက်တာ"

"ကျနော် နွားမတွေမွေးထားတာ၊ ဘယ်နှစ်ကြိမ် သားစပ်စပ် မအောင်မြင်ဘူးဗျာ"
"ဟယ်... တိုက်ဆိုင်လိုက်တာ၊ ကျမလည်း ကလေးလိုချင်တာ ဘယ်နှစ်ကြိမ်ကြိုးစားကြိုးစား မရဘူး ကြာလှပြီ"

"ဒီနေတော့ ကျနော့်နွားမတွေကို စစ်ကြည့်တာ ဇီးရှိနေပြီလေ"
"ဟယ်... တိုက်ဆိုင်လိုက်တာ၊ ကျမလည်း ဒီနေ့ ဆီးစစ်ကြည့်တော့ ကျမမှာ ကိုယ်ဝန်ရှိနေပြီလေ"

"တော်တော်တိုက်ဆိုင်တယ်ဗျာ နော်"
"ဟုတ်ပ့ါရှင်... ဒါနဲ့ ရှင်က ဘယ်လိုလုပ်လိုက်လို့ သားစပ်တာ အောင်မြင်သွားတာလဲ"

"နောက်နွားသိုးတစ်ကောင်နဲ့ ပြောင်းပြီး သားစပ်လိုက်တယ်လေ"

ဒီတော့ အဲဒီမိန်းမက ထ,အော်တယ်... ..

"ဟယ်... တိုက်ဆိုင်လိုက်တာ"
"ဂျာ..."


သန်၎ကို
 
 

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ