အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday, 18 September 2013

နှလုံးသားဒိုင်ယာရီ...

အလွမ်းမင်းသားလေး | 07:29 | Best Blogger Tips



နှလုံးသားဒိုင်ယာရီ




အမှတ်တမဲ့တွေ့ဆုံခြင်းအစကနေ
အမှတ်တရနှလုံးသားဒိုင်ယာရီတစ်အုပ်ဖြစ်ခဲ့မယ်လို့ ယုံတောင်မယုံကြည်မိခဲ့ပါဘူး။

အချစ်ဆိုတဲ့အရာကဘ၀ပျက်စေနိုင်ပေမယ့် အချစ်မပျက်အောင် အရာရာကိုထိန်းချုပ်ခဲ့ပါတယ်
အချိန်တွေကုန်သွားပေမယ့်  သတိရစရာတွေကတော့
 
ဘယ်အချိန်ရောက်ရောက်ရင်ထဲမှာကိန်းအောင်းနေဆဲ။

တိုနှစ်ယောက်ရဲ့ နှလုံးသားရင်တွင်းစကားတွေပြောတတ်တဲ့ ချစ်သူဆုံစည်းရာဒီနေရာလေးလည်းခုတော့
အသက်မဲ့နေခဲ့။

ထိုင်ခုံလေးလည်းအခုတော့ ဘယ်သူတွေအတွက်ရင်ခုန်ခြင်းရဲ့ ဆုံတွေ့ရာနေရာလေးဖြစ်နေပြီလဲ မသိဘူးနော်။ 

ခုံတန်းလေးရဲ့နောက်ဖက်ကခရေပန်းပင်ကတော့ အရင်အတိုင်းတည်ရှိနေဆဲအရင်အတိုင်း
ရနံ့တွေပြောင်းလဲသွားမှာမဟုတ်ဘူးလို့တော့
ငါယုံကြည်ပါတယ်။

  ပြောင်းလဲခြင်းမှာချစ်ခြင်းတွေပြောင်းလဲခဲ့ပေမယ့်ငါနှလုံးသားရဲ့ဒိုင်ယာရီမှာမျက်ရေတွေစွန်းထင်နေဆဲ။

 ချစ်သူရယ် အတူလျှောက်ဖူးတဲ့လမ်းတွေလည်းခုတော့ သစ်ရွက်တွေခြောက်သွေ့နေတယ်။

လမ်းလျှောက်ရင်း ငါ့လက်သန်းတစ်ဖက်က
နင့်လက်သန်းလေးနဲချိတ်ဆွဲထားသလို  ဘေးကိုထွက်ထွက်နေမိတယ်။

အိုး...ငါရှက်လိုက်တာ ..ငါကိုလူတွေလှည့်ကြည့်နေတယ်

ငါကိုလူတွေရူးနေတယ်ထင်မိမလားပဲ။
ငါရင်တွေခုန်နေမိတယ်။

မင်းနဲ့လျှောက်ဖူးတဲ့လမ်းလေး ၊မင်းနဲ့သွားဖူးလမ်း၊မင်းနဲထိုင်ဖူးတဲ့ထိုင်ခုံအော်ခုတော့လည်ဒဏ္ဍာရီတပုဒ်လိုပါပဲလား။

ဒီအချိန်ဆို မင်းကတော့မင်းချစ်သူနဲ့ကြည်နူးနေမလား၊ဒါမှမဟုတ်ငါကိုလွမ်းဆွတ်နေမလား။

နယူတန်သီအိုရီလို တန်ပြန်သက်ရောက်မူရှိနိုင်ပမလား ၊မေတ္တာကရောင်ပြန်ဟပ်ပမလား။

ချစ်နေမိတာကိုရင်နာစရာနဲ့ဖြေသိမ့်ပေမယ့်လည်း အရာမထင်ဘ၀သစ်မှာ အချစ်သစ်နဲ့မင်းတွေခဲ့ရင် အဆင်ပြေပါစေဆုတောင်းနေမိတာမင်းအတွက်ပါ။


တစ်ရေးမှ မအိပ်လိုက်ရတဲ့ရက်တွေပိုပို များများလာတယ်။ 

တကယ်ဆိုနင်ကငါ့ကို သံယောဇဉ်တွေ မှာ ချောလဲခဲ့လေလားမတွေးချင်ပဲ တွေးနေမိတယ်။

ဖူးစာမမှန်လို့ပဲသတ်မှတ်လိုက်ပါတယ်ချစ်သူ။

ချစ်သူရယ်
ရင်နဲ့မဆန့်တဲ့
အလွမ်း
ကာရံတွေကလဲ
နှလုံးသားကိုလာရိုက်တော့
ကဗျာတစ်ပုဒ်နဲ
ရုန်းထဖို့တောင်
အားအင် ပျောက်ဆုံးခဲ့ပြီ
ချစ်သူရယ် ဘာပဲ  ဖြစ်ဖြစ်
ဘယ်လိုအကြောင်းပဲရှိရှိ
မင်းနဲ့ပတ်သက်ပြီး
ငါ့ နှလုံးသားနဲ့ရေးခဲ့တဲ့ကဗျာတွေ
နှလုံးသားဒိုင်ယာရီထဲမှာ
အမြဲသိမ်းထားပြီ မင်းကိုလွမ်းနေဆဲပါကွယ် ။
 
တို့တွေရဲ့အမှတ်တရချစ်ခဲ့တဲ့မှတ်တမ်းကိုငါနှလုံးသားဒိုင်ယာရီမှာမှတ်ထားဆဲပါ။


အားလုံးကိုလေးစားလျှက်
ရှင်းသ့န်မေ
ချစ်သူတိုင်းအချစ်စစ်နဲ့ဆုံစည်းနိုင်ပါစေ

အမှတ်တမဲ့တွေ့ဆုံခြင်းအစကနေ
အမှတ်တရနှလုံးသားဒိုင်ယာရီတစ်အု
ပ်ဖြစ်ခဲ့မယ်လို့ ယုံတောင်မယုံကြည်မိခဲ့ပါဘူး။

အချစ်ဆိုတဲ့အရာကဘ၀ပျက်စေနိုင်ပေ
မယ့် အချစ်မပျက်အောင် အရာရာကိုထိန်းချုပ်ခဲ့ပါတယ်
အချိန်တွေကုန်သွားပေမယ့် သတိရစရာတွေကတော့

ဘယ်အချိန်ရောက်ရောက်ရင်ထဲမှာကိန
်းအောင်းနေဆဲ။

တိုနှစ်ယောက်ရဲ့ နှလုံးသားရင်တွင်းစကားတွေပြောတတ
်တဲ့ ချစ်သူဆုံစည်းရာဒီနေရာလေးလည်းခုတော့
အသက်မဲ့နေခဲ့။

ထိုင်ခုံလေးလည်းအခုတော့ ဘယ်သူတွေအတွက်ရင်ခုန်ခြင်းရဲ့ ဆုံတွေ့ရာနေရာလေးဖြစ်နေပြီလဲ မသိဘူးနော်။

Tuesday, 17 September 2013

"အရွယ်က စကားပြောတယ်"...

အလွမ်းမင်းသားလေး | 07:20 | Best Blogger Tips



တောလမ်းခရီးတခုမှာ လူငယ်တစ်ဦးနဲ့ အဖိုးအိုတစ်ဦးတွေ့ကြတယ်
"အဘ ဘယ်သွားမလို့လဲ"
"ဟိုဘက်ရွာ"
"ဒါဆို အတူတူသွားကြတာပေါ့"
"အေး"
"ဟိုဘက်ရွာကို ဘာသွားလုပ်မှာလဲ အဘ"
"အငြိမ့်ပွဲကမယ်ပြောလို့ သွားကြည့်တာ"
"ဟင်... ကျနော်သာ အဘအရွယ်ဆို အငြိမ့်မကြည့်တော့ဘူး"
အဖိုးအိုက ဘာမှပြန်မပြောဘူးခဏနေတော့ အဖိုးအိုက ပုလင်းတလုံး ထုတ်ပြီး မော့သောက်တယ်
"ဘာတွေလဲ အဘ"
"အရက်"
"ဟင်... ကျနော်သာ အဘအရွယ်ဆို အရက်မသောက်တော့ဘူး"
အဖိုးအိုက ဘာမှပြန်မပြောဘူးခဏနေတော့ အပင်တပင်အောက်မှာ ခရီးတထောက် နားကြတယ်လူငယ်က အပင်ပေါ်မော့ကြည့်ပြီးပြောတယ်... ..."ဟာ အဘ၊ သရက်သီးတွေဗျ"
"ဟုတ်တယ်၊ ဒီအပင်က အသီးက တော်တော်ကောင်းတာ၊ ငါတို့ငယ်ငယ်က ခူးစားနေကျကွ"
"စားချင်တယ်ဗျာ""

Sunday, 15 September 2013

Call Recorder v1.4.6 Apk 2MB...

အလွမ်းမင်းသားလေး | 21:46 | Best Blogger Tips



CallRecorder အသုံးပြုချင်တဲ့သူငယ်ချင်းအတွက်  15ရက်နေ့ထွက် Update ဗားရှင်းတင်ပေးလိုက်ပါတယ်
ဖုန်း call အ၀င်ရော ၊ အထွက်ရော အသံကြည်လင်လင်နဲ့ record လုပ်ပေးထားမှာပါ။ 
 ယေဘုယျအားဖြင့် Android version 2.2 နှင့်အထက်ရှိတဲ့ ဖုန်းအားလုံးမှာ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ပြီး နောက်ပိုင်းထွက် မော်ဒယ်မြင့်ဖုန်းတွေမှာဆိုရင်တော့ ဒီဆော့ဝဲရဲ့လုပ်ဆောင်ချက်ကပိုမိုကောင်းမွန်မှာပါ။
 မှာ304ဘတ်ပေးရတဲ့ App ပါ

အထက်ကိုသာကြည့်ပါ…

အလွမ်းမင်းသားလေး | 21:23 | Best Blogger Tips



ဟိုး…ရှေးရှေးတုန်းက… ရွက်သင်္ဘောကြီးတစ်စင်းဟာ ပင်လယ်ထဲမှာ မုန်တိုင်းမိပါသတဲ့…။ မာလိန်မှုးဟာ ပင်မရွက်ကြီးကိုဖြုတ်မှဖြစ်မယ့်အခြေအနေကြောင့် လူငယ်တစ်ဦးကို ရွက်တိုင်ထိပ်ကိုတက်ပြီး ရွက်ကြိုးကိုဖြုတ်ချဖို့ စေခိုင်းပါတယ်…။
လူငယ်ဟာလည်း သွက်သွက်လက်လက်ပဲ ရွက်တိုင်ထိပ်ကိုတက်သွားပြီး ရွက်ကြိုးကို ဖြုတ်ချနိုင်ခဲ့ပါတယ်…။ ရွက်ကြိုးဖြုတ်ပြီးလို့ အောက်ကိုပြန်ဆင်းမယ်အလုပ် အောက်ကိုငုံ့ကြည့်လိုက်ပါတယ်…။
အဲဒီအခါမှာတော့… ဧရာမလှိုင်းလုံးတွေကြားမှာ လူးလွန့်နေတဲ့ သူတို့ရဲ့ သင်္ဘောလေးရဲ့ ထိပ်လန့်ဖွယ်မြင်ကွင်း…သူတို့ကိုစားဖို့စောင့်နေတဲ့ ငါးလိပ် ငါးမန်းတွေ ကိုမြင်တော့ နဂိုကရှိတဲ့ သတ္တိတွေပျောက်ပြီး အောက်ကိုပြန်မဆင်းရဲ ပဲ ဖြစ်နေပါသတဲ့…

နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးအား အင်တာဗျူးခြင်း(မေးထဲမှ)ဟာသ...

အလွမ်းမင်းသားလေး | 20:53 | Best Blogger Tips



 
ဒီအတိုင်းဆိုရင်တော့ ........ဟင်း!--

ဒီလိုရည်ရွယ်ချက်ကြီးကြီးထားရတယ်


နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးအား အင်တာဗျူးလိုက်ခြင်း



မေး-စာမေးပွဲဖြေရတော့မယ်နော်။ ဘာတွေပြင်ဆင်နေပြီလဲ?
ဖြေ-အချိန်မီ ဆရာ့ထဲကို ကိုယ့်ခုံနံပါတ်လေးပါသွားအောင်
ကျူရှင်လခသွင်းနေပါတယ်။ နောက်တစ်ခုကတော့ ဆရာတွေလိပ်စာကို
စုဆောင်းနေပါတယ်။ ဒါမှလည်း စာမေးပွဲပြီးပြီးချင်း ကန်တော့လို့ရအောင်ပါ။
ကန်တော့ဖို့ ပိုက်ဆံကိုတော့ ဟိုနေ့ကမှ
အိမ်ကိုလှမ်းပြီးဖုန်ဆက်ပြောထားပါတယ်။ လောလောဆယ် စာတော့ မလုပ်ဖြစ်သေးဘူး။

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ