အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday, 17 October 2012

Window ကိုမြန်စေရန် SpeedUp ကြည့်ရအောင်.....

အလွမ်းမင်းသားလေး | 08:49 | Best Blogger Tips




          အခုတလော ကျွန်တော့်အသိတွေရော ၊ mail ထဲမှာရော ပေါ်ပြူလာဖြစ်လာတဲ့ မေးခွန်းတစ်ခုက
တော့ စက် (Window) လေးနေလို့ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့မေးခွန်းပါပဲ။ ကျွန်တော်လဲ တော်လွန်းလို့ ၊
သိလွန်းလို့မဟုတ်ပါဘူး။ ကျွန်တော်သိသလောက် Window မြန်စေမည့် အချက်လေးတွေကို ပြောပြပေး
ပါ့မယ်။ Beginner တွေအတွက် တစ်ချို့လိုအပ်မယ် ထင်တဲ့နေရာလေးတွေကို Capture ဖမ်းပြီး ပုံလေး
တွေနဲ့ ရှင်းပြပေးထားပါတယ်။ ဘာဆော့ဖ်ဝဲမှ မသုံးပဲနဲ့ ကျွန်တော်တို့  Window ထဲမှာပါပြီးသား Tools
လေးတွေကို သုံးပြီး ဖြေရှင်းကြည့်ရအောင်ဗျာ။ လိုအပ်တယ်ထင်ရင် အောက်မှာ ဆက်ကြည့်လိုက်ပါ။

ပထမဆုံး Processor ကိုအမြင့်ဆုံးထားပြီး သုံးမယ်ဗျာ။ သူလဲ လူတွေလိုပဲပေါ့ ဦနှောက်တစ်လုံတည်း
အလုပ်လုပ်တာနဲ့ စာရင် ဦးနှောက်အများနဲ့ အလုပ်လုပ်တာ  ပိုမြန်တာပေါ့။ Start မှ Run ဒါမှမဟုတ်
Window key + R တွဲနှိပ်ပြီး Run box ကိုခေါ်လိုက်ပါ။ ပြီးရင် msconfig ရေးပြီး Ok (သို့) Enter
ခေါက်လိုက်ပါ။ အောက်က ပုံလေးတွေကို ကြည့်ပြီး ဆက်လိုက်ပါ...


  
            ဒုတိယ အနေနဲ့Advanced System Setting ထဲသွားပြီး Performance တွေကို  မိမိ
စိတ်ကြိုက်သွားပြင် လိုက်မယ်။အောက်က ပုံလေးတွေကို ဆက်ကြည့်ရအောင်....




   တတိယ အနေနဲ့ကတော့ တစ်နေ့ တစ်နေ့ ကျွန်တော်တို့ ဆော့ဖ်ဝဲတွေကို Run လိုက်
ပြန်ပိတ်လိုက် ၊ ဟိုဖိုင် ဖွင့်လိုက် ၊ ဒီဖိုင် ရွေ့လိုက်နဲ့ အမှိုက်တွေ (error) တွေများလာတာ
မိမိကမသိပေမဲ့ စက်ကတော့ သိသိသာသာ လေးလာပါတယ်။ အဲဒီအမှိုက်တွေကို ရှင်းရ
အောင် start မှ Run (သို့) Window key + R နှိပ်ပြီး Run box ကိုခေါ်လိုက်ပါမယ်။ ပြီးရင်
temp ရိုက်ထည့်ပြီး ok (သို့) Enter ခေါက်ပါမယ်။ အောက်ပုံလေးတွေကို ကြည့်ပြီး နံပါတ်
စဉ်အလိုက် သေချာလုပ်လိုက်ပါ....

 




  


  ပြီးရင် အပေါ်ကပုံစံအတိုင်းပဲ ဒီအောက်က Comment လေးတွေတစ်ခုချင်း ရိုက်ထည့်ပြီး တွေ့သမျှဖိုင်
တွေကို ရှင်းထုတ်ပေးလိုက်ပါ....

%temp%
prefetch
recent

နောက်တစ်ခုက ကျွန်တော်တို့ Windows logs တွေကို ရှင်းထုတ်ပြစ်ရပါ့မယ်။ သူတို့ကလဲ စက်
လေးစေတဲ့ တရားခံတွေထဲမှာပါပါတယ်။ start မှ computer ကို right click ထောက်ပြီး manage
ကို ကလစ်လိုက်ပါ။ ပြီးရင် အောက်ကပုံလေးတွေကို သေချာကြည့်ပြီး ရှင်းထုတ်လိုက်ပါဦး....



  

နောက်ဆုံးတစ်ခုကတော့ ကျွန်တော်တို့ Disk ကို သန့်ရှင်းရေးလုပ်မယ်။ ပြီးရင် ယူသုံးထားလို့
ဖရိုဖရဲ ဖြစ်နေတဲ့ ဖိုင်တွေကို စနစ်တကျပြန်စီမယ်။ Disk သန့်ရှင်းရေးလုပ်တော့ ဆော့ဖ်ဝဲတွေ
ထုတ်သုံးရတာမြန်မယ်။ ဖိုင်တွေ ပြန်စီထားတော့ Disk space နေရာအလွတ်ပိုထွက်လာပါတယ်။
အောက်ကပုံလေးတွေ ဆက်ကြည့်ရအောင်ဗျာ......

   




အောက်ကပုံကတော့ ဖိုင်တွေပြန်စစ်ပြီး ဖိုင်ပြန်စီဖို့အတွက်ပါ...


ကြည့်တဲ့သူတွေနားလည်နိုင်မလားတော့မသိဘူး။ ကျွန်တော်ကတော့ Capture ဖမ်းလိုက် စာရေးပြီး
ရှင်းလိုက် နဲ့ ကိုယ်တိုင်ကို မျက်စေ့တွေလည်သွားတာပဲ။ အတတ်နိုင်ဆုံတော့ သေချာရှင်းပြပေးထား
ပါတယ်။ နားမလည်တဲ့နေရာ ရှိနေရင် comment မှာဖြစ်စေ ၊ c box မှာဖြစ်စေ ၊ mail ပို့ပြီးဖြစ်စေ
မေးမြန်းနိုင်ပါတယ်။ ဒီအပိုင်းတွေလုပ်ပြီးရင်တော့ စက်ကလေး သိသိသာသာ ပေါ့လာပါလိမ်မယ်။
အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။  

လုလင်မောင်(ဝဲလောင်)

တစ်ခါတရံ အချစ်ဆိုတာ တိတ်တိတ်ကလေးပဲ ကောင်းတယ်........

အလွမ်းမင်းသားလေး | 08:10 | Best Blogger Tips




ဘယ်လောက်အထိ ချစ်ခဲ့လည်းဆိုရင်
ငါ့ နှလုံးသားကို ပြန်ကြည့်မှ
နင်ပျော်ရွှင်ဖို့ အမြဲပြုံးပြ နေတတ်တာ
ငါ့ကို ငါတောင် သတိမထားမိ ခဲ့ဘူး...........။

အမြဲ သတိရနေခြင်းက
ချစ်ခြင်းရဲ့ အစဆိုရင်
မေ့ပျောက်ခြင်းတွေနဲ့ ပြီးဆုံး
အချစ်ရဲ့ နိဂုံးမှာ
အမုန်းဆိုတာတော့ ငါ့အတွက် မထားခဲ့ပါနဲ့...............။
နင်က ငှက်ကလေးဆို
ငါက သစ်ပင်တစ်ပင်ပါဟာ
ခဏတာ ဝင်နားမှန်း သိနေလျှက်
နင်ပျော်ရွှင်ဖို့ အတွက်
ငါ မနှင်ရက် ခဲ့ဘူးလေ...............။

ရေလှိုင်းလေး ခဏတာ ဝင်နားတဲ့
ကမ်းနားလေး ဟာလည်း... ငါ
တစ်စတစ်စ ပဲ့ကြွေခြင်းမှာ
ငါ ကျရှုံးခြင်းဆိုတာ သိပေမယ့်
ရင်ထဲက မေ့ပြစ်ဖို့ ခက်တယ်..................။

ကျွန်းခံနေတဲ့ နှလုံးသားလမ်းကြောင်းမဟုတ်ပေမယ့်
ဂုဏ်ဓန ဆိုတဲ့ မှတ်တိုင်လေးထား
ငွေပေးမှ သွားခွင့်ရတဲ့
နှလုံးသား လမ်းသစ်တွေကြားမှာ
ငါ....
လမ်းလျှောက်ရင်း လမ်းပျောက်ချင်ခဲ့တာပါ.............။
 
ဖန်တီးယူခဲ့တာ မဟုတ်ခဲ့ ပါဘူး
အလိုလို ဖြစ်တည်လာတဲ့ ရင်ခုန်မှုက
ငါ့နှလုံးသားကိုမှ ဗဟိုပြုခဲ့တာ
နာကျဉ်မှုတွေပါ တစ်ခါတည်း သယ်လာခဲ့သလား...........။
 
ကမ္ဘာအတု လေးထဲက
သံယောဇဉ် အတုတွေလို့ ထင်ရင်
ငါတို့ ဘယ်တော့မှ ပြန်မဆုံချင်ကြေး
တစ်ခါတစ်ရံ ဟိုး...အဝေး
အချစ်ဆိုတာ တိတ်တိတ်ကလေး ချစ်နေရတာပဲ ကောင်းတယ်...........။


ညီညီ(မြန်အောင်)

မျက်ရည်ကျတယ် ဆိုတာ.....

အလွမ်းမင်းသားလေး | 08:08 | Best Blogger Tips





စတွေ့ တုန်းကပေါ့
အပြုံးလှလှလေးနဲ့ မိတ်ဆက်
ငါ့နှလုံးသားကို ဆေးရောင်လှလှခြယ်
အရောင်မိန်တော့မှ အခုတော့လေ
အမုန်းတံဆိတ်ခပ် နှိပ်လို့ 
သေရာပါအမှတ်အသားအဖြစ် နင်ပေးခဲ့ သေးတယ်
ရင်ခွင်တစ်ခုလုံး အမုန်းcolour လွမ်းလို့ 
အက်ဆစ်နဲ့ အပက်ခံရသလို
ရဲရဲတောက်နီမြန်းကုန်တယ်................။

နင် အသည်းခွဲတာ မဟုတ်ဘူး
ငါကအသည်း ကွဲလွယ်တာလား
နင်လိုချင်တာမဟုတ်ဘူး ငါကိုကပေးချင်တာ
နင်ခေါ်ထားတာမဟုတ်ပါဘူး
ငါကိုက နင့်အနားက မခွဲနိုင်တာ

ငယ်ငယ်ကပေါ့ ဆရာမရိုက်ခဲ့ တဲ့  အချက် ၁၀၀
ရင်မခုန်ခဲ့ သလို့  ဝမ်းနည်းစိတ်လေးကိုမ ဖြစ်ခဲ့ ဘူး
အခုဘာမဟုတ်တဲ့  နင့်ရဲ့လမ်းခွဲစကားတစ်ခွန်းလေးကြောင့်
ကြိုးစားပြုံးထားပေမယ့် ထိန်းမရအောင်ကျတဲ့ မျက်ရည်
ငါကိုယ်တိုင် မယုံအောင်အောင် အံသြမိတယ်....................။


သြော်.......
မျက်ရည်ကျတယ်ဆိုတာကလည်း
အသားနာတာထက် အသည်း နာမှကျတတ်တာကိုး
ငါမသင်ပဲတတ်လိုက်ပါတယ် ကောင်မလေးရေ
အသားနာအောင်ပဲ လုပ်လိုက်ပါ
အသည်းနာအောင် မလုပ်ပါနဲ့  
မျက်ရည်ကျလွန်းလို့ ပါ...................................။

  
ဖိုးခွားလေး(ကော့မှူးမြို့ )

ငယ်ချစ်ဦး.....

အလွမ်းမင်းသားလေး | 08:04 | Best Blogger Tips



မရေရာမသေချာတဲ့ဘ၀၀ယ်
နွေတစ်ရာလိုပူတဲ့ပေတစ်ရာလမ်းမထက်
ဝေဒနာကုဋေကုဋာနဲ့
ဖြေစရာကြင်သူရိပ်မရှိ
လွမ်းအတိ ဆွေးမြည့်
ငါ့နှလုံးသားမြေပြင်ကနေ
မင်းထွက်သွားတာ ခုထက်ထိ
ရာသီတွေအလီလီပြောင်းပေမဲ့
မင်းကိုငါတစ်နာရီတောင်
မမေ့နိင်သေးပါဘူး
ငယ်ချစ်ဦးရယ်
ကြင်သူအသစ်နဲ့ မင်းက
ရွှင်ပျော်ရစ်နေချိန်မှာ
ငါမှာတော့တစ်ကိုယ်တည်း
အထီးကျန်နေရဆဲ
အချစ်ကြီးတာကို
မင်းကအပြစ်ကြီးတစ်ခုလို့ယူဆပြီး
လွမ်းတေးသံ သတိရတိုင်းဖုန်းဆက်တာကို
နှောင့်ယှက်တယ်လို့
မင်းထင်ခဲ့တာလားအချစ်ရယ်
သိပ်ချစ်မိလို့ အပြစ်ဖြစ်သွားရင်
ငါ့ကိုခွင့်လွှတ်ပါချစ်သူရယ်
ငယ်ချစ်တွေပဲ
မင်းတကယ်ချစ်ရင်
ငါ့ကိုအပြစ်မမြင်သင့်ပါဘူး
ငါရေးတဲ့ကဗျာလေးကို
မင်းမဖတ်နိုင်ပေမဲ့
မင်းပေးတဲ့ဒဏ်ရာတွေက
ငါ့နှလုံးသားထဲမှာထာဝရရှင်သန်နေဆဲပါ
ငယ်ချစ်ဦးလေးရယ်.............................။
Cinthi ( GTC ) 

Video တွေ သီချင်းတွေ ဆော့ဝဲတွေ Download ယူဖို့ ဒါယူထား.....

အလွမ်းမင်းသားလေး | 08:00 | Best Blogger Tips



ဒီဆော့ဝဲလေးရဲ့   ကောင်းကျိုးကိုတော့     ပြောမထားလည်းပဲ    သိနေကြမှာပါနော်

 မြန်မာပြည်က သူငယ်ချင်းတွေ   ပိုပြီး   သုံးသင့်ပါတယ်  ။ လိုင်းကျသွားခဲ့ရင်လည်း

 ရောက်တဲ့နေရာကနေ  Resume နဲ့ ယူလို့ ရသေးပါတယ် ။Youtube က သီချင်းတွေ

ဆိုရင်လည်း ဒီဆော့ဝဲ ထည့်ထားတာနဲ့  အဆင်ပြေပြေ ဒေါင်းလုပ်ယူလို့  ရနေတယ်

အဲ့တော့ ကွန်ပျုတာမှာ မရှိ မဖြစ်ဆော့ဝဲတစ်ခုလို့  အမည်ပေးရမလိုပါပဲ ။ဒါလေးရှိမှ

ဗီဒီယိုတွေ ဒေါင်းလုပ်ယူလို့ မှာ ကောင်းတာတစ်ခုကတော့ လိုင်းကျသွားခဲ့ရင်လည်း

ရောက်တဲ့နေရာက ပြန်စဖို့  Resume ပါနေပါတယ် ။လိုင်းခဏခဏ ကျတဲ့နေရာမှာ

ပိုပြီး သုံးသင့်တဲ့ ဆော့ဝဲကောင်းလေးပါ Full Version လေးမလို့  လိုချင်ရင်ဆွဲ.........။

ဒီလင့်မှာ.ယူပါ - http://www.mediafire.IDM (www.zwmnna.com)

မူရင်းလင့် - http://daoudcompworld.blogspot.com/2012/03/internet-





မောင်(စွယ်စုံကျမ်း)

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ