အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday, 20 October 2012

Photoshop ဖြင့်စာရွက်စာတမ်းများ ဖြတ်ကပ်ပြုလုပ်ခြင်း ...

အလွမ်းမင်းသားလေး | 21:21 | Best Blogger Tips


 Photoshop နဲ့ စာရွက်စာတန်းတွေ ဖြတ်ကပ်လုပ်တာလေး ပြောပြချင်လို့ပါ..။ နိုင်ငံခြားရောက်နေတဲ့ လူတွေအတွက် ဒီလိုနည်းလေးတွေလည်း တတ်ထားသင့်ပါတယ်..။ Photoshop ကိုလုံးဝမသုံးတတ်သေးတဲ့ သူများပါ နဲနဲချင်း လုပ်တတ်လာအောင်လို့ Photoshop လေ့ကျင့်ခန်းလေးတွေကိုလည်း အလျှင်းသင့်သလို ဖေါ်ပြပေးသွားပါမယ်..။ အခုဒီနည်းလေးကို ဘာလို့ဖေါ်ပြရလည်းဆိုတော့ ကျနော်ရဲ့သူငယ်ချင်း တယောက်က ပါတ်စပို့စာအုပ်လုပ်ချင်တယ်..။
သူ့သူဌေးကလည်း လုပ်ပေးတယ်..။ သံရုံးမှာတင်ဖို့ ဘာစာရွက်စာတန်းမှ မရှိဘူး..။ သူ့အိမ်နဲ့လည်း အဆက်အသွယ်လုပ်လို့ မရပါဘူး..။ ဖုန်းခေါ်ဖို့ မပြောနဲ့ လူကြုံတောင်မရှိတဲ့ နေရာ..။ ဘယ်လိုလုပ်မလဲ..။ ကျနော့်ကို အတင်းခိုင်းပါတော့တယ်..။ သူကတော့ စာရွက်စာတန်း ဖြတ်ကပ်လုပ်တယ် ဆိုပေမယ့် အားလုံးအမှန်တွေပဲ ရေးတာပါ..။ သူ့ရွာ၊ သူ့မြို့နယ်၊ တိုင်း အားလုံး အမှန်တွေပဲ ရေးထည့်တာပါ..။ KL မြို့ထဲမှာလည်း ဒီလိုနည်းနဲ့ စာရွက်စာတန်းတွေ လုပ်ပေးတယ်..။ ပိုက်ဆံလည်း အများကြီးပေးရတယ်..။ လုပ်နည်းကတော့ လွယ်ပါတယ်..။ မလုပ်တတ်ရင်တော့ ပိုက်ဆံကုန်တာပေါ့ဗျာ.. ကျနော့်သူငယ်ချင်းကို ဒီနည်းလေးပါ သင်ပေးလိုက်တယ်.. 

ပြည်တွင်းမှ Gmail account လုပ်နည်း.....

အလွမ်းမင်းသားလေး | 20:26 | Best Blogger Tips


အကောင့်ဖွင့်ရတာ မခက်ပါဘူး။ ကျပ် ၉ထောင် ပေးစရာမလိုပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖွင့်လို့ရတဲ့ နည်းလမ်းရှိပါတယ်။
၁။ ကိုယ့်မှာ Gmail account ရှိပြီးလျှင်သော်၎င်း၊ မရှိလျှင် သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး ကိုယ့် Email ကို ပြန်၍ Invite လုပ်ပါ။ [ Gmail ထဲက ဘယ်ဖက် Invite ဆိုတဲ့အကွက်မှာ လုပ်ပါ!
၂။ Invite လုပ်ပြီးရင်... Google မှ သင့်ထံ Account အသစ်ကို Create လုပ်ဖို့ Sign Up Link ပို့လိမ့်မယ်။
၃။ *Sign Up* ဆိုတဲ့ လင့်ကို (Right-Click, Copy Link Location)နှိပ်ပါ။
၎။ ***Internet Explorer ကိုဖွင့်၍ Address bar မှာ ခုနတုန်းက Copy လုပ်ထားတဲ့ Sign Up link ကို Paste လုပ်ပါ။
၅။ Account Create Page ပေါ်လာရင် လိုအပ်တာတွေဖြည့်စွက်ပါ။ (First Name, Last Name, Username, D.O.B, Security Question စသည် ဖြည့်လိုက်ပါ။
၆။ သတိ** Security Question မှာ ဖုန်းနံပါတ်ဆိုတဲ့ မေးခွန်းကို ရှောင်ပါ။ Secondary Email ကို ကိုယ့်သူငယ်ချင်းရဲ့ Email သို့မဟုတ်၊ ကိုယ့်ရဲ့ အရင် Gmail အဟောင်းကို ဖြည့်ပေးပါ။
၇။Location ဆိုတဲ့ နေရာ မြန်မာပြည်ကလွဲလို့ တခြား နိုင်ငံတွေကို ရွေးလိုက်ပါ။ စမ်းသပ်ချက်အရ- Thailand, Laos, Australia, Cambodia, Sri-Lanka, India စတဲ့နိုင်ငံတွေကို ရွေးပါ။ United States, UK, Japan, , Russia, Korea, China စသော နိုင်ငံတွေကိုရှောင်ပါ။
၈။ ကွက်လပ်များကို မှန်အောင်သေချာစစ်ပါ၊ နောက်တစ်ခါ ထပ်ဖြည့်ရတာမျိုးမဖြစ်ပါစေနဲ့။
၉။ ပြီးရင် Signup/ Register လုပ်လိုက်ပါ။

ဒါဆိုရင်တော့ မိမိတို့လိုချင်တဲ့ အကောင့်အသစ်တစ်ခု ရရှိလာမှာ ဖြစ်ပါတယ်။
ရှာရင်းဖွေရင်းနဲ့တွေ့လို့မျှဝေပေးလိုက်ပါတယ် . . .
 
 
ကိုကျော်ကိုကို(နည်းပညာ)

ချစ်သူဆီက အဖြေတောင်းတဲ့နည်း (အဖြေတောင်း ဆော့ ဝဲလ်လေး)...

အလွမ်းမင်းသားလေး | 20:22 | Best Blogger Tips



ဒီနည်းလေးကတော့ ချစ်သူဆီက အဖြေတောင်းဖို့ ကောင်းတဲ့နည်းလေးပါ အဖြေ

မရသေးတဲ့သူများ ဒီနည်းနဲ့ တောင်းကြည့် မိုက်တယ်.ဆော့ဝဲလေးကို ချစ်သူဆီပို့ 

အဲ့ဒါဆိုသူသဘောပေါက်သွားလိမ့်မယ်။
အပျိုကြီးလူပျိုကြီးများနှင် ချစ်သူမရှိသူများသို့ .....။
ကြိုက်လို့ ပြန်လည်မျှဝေ လိုက်သည်..အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ်
ဆော့ ဝဲလ် လေးဒေါင်းလိုက်ပါဦး..
ဒေါင်းရန်..ဒီမှာ








ညီသူ

သင့်ရဲ့ password ကို Hacker တွေ ရယူနိုင်ပုံ နှင့် ကာကွယ်နည်း ...

အလွမ်းမင်းသားလေး | 20:19 | Best Blogger Tips


၁။  ။ကွန်ပျူတာခလုပ်ခုံ (ကီးဘုတ်) မှမှတ်တမ်းများရယူခြင်း..။(Log Keystoke)
               ဒီနည်းကတော့ Key logger progrem တစ်ခုကိုအသုံးပြုပြီး ၄င်းကွန်ပျူတာမှာ
အသုံးပြုသူရိုက်သမျှစာတွေကို မှတ်ယူထားတဲ့နည်းဖြစ်ပါတယ်။ဒီနည်းနဲ့အသုံးပြုသူရဲ့ 
ကိုယ်ရေးကိုယ်တာအချက်လက်တွေကို အလွယ်တကူရရှိနိုင်ပါတယ်။များသောအားဖြင့်
အင်တနက်ဆိုင်မှာ သုံးတဲ့သူငယ်ချင်းတွေ သတိထားစေလိုပါတယ်။(မိမိသုံးနေတဲ့ ကွန်ပျူတာ
မှာ Key Logger progrem ရှိမရှိ သိနိုင်ဖို့  အောက်မှာကျွန်တော်ပြပေးထားပါတယ်။)
၂။  ။စကားဝှက်များရယူခြင်း ( Hack password)
                    စကားဝှက်များရယူခြင်းနည်းမှာတော့ နည်းလမ်းများစွာရှိပါတယ်။
အသုံးအများဆုံးနည်းတွေကတော့ SQL Injection နည်းနဲ့ အသုံးပြုသူတွေ စကားဝှက်
အပေးအများဆုံးတွေကို ခန့် မှန်းဝင်ရောက်တဲ့နည်းဖြစ်ပါတယ်။Dictionary Attack & 
Brute Force Attack ဆိုပြီးနှစ်ပိုင်းခွဲခြားနိုင်ပါတယ်။

 
၃။  ။မလွယ်ပေါက်မှဝင်ရောက်ခြင်းနည်း(Gain backdoor)
                 မိမိကွန်ပျူတာရဲ့ အားနည်းချက်(ဟာကွက်) တွေကနေ ဝင်ရောက်တဲ့နည်းဖြစ်ပါတယ်။
ဒီလိုဝင်ရောက်ရာမှာလည်းနံပါတ်(၂) ကအတိုင်းပဲ Dictionary Attack &  Brute Force Attack
နည်းလမ်းနှစ်မျိုးကိုပဲသုံးကြပါတယ်။

(Dictionary Attack ဆိုတာကတော့ အဘိဓာန်ထဲမှာပါဝင်တဲ့စကားလုံးတွေသွင်းထဲ့ရင်း ဝင်ရောက်တဲ့နည်းလမ်းပါ။
  Brute Force Attack ဆိုတာကတော့ Keyboard system မှာပါတဲ့စာလုံးတွေကို ပေါင်းစပ်ဝင်ရောက်တဲ့နည်းပါ။)
၎။  ။တစ္ဆေကွန်ယက်တစ်ခုဖန်တီးရယူခြင်း(Crate bonet computer)
                   ဒီနည်းကတော့နိုင်ငံအနှံအပြားက ကွန်ပျူတာတွေကိုbonet ကွန်ပျူတာဗိုင်းရပ်စ် ကူးစက်စေပြီး
မိမိလိုအပ်တဲ့အချိန်ကြမှ သားကောင်ဆာဗာတွေကို တိုက်ခိုက်တဲ့နည်းဖြစ်ပါတယ်။ဒါကို DDistribution
Deny of Service Attack(DDoS) လို့ ခေါ်ပါတယ်။
၅။  ။အီးမေးလ်များမှရယူခြင်း (Phishing)
                  ဒီနည်းကတော့ အသုံးပြုသူရဲ့ အီးမေးလ်လိပ်စာကို အတုအယောင်စာတွေပေးပို့ ကာ မိမိလိုအပ်တဲ့
ဆာဗာကိုလာရောက်စေပြီး စကားဝှက်တွေရယူနိုင်တဲ့နည်းပါပဲ။ဒါ့အပြင်ကွန်ယက်ထဲကနေ 

နန်းခင်ဇေယျာ ဘာ ဆုရမှာလဲ ....

အလွမ်းမင်းသားလေး | 20:05 | Best Blogger Tips



ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ မြန်မာ နိုင်ငံက မနန်းခင်ဇေယျာဟာ အွန်လိုင်း ကနေ မဲပေးတဲ့ ပရိသတ် အကြိုက်ဆုံးမဲ(People Choice Award) ရဲ့ ထိပ်ဆုံးမှာရှိတယ်လို့
နိုင်ငံတကာအလှမယ် (Miss International) ပြိုင်ပွဲဝင်သူတွေအကြောင်း သတင်း ဖော်ပြတဲ့ မစ်ဆိုဆိုလိုဂျီ (Missosology) ၀က်ဘ်ဆိုက်က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံက အလှမယ် တဦးအနေနဲ့ နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကို ပထမဆုံး ပြန်လည် ယှဉ်ပြိုင်ခြင်း လည်း ဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ အပြီးသတ်ယှဉ်ပြိုင်ရမယ့် ပအို့ဝ် တိုင်းရင်းသူ နန်းခင်ဇေယျာ အပါအ၀င် ပြိုင်ပွဲဝင် ၆၉ ဦးစလုံးဟာ ဂျပန် နိုင်ငံ အိုကီနာဝါ ကျွန်းမြို့ကလေးမှာ လေ့လာစရာတွေ မပြတ်လေ့လာ နေရပါတယ်။

အလှမယ်တွေဟာ စင်ပေါ်မှာ ဘယ်လောက်ပြောဆိုနိုင်သလဲဆိုတာရယ်၊ ရေကူးဝတ်စုံဝတ် အလှပြပြိုင်တာရယ် နဲ့ ပွဲတက်ဝတ်စုံ ၀တ်ပြိုင်ပွဲတွေပေါ် မူတည်ပြီး အမှတ်ရရှိမှာဖြစ်ပါတယ်။ စင်ပေါ်မှာ ကောင်းကောင်းပြောဆိုနိုင်ရင် မေးခွန်းတွေ ဖြေနိုင်ရင်တော့ ၁၀ ရာခိုင်နှုန်း ရမှာဖြစ်ပြီး ကျန်တဲ့ပြိုင်ပွဲနှစ်ခုအတွက် ၄၅ ရာခိုင်နှုန်း ရရှိမှာ ဖြစ်ပါတယ်။

အမျိုးသမီး တဦးရဲ့ ခန္ဓာကိုယ် ကျစ်လျစ်လှပမှုသာမက အတွေးအခေါ်၊ ဗဟုသုတ ပြောဆိုနိုင်စွမ
အမှတ်ပေး အကဲဖြတ် တဲ့ ဒီပြိုင်ပွဲဟာ ကမ္ဘာကြီး အတွက် ငြိမ်းချမ်းရေး စကားလက်ဆောင်တွေ ဖလှယ်နိုင်ဖို့လို့ ပြိုင်ပွဲ ရည်ရွယ်ချက်မှာ ထည့်ထားတာ တွေ့ရပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ဇာတိဖြစ်တဲ့ နန်းခင်ဇေယျာက ပြီးခဲ့တဲ့ မတ်လက ရန်ကုန်မှာ ကျင်းပတဲ့ မြန်မာ့အလှမယ် (Miss Myanmar) ဆုကို ရခဲ့ပါတယ်။ သူဟာ မယ်မြန်မာ ပြိုင်ပွဲမှာ ၀င်ပြိုင်သလို ခရီးသွားဧည့်လမ်းညွှန် အလုပ်ကိုလည်း လုပ်ကိုင်နေသူ ဖြစ် ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ဂျာမန်ဘာသာကို ကောင်းစွာ တတ်ကျွမ်းသူဖြစ်ပြီး လမ်းညွှန်အဖြစ် လုပ်ကိုင်နေတာကြောင့် အနုပညာဘက်ကို ဒီနှစ်ကမှ စပြီး ၀င်ရောက်လာတာ ဖြစ်တယ်လို့ ပြည်တွင်းက အင်တာဗျူးတခုမှာ ပြောဆိုထားဖူးပါတယ်။

သူဟာ အိုကီနာဝါ ကို အောက်တိုဘာ ၁ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ၅၂ ကြိမ်မြောက် ရှိပြီဖြစ်တဲ့ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲရဲ့ နေ့စဉ် လှုပ်ရှားမှုတွေမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒီ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲဟာ ကမ္ဘာမှာ အဆင့် ၄ နေ ရာရှိတဲ့ မယ်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ အခုနှစ်ပြိုင်ပွဲမှာ ၀င်ပြိုင်နေသူတချို့ဟာ အတွေ့အကြုံရှိပြီးသားလူတွေ ပါနေတယ်လို့လည်း မစ်ဆိုဆိုလိုဂျီ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ သဘောထား မှတ်ချက်တွေအရ သိရပါတယ်။

မစ်ဆိုဆိုလိုဂျီ အယ်ဒီတာအဖွဲ့ရဲ့ အောက်တိုဘာ ၈ ရက် တရားဝင်အမှတ်ပေးမှုအရတော့ အကောင်းဆုံး ရိုးရာဝတ်စုံပိုင်ရှင် ထိပ် ဆုံး ၁၅ ဦးထဲမှာ မြန်မာအလှမယ်လေးက နံပါတ် ၉ နေရာက ချိတ်ပါတယ်။ ခရမ်းစေ့ရောင် မြန်မာရင်ဖုံးအင်္ကျီ ၀တ်စုံလေးနဲ့ပါ။ တခြား အာရှက ထိပ်ဆုံးစာရင်းဝင်သူတွေကတော့ အင်ဒိုနီးရှားက နံပါတ် ၁ ဖြစ်ပြီး မွန်ဂိုလီးယားက နံပါတ် ၃ နဲ့ ဂျပန်က နံပါတ် ၄ နေ ရာက ဖြစ်ပါတယ်။ အရင်နှစ်က အကောင်းဆုံး ရိုးရာဝတ်စုံဆုကိုတော့ ထိုင်းနိုင်ငံက ရရှိခဲ့ပါတယ်။

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ