အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday 2 November 2012

နှစ်ကုန်ပိုင်း၌ လေယာဉ်အစင်းရေ တိုးချဲ့ပျံသန်းမည် ...

အလွမ်းမင်းသားလေး | 07:07 | Best Blogger Tips







နှစ်ကုန်ပိုင်း၌ လေယာဉ်အစင်းရေ တိုးချဲ့ပျံသန်းမည် -

ဉာဏ်ဉာဏ် (မြစ်မခ)
by Myit Makha Mediagroup on 2 Nov, 2012

   မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း၌ နိုင်ငံတကာလေကြောင်းလိုင်းနှင့်ပြည်တွင်းလိုင်းများ၌ လေယာဉ် အစင်းရေ တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာနက သိရသည်။
လေယာဉ်အစင်းရေ (၅) စင်း အသစ်ထပ်မံ တိုးချဲ့ပျံသန်းမည်ဖြစ်ပြီး ခရီးသွားဦးရေတိုးမြင့်လာ သောကြောင့်  အစီးရေတိုးချဲ့ပြေးဆွဲရခြင်းဖြစ်သည်။

 “ခရီးသွား ဝင်ရောက်မှု သိသိသာသာ မြင့်တက်လာလို့ ပြည်တွင်း လေကြောင်းလိုင်းတွေရဲ့ လေယာဉ် အစင်းရေတွေကို အားဖြည့် သလို နိုင်ငံတကာ လေကြောင်းလိုင်းတွေကလည်း တိုက်ရိုက် ခရီးစဉ်တွေ ပျံသန်းဖို့ တင်ပြလာတယ်။ စိစစ်ခွင့်ပြုပေးပါတယ်။ လပိုင်းအတွင်းမှာ နိုင်ငံတကာ လေကြောင်းလိုင်း တွေရဲ့ တိုက်ရိုက်ခရီးစဉ် အသစ်တွေ ပျံသန်းဖို့ ရှိပါတယ်” ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းကျော်က ပြောသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်၏ ဇန်န၀ါရီလမှ စက်တင်ဘာလ အထိ ပြည်တွင်းခရီးသွားလာသူ ခရီးသည် အ၀င်အထွက် (၇) သိန်း (၉) သောင်းရှိခဲ့ပြီး အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ခန့်မှန်းတွက်ချက်မှု များအရ ခရီးသည်(၃)သိန်း ၀င်ရောက်မည်ဟု သိရသည်။

ထို့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာ လေကြောင်းလိုင်းများမှ ၀င်ရောက်သူ ခရီးသည်ဇန်နဝါရီမှ စက်တင်ဘာအထိ (၁)သန်း (၃)သိန်း  ရှိပြီး အောက်တိုဘာမှ ဒီဇင်ဘာအတွင်း ခန့်မှန်းတွက်ချက်မှုများအရ ခရီးသည်(၄) သိန်းကျော် ဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း ဒေါ်နွယ် နီဝင်းကျော်က ဆက်ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၌ ပျံသန်းလျက်ရှိသည့် ပြည်တွင်းလေကြောင်းလိုင်းများ အနေဖြင့် လက်ရှိတွင် မြန်မာအဲဝေး၊ အဲမန္တလေး၊ ရန်ကုန်အဲဝေး၊ အဲပုဂံ၊ အဲကမ္ဘောဇ၊ အေးရှားအဲဝေးမှ လေယာဉ်အစင်းရေ (၂၉)စင်းဖြင့် ပျံသန်းလျက်ရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်း ခရီးသည်များပြားလာခြင်းကြောင့် လေယာဉ်အသစ်ထပ်မံတိုးချဲ့မည့်အပြင် အသုံး မပြုတော့သည့် လေယာဉ်ကွင်းများကို လည်း ပြန်လည်ပြုပြင်၍ ပြန်လည်အသုံးပြုသွားမည်ဖြစ်သည်။ လေယာဉ်ကွင်း (၆၉) ကွင်းရှိသည့် အထဲမှ အသုံးမပြုတော့သည့်    လေယာဉ်ကွင်း ပေါင်း (၃၇)ကွင်း ကို ပြန်လည်ပြုပြင် သွားမည်ဖြစ်သည်ဟု လေကြောင်းဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ယခုနှစ်ကုန်ပိုင်း၌ နိုင်ငံတကာလေကြောင်းလိုင်းနှင့်ပြည်တွင်းလိုင်းများ၌ လေယာဉ် အစင်းရေ တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှုဦးစီးဌာနက သိရသည်။
လေယာဉ်အစင်းရေ (၅) စင်း အသစ်ထပ်မံ တိုးချဲ့ပျံသန်းမည်ဖြစ်ပြီး ခရီးသွားဦးရေတိုးမြင့်လာ သောကြောင့် အစီးရေတိုးချဲ့ပြေးဆွဲရခြင်းဖြစ်သည်။

“ခရီးသွား ဝင်ရောက်မှု သိသိသာသာ မြင့်တက်လာလို့ ပြည်တွင်း လေကြောင်းလိုင်းတွေရဲ့ လေယာဉ် အစင်းရေတွေကို အားဖြည့် သလို နိုင်ငံတကာ လေကြောင်းလိုင်းတွေကလည်း တိုက်ရိုက် ခရီးစဉ်တွေ ပျံသန်းဖို့ တင်ပြလာတယ်။
 စိစစ်ခွင့်ပြုပေးပါတယ်။ လပိုင်းအတွင်းမှာ နိုင်ငံတကာ လေကြောင်းလိုင်း တွေရဲ့ တိုက်ရိုက်ခရီးစဉ် အသစ်တွေ ပျံသန်းဖို့ ရှိပါတယ်” ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းကျော်က ပြောသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်၏ ဇန်န၀ါရီလမှ စက်တင်ဘာလ အထိ ပြည်တွင်းခရီးသွားလာသူ ခရီးသည် အ၀င်အထွက် (၇) သိန်း (၉) သောင်းရှိခဲ့ပြီး အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ခန့်မှန်းတွက်ချက်မှု များအရ ခရီးသည်(၃)သိန်း ၀င်ရောက်မည်ဟု သိရသည်။

ထို့အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာ လေကြောင်းလိုင်းများမှ ၀င်ရောက်သူ ခရီးသည်ဇန်နဝါရီမှ စက်တင်ဘာအထိ (၁)သန်း (၃)သိန်း ရှိပြီး အောက်တိုဘာမှ ဒီဇင်ဘာအတွင်း ခန့်မှန်းတွက်ချက်မှုများအရ ခရီးသည်(၄) သိန်းကျော် ဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း ဒေါ်နွယ် နီဝင်းကျော်က ဆက်ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၌ ပျံသန်းလျက်ရှိသည့် ပြည်တွင်းလေကြောင်းလိုင်းများ အနေဖြင့် လက်ရှိတွင် မြန်မာအဲဝေး၊ အဲမန္တလေး၊ ရန်ကုန်အဲဝေး၊ အဲပုဂံ၊ အဲကမ္ဘောဇ၊ အေးရှားအဲဝေးမှ လေယာဉ်အစင်းရေ (၂၉)စင်းဖြင့် ပျံသန်းလျက်ရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်း ခရီးသည်များပြားလာခြင်းကြောင့် လေယာဉ်အသစ်ထပ်မံတိုးချဲ့မည့်အပြင် အသုံး မပြုတော့သည့် လေယာဉ်ကွင်းများကို လည်း ပြန်လည်ပြုပြင်၍ ပြန်လည်အသုံးပြုသွားမည်ဖြစ်သည်။ လေယာဉ်ကွင်း (၆၉) ကွင်းရှိသည့် အထဲမှ အသုံးမပြုတော့သည့် လေယာဉ်ကွင်း ပေါင်း (၃၇)ကွင်း ကို ပြန်လည်ပြုပြင် သွားမည်ဖြစ်သည်ဟု လေကြောင်းဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။
 
 
ဉာဏ်ဉာဏ် (မြစ်မခ)

No comments:

Post a Comment

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ