အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday, 14 December 2013

Clean Master (Cleaner) v 4.0 Apk 9MB ...

အလွမ်းမင်းသားလေး | 06:31 | Best Blogger Tips


12လပိုင်း 9 ရက်နေ့ကအသစ်ထွက်လာတဲ့ဗားရှင်းလေးပါ
ကျွန်တော်သုံးဖူးသမျှ Task killer တွေထဲမှာ ဒီကောင်အကြိုက်ဆုံးပဲ။
ကျွန်တော့်ရဲ့  Top Application တွေထဲမှာ ဒီကောင်လေးလဲပါတယ်။
ဒီကောင်လေးကိုဆောင်ထားကတည်းက စက်ကပေါ့ပေါ့ပါးပါးပဲဗျာ။
ဒီကောင်လေးမှာ Function 4 မျိုးပါ ပါတယ်။ကျွန်တော်တို့ စက်တွေထဲမှာ
မလိုအပ်တဲ့ Junk ဖိုင်တွေအကုန်လုံး အသေးစိပ်ရှာပီး ဖျက်ပေးနိုင်တဲ့အတွက်
စက်ကိုလုံးဝပေါ့သွားစေပါတယ်။App တစ်ခုကို uninstall လုပ်လိုက်ပီဆိုရင်
စက်ထဲမှာ အဲ့ဖျတ်လိုက်တဲ့ App နဲ့ ဆိုင်တဲ့ ဖိုင်တွေပျက်သွားပီလို့ ထင်နေရင်
တော့မှားသွားမယ်။အဲ့လိုကျန်ခဲ့တဲ့ အမှိုက်တွေ Junk ဖိုင်တွေကိုလည်းဖျတ်
ပေးပါတယ်။အရေးကြီးတဲ့ဖိုင်တွေကိုတော့လုံးဝဖျတ်ပေးမှာမဟုတ်ပါဘူး။
Task killer ကလည်း လုံးဝထိထိရောက်ရောက်ကို kill ပေးနိုင်ပါတယ်။
သုံးကြည့်ပါ အပြောနဲ့  လက်တွေ့ ယုံသွားစေရမယ်။လိုချင်ရင်တော့
 
အောက်ကလိပ်စာမှာရယူလိုက်ပါ။အဆင်ပြေပါစေ။

PC မှာသုံးဖို့ Mouse Cursor လှလှလေးများ ...

အလွမ်းမင်းသားလေး | 06:01 | Best Blogger Tips


http://i1154.photobucket.com/albums/p529/ssteam/d3fa172f3efdff07cf8e82fce2282e4b51d.jpg
ကွန်ပြူတာပေါ်မှာ Mouse Cursor လေးကို သူများတွေနဲ့မတူဘဲ အလန်းဇယားလေးတွေနဲ့ အသုံးပြုချင်သူ များအတွက် Stardock CursorFX Plus ကိုတင်ပေးလိုက်ပါတယ်ဗျာ။ အသုံးပြုရတာလည်းလွယ်ပါတယ်။ အသုံးပြုပုံကလည်း ကွန်ပြူမှာမှာ Mouse ပြောင်းရတဲ့ပုံစံမျိုးပါဘဲ။ အမြဲတမ်းအသုံးပြုနိုင်အောင် Full Version အဖြစ် Keymaker + Patch ကိုထည့်ပေးလိုက်ပါတယ်ဗျာ။ ဒီ Software ကိုတင်ပေးတဲ့သူရှားလို့တွေ့ထားတုန်း ကိုဒေါင်းယူစေချင်ပါတယ်ဗျာ။

သူမတူအောင်လန်းလွန်းတဲ့ - TSF Shell v2.0 APK ...

အလွမ်းမင်းသားလေး | 05:34 | Best Blogger Tips



Android ဖုန်းပေါ်မှာ ဘယ်သူနဲ့မှမတူစေဘဲ လုံးဝကိုဖလန်းဖလန်းလေးဖြစ်အောင် ဖန်တီးပေးမယ့် TSF Shell ဆိုတဲ့ Application လေးတင်ပေးလိုက်ပါတယ်ဗျာ။ ပုံမှာမြင်ရတဲ့အတိုင်းဘဲ အတော်လေးကို လန်းနေ တာတွေ့ရမှာပါ။ မိမိရဲ့ Photo , Icon , Background , Gadget , စတာတွေနဲ့ အလှဆင်နိုင်ပါတယ်ဗျာ။ ပါဝင် တဲ့ Feature တွေကတော့ အများကြီးဘဲဗျာ။ ကိုယ်တိုင်သာစမ်းသုံးကြည့်ပြီး ကလိကြည့်ကြပါနော်။ နမူနာ အနေနဲ့ အောက်မှာ Screen Shoot တွေကိုရိုက်ပြီးပြပေးထားပါတယ်ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်း များမှာထည့်သွင်းအသုံးပြုနိုင်ပါတယ်ဗျာ။

Tuesday, 10 December 2013

GooglePlayStore က ဖိုင်တွေကို PC ကနေ တိုက်ရိုက်ဒေါင်းနည်း ( Software မလို )...

အလွမ်းမင်းသားလေး | 07:24 | Best Blogger Tips



သိပြီးသားလူတွေလည်းရှိနိုင်ပါတယ်.. သူများဆီက ကူးချလာတာမဟုတ်ပါ..
1.ပထမ အောက်ကလင့်ကို သွားလိုက်ပါ..

ပြီးရင် Package or Google Play Url ဆိုတဲ့စာရဲ့ အောက်က အကွက်ထဲမှာ GooglePlay က ကိုယ်ဒေါင်းချင်တဲ့ ဖိုင်ရဲ့လင့်ကို ထည့်လိုက်ပြီး အောက်က အပြာရောင်နဲ့ ရေးထားတဲ့ Generate Link ကိုနှိပ်လိုက်ပါ..

Monday, 9 December 2013

အရိုးသားဆုံး မျက်ရည်...

အလွမ်းမင်းသားလေး | 05:30 | Best Blogger Tips


အပေါ်ယံ အမြင် နဲ့ 
ငါ ပျော်နေတယ် ထင်ပါတယ်
မမြင်ရတဲ့  ရင်တွင်း အနာ က
တစ်ခါ တစ်ခါ အတွေးများရင်
ရင်ဘတ် တစ်ခြမ်း အောင့်အောင့်လာတယ်
တောင့်တောင့်ကြီး သေနေတဲ့ 
ကမ္မထမ်း လိုပါပဲ

ခံစားရတာတွေ ပေါက်ကွဲ ချင်ပေမယ့်
ငါ့ ငိုသံတွေ အမြဲတမ်း နားထောင်ပေးတဲ့ 
ဒီအခန်းလေးကို အားနာမိတယ်
တစ်လိပ်လိပ့်ချင်း ကျလာတဲ့ 
မျက်ရည်ဥတွေ က
ငါ့ ပါးပြင် အပေါ် ပူနွေးနွေးပေါ့

နှစ်ချို့ အတွေး တွေ နဲ့ 
မှိုတက်ပြုစ မာန တွေအကြား
တစ်ခါ တစ်ခါ နေရတာ
မွန်းကျပ်လှတယ်
အတ္တ ပဲကြီးနေတာလား
မျက်ကန်း တစ်ယောက်မဟုတ်တဲ့ ငါ ကပဲ
အားလုံးကို မမြင်ချင်ယောင်ဆောင်
မျက်ကွယ်ပြုမိတာလား


လူ အချို့ မသိတဲ့ ...ငါ့ ရင်ဘတ်ထဲ ခံစားနာကျည်း တတ်တာ ဘယ်သူသိမလဲ ?



ညအက္ခရာ...


ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ