အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday, 19 October 2012

Web Browsers ရဲ History တွေကိုဘယ်လို Clear လုပ်ရမလဲ...

အလွမ်းမင်းသားလေး | 03:26 | Best Blogger Tips



Web browsers တွေရဲ History တွေကိုဘယ်လိုရှင်းရမလဲ။ ဘာလိုရှင်းဖို့လိုသလဲ့ ဆိုရင်
History တွေကိုဖြက်ပေးခြင်းအားဖြင့် Browsers တွေဟာအရင်ကလိုဘဲ မြန်ပါလိမ်မည်
မဖြက်ပေးရင်တော့ နှေကွေးနေပါလိမ်မည် ဒါကြောင့် History တွေကိုဖြက်ပေးဖို့လိုအပ်ပါ
တယ်။


Google Chrome
Google Chrome ရဲ History ကိုဘယ်လိုရှင်းရမလဲဆိုရင်တော့ ပလေယာ လေးလိုပုံ Click
လိုက်ပါပြီးရင်တော့ Tools ကိုသွားလိုက်ပါ ပြီးရင်တော့ Clear Browsing data ကိုသွားလိုက်
ပါ။

ပြီးရင်တော့ အောက်ကလိုမြင်ပါလိမ်မည် the beginning of time ကိုရွှေ History
အကုန်ဖြက်ခြင်ရင်တော့ ပြီတော့ Clear Browsing date .

Firefox
Firefox ရဲ History ဖြက်နည်း ပုံထဲမှာမြင်းတဲ့ အတိုင်းပါဘဲ Firefox ရေးတဲ့ဟာကို
Click လိုက်ပြီးတော့ History ပြီးတော့ Clear Recent History .

ကိုလိုရှင်တာကို Click လိုက်ပါ ကျွန်တော်ကတော့ အကုန်လုံးဖြက်ခြင်တယ် ဒါကြောင့်
Everything ကို Click လိုက်မယ်။
ကိုလိုခြင်တာကို Select လုပ်လိုက်ပါ ပြီးရင်တော့ Clear Now .

Internet Explorer
IE ရဲ History ကိုရှုင်းမယ် Wheel ကလေးကို Click လိုက်ပါပြီးရင်တော့ Safety ပြီးရင်
Delete Browsing History ကို Click လိုက်ပါ။

ပြီးရင်တော့ History ပြီးတော့ Delete !

မသိသေးတဲ့သူတွေအတွက်ပါ။

ကိုချင်းလေး

Thursday, 18 October 2012

အရိပ်တစ်ခုရဲ့ ခြေရာစစ်...

အလွမ်းမင်းသားလေး | 07:52 | Best Blogger Tips



နင်ပုံပြောထားတာ ငါသိတယ်
ငါ ပုံအောထားတာ နင်မသိတာ
အလိုရှိမှ အခင်ဆုံး နင်သုံးတတ်တဲ့စကားလုံး
သုံးသပ်ဖို့ ခက် ဆုံးဖြတ်လို့ မတတ်
နင်မုန်းသွားရင် အရင်ဆုံးဖျားမှာ ငါ့နှလုံးသားလေ...

သတိရလားမမေးနဲ့  နင့်အကြောင်းပဲတွေး
ညှိလို့ မရနေ့ ည နင့်ငါ့ကိုပြုစားထားတယ်
ကုစားဖို့ အတွက် နွေးထွေးတဲ့လက်တစ်စုံ
ဒီတစ်သက်ပုံကာပေးဖို့  အကုန်သာတွေးတော့...
ဆုံမှတ်တွေဝေး ငါ့ရင်ခုန်သံ အေးစက်ခဲကုန်ရပြီ...

နင်ရှိရင်ငါပျော်တယ် နင်ရှိအောင်ငါမျှော်ဖို့ 
ရောင်နီလင်းသစ် တစ်ပေါက်လောက်တောင်
ငါ့မှာခံစားခွင့်မရှိနိုင်တာသိနေတယ်....
ဆာလောင်မှုနဲ့ နှလုံးသားငယ် အပြုံးစကားအလည်
အရှုံးများလွယ် ရုန်းအားငယ်တော့...
ကံဆိုတာယုံ ပုံကာရယ်သက်ဆင်း
နင့်ခြေရင်းက ငါ့အချစ်...
နင်းချေပစ်မယ်ဆိုလည်း ငါမငြင်းပါဘူး...

ဘာဖြစ်ဖြစ်ချစ်နေချင်တာဆိုတာထက်
ဘာလုပ်လုပ်ခွင့်လွှတ်ပေးတတ်တာ
ရယူလိုခြင်းအတ္တတွေလို့  နင့်စာရင်းမှာမပါရင်
အနာဂတ်ရဲ့ နှစ်ဦးသားလမ်း ပန်းတွေတော့မခင်းတတ်ဘူး
ပျော်ရွှင်ခြင်းတစ်ခင်း ငါစိုက်ပျိုးရင်း
လက်တစ်ကမ်းမှာတော့ရှိနေမယ်
နင်ကျေနပ်မှာပါ....


                                              လေလွင့်လူ(ကမာမြေ)

မတားထားတဲ့ စည်း....

အလွမ်းမင်းသားလေး | 07:49 | Best Blogger Tips




ပိုးထိုးထားတဲ့ ခံစားချက်တွေ
အပြီးသတ်လှီးထုတ်ကာမှာ
ဘာဖြစ်လို့  ရှိုက်သံသဲ့သဲ့က
ကျန်နေရတာလဲ...
အချိန်ကောင်းကိုစောင့်နေတာမဟုတ်ဘူး
အချိန်ကောင်းဖို့ စောင့်နေတာ..
သတ်မှတ်ချက်ရဲ့  စံတော်ချိန်မျဉ်းဆိုတာ မတူမှတော့
ငါတို့ နှစ်ဦး ဆန့် ကျင်ရာသာ ဦးတည်ကြစို့ ...
ကျောခိုင်းရုံလောက်နဲ့  ဆန္ဒတွေကုန်မယ်လို့ 
မင်းယူဆနေတာလား...

အချစ်ဆိုတဲ့ အရာက လေးကလွှတ်တဲ့မြှားလိုပဲ
ဦးတည်ချက်ဘယ်တော့မှ မပြောင်းဘူး...
ရင်ခုန်သံတွေမသေဆုံးဘူး..
မျှော်လင့်ချက်တွေလည်း တိမ်နဖုံးဘူး...

အသက်ရှုချိန်တိုင်းတော့ မင်းမဟုတ်ဘူး
ရန်ခုန်မှုတိုင်းတော့ မင်းရှိနေတယ်...
ယုံကြည်ချက်တိုင်းတော့ မင်းမပါဘူး
မျှော်လင့်ခြင်းတိုင်းမှာ မင်းပါနေတယ်...
ငါ့ရင်မှာ နေရာအများကြီးမရှိဘူး...
တစ်နေရာထဲမှာ မင်းရှိနေတယ်...
တန်ကြေးဆိုတာမသတ်မှတ်ထားဘူး
မင်းကိုတော့ တန်ဖိုးအထားဆုံး...
“မေ့သွားမှာပါ”ဆိုတဲ့ စကား
ငါ့နားအခါးဆုံးပဲ...
အချစ်က ဒီရေကျန်အမှိုက်စမဟုတ်သလို
အမှဲ့ လွန်အသီးတစ်လုံးလည်းမဟုတ်ဘူး..
တားဆီးထားရင်တောင်ဖြတ်ကျော်ပြီး
 အပြစ်ရှိရင်ခံယူလိုက်မယ်...

ငါလည်းမမှား မင်းလည်းမမှားတဲ့ဒီကြားမှာ
လွှတ်ပစ်ဆဲဆဲ သံယောဇဉ်တွေ ပြန်ယူထားပါကွာ...
ငါ့တို့ နှစ်ဦးသားအနာဂတ်
ပူလောင်ခြင်းမိုးတဲ့ ထီးတစ်လက်မဟုတ်လား..
အဲ့ဒီ့အရိပ်အောက် ငါ့တို့ နှစ်ယောက်အတူရှိသင့်ပါတယ်.......

                                                        လေလွင့်လူ(ကမာမြေ)

Blue Screen Error ဖြေရှင်းနည်း...

အလွမ်းမင်းသားလေး | 07:21 | Best Blogger Tips


ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။

လုပ်နည်း
1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။

2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။
3. System Properties >> Advanced ထဲမှ အနီဝိုင်းပြထားတဲ့ Setting ကို ၀င်လိုက်ပါ။
4. System and Recovery ထဲမှ အနီရောင် ၀ိုင်းပြထားတဲ့ အောက်မှာရှိတဲ့ Automatically restart ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။ (ပုံမှာကြည့်ပါ)။ ပီးရင် OK ပေးလိုက်ပါ။
ဒါဆိုရင်တော့ ပုံမှန်တက်လာနေကျ Bluescreen ဆိုတာကြီး မတက်လာတော့ပါဘူး။ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်….
 
မိုးထက်မြင့်(နည်းပညာ)

ပုံလေးတွေကို ဘောင်လေးတွေထဲမှာထည့်ရအောင်......

အလွမ်းမင်းသားလေး | 06:51 | Best Blogger Tips


သူငယ်ချင်းတို့ရဲ့ပုံတွေကို ဒီဇိုင်းစုံပြီးလှတဲ့ဘောင်လေးတွေထဲမှာ ထည့်ကြည့်ရအောင်နော်...
ဒီ Photoshop လေးအသစ်ထွက်လာလို့တင်ပေးလိုက်တာပါ .. စိတ်ဝင်စားမယ်ဆိုရင် ယူထားလိုက်နော်...
အရင်ဆုံး ဒီနေရာလေး
ကိုသွားလိုက်ပါ... အောက်မှာရှင်းပြထားတဲ့အတိုင်း လုပ်ကြည့်ရုံပါပဲနော်....




သူငယ်ချင်းတို့ရဲ့လှပတဲ့ပုံလေးတွေကို ဒီလိုလှတဲ့ဘောင်လေးထဲကို ထည့်ကြည့်လိုက်နော်... ဒါဆိုပိုပြီးလှသွားမှာသေချာပါတယ်...






ထက်ထက်

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ