အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Monday, 22 October 2012

G mail လုံခြုံဖို့ နည်းလမ်းလေးတွေ...

အလွမ်းမင်းသားလေး | 08:07 | Best Blogger Tips


ကျွန်တော် တို့တွေ ခိုင်မာတဲ့ Password တွေ သုံးနေယုံနဲ့ အကောင့် တစ်ခုလုံခြုံဖို့မလုံလောက်တော့ပါဘူး။ ဒါကြောင့် လူတွေ ဟာ ဘယ်လိုနည်းတွေ နဲ့များ တစ်ခြားသူတွေ အကောင့် ရဖို့ ကြိုးစားနေကြပါလဲ၊ G mail အဟတ်မခံ ရဖို့ နည်းလမ်း တစ်ချို့ကို Share လိုက်ပါတယ် သယ်ချင်းတို့ရေ…

1. G mail ကို log In မ၀င်ခင် URL ကိုအမြဲ စစ်ပါ

G mail အကောင့် ကို Log in ၀င်တိုင်း browser address bar က URL ကိုအမြဲ စစ်ပါ။ အကြောင်းကတော့ G mail Log In Page နဲ့ တစ်ပုံတည်း တူတဲ့ Webpage ကိုဖန်တီးထားတဲ့ Dirty minds နဲ့ သူတွေ များစွာ ရှိနေလို့ပါပဲ။ အဆိုးဆုံး အပိုင်းကတော့ သူတို့ဟာ ဟန်ဆောင် Login Page ရဲ့ နောက်မှာ Scripts တစ်ချို့နဲ့ များစွာသော Codes တွေ ကို Install လုပ်ထားပြီး သူတို့ရဲ့ Webserver က Page ထဲကို host ယူလိုက်လိုက်တာပါပဲ ။ ကျွန်တော် တို့တွေ အဲလို ဟန်ဆောင် Webpage မှာ Log In ၀င်လိုက်တာနဲ့ ကျွန်တော် တို့ရဲ့ User Name နဲ့ အတူ passward ကို တစ်ခြား E mail Adderess (သို့မဟုတ် ) FTP (File Transfer Protocol) location တစ်ခု ကို ပို့လိုက်ပါပြီ။ ဒါကြောင့် တစ်ခြား URl တွေက မဟုတ်ဘဲ G mail ကို log In ၀င်ရင် www.gmail.com လို့ရိုက်ပြီးတော့ ပဲ ၀င်သင့်ပါတယ်။


2. Public Places နေရာတွေမှာ Email စစ်ခြင်း ရှောင်ပါ

Keylogger ဆိုတာ Keyboard က ရိုက်သမျှ ကို Record လုပ်ဖို့ သုံးတဲ့ Computer Program တစ်ခု

လမ်းဘေးဆိုင် အချဉ်ရည် အန္တရာယ်မကင်း ...

အလွမ်းမင်းသားလေး | 07:48 | Best Blogger Tips
ဝက်သား တုတ်ထိုး ဆိုင်မှာ မြင်တွေ့ရသော အချဉ်ရည် ဗူးများ
လူအများစု ကျန်းမာရေး အတွက် လုံခြုံမှု ရှိလာနိုင်ဖို့ ကိုယ်ထူကိုယ်ထ တည်ထောင်ထားတဲ့ စားသုံးသူ ကာကွယ်ရေး အသင်းကနေ ဈေးကွက် ထဲမှာရှိနေတဲ့ အချဉ်ရည်တွေကို ဓာတ်ခွဲတဲ့အခါ ပြင်းထန်တဲ့ အက်စစ် တမျိုး ပါရှိနေတယ် ဆိုတာကို စစ်ဆေး တွေ့ရှိခဲ့ရပါတယ်။

အဲဒီလို တွေ့ရှိခဲ့တာကြောင့် စားသုံးသူ ကာကွယ်ပေးရေး အသင်းကနေ လူထု ပညာပေးမှုတွေ ကို ပြည်သူလူထု အတွက် ထိရောက်စွာ ပညာပေးနိုင်ဖို့ ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပြီး နောက်ပိုင်း မှာ ထုတ်လုပ်သူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပါဝင်လှုပ်ရှားသူတွေက ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံ ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုရဲကျော်အောင်က တင်ပြပေးထားပါတယ်။

အစားသောက်နဲ့ ဆေးဝါးထုတ်လုပ်သူတွေ၊ ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေ၊ ဓာတုဗေဒ ဓာတ်ခွဲစမ်းသပ် သူတွေက ပြီးခဲ့တဲ့ သြဂုတ်၁၆ ရက်နေ့က ပြည်တွင်း စားသုံးသူတွေကို ကာကွယ်ပေးဖို့ ဒီအသင်းကို ဖွဲ့စည်း ခဲ့တာပါ။

စားသုံးသူ ကာကွယ်ပေးရေးအသင်းကနေ စားသုံးသူတွေအတွက် အစားအစာတွေကို ဦးစွာ စစ်ဆေး မှာ ဖြစ်ပြီး နောက်ပိုင်းမှာ အစားအသောက်လုပ်ငန်းတွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်ဖို့ရှိတယ်လို့ အသင်းရဲ့ တာဝန်ရှိသူ တွေက ထုတ်ဖော်ပြောဆိုလာပါတယ်။

စာသုံးသူ ကာကွယ်ပေးရေးအသင်းရဲ့ပထမလုပ်ဆောင်ချက်အနေနဲ့ အစားအသောက်တွေအပေါ် ဓာတ်ခွဲ ကြည့်တဲ့အခါ ၀က်သားတုတ်ထိုးဆိုင်နဲ့ အသုပ်ဆိုင်တွေမှာ အသုံးပြုနေတဲ့ အချဉ်ရည်အချို့မှာ လူကို အန္တရာယ် ဖြစ်စေနိုင်တဲ့ အက်စစ်ပါဝင်နေတာကို တွေ့ရှိခဲ့တယ်လို့ အသင်းဥက္ကဋ္ဌက ဆိုပါတယ်။

ဝက်သားတုတ်ထိုးဆိုင်တွေနဲ့ အသုပ်ဆိုင်တွေမှာ အသုံးပြုတဲ့ အချည်ရည်တွေမှာ ထုတ်လုပ်တဲ့ရက်စွဲ  ကုန်ဆုံးတဲ့ရက်စွဲ ပါဝင်ခြင်းမရှိတဲ့အပြင် ပါဝင်တဲ့ ကုန်ပစည်းတွေဟာ အမျိုးအမည် မသိတာတွေ ဖြစ်နေတယ် လို့ ဦးဗအုပ်ခိုင်က အခုလို ပြောပြခဲ့ပါတယ်။

“ဆာလဖျူရစ်အက်ဆစ်ပါတာ သေချာတယ်ပေါ့။ အချဉ်ရည်တွေဟာ

ဆုံမှတ်မှားတဲ့ ဆုံချက်...

အလွမ်းမင်းသားလေး | 07:26 | Best Blogger Tips



      

ကောင်မလေးရေ.....
ခပ်နွေးနွေးပဲ တို့ တွေဝေးခဲ့ ကြတယ်
နှစ်ဖက်လုံးမှာအပြုံးတွေနဲ့ .....
တစ်သက်လုံးစာ ရှုံးနေတာ
အခုတော“့ ငါ”ဖြစ်နေတယ် ကောင်မလေး...

ကောင်မလေးရေ....
၂၃ တိမ်းစောင်းခြင်းမှာ တို့ တွေအတွက်
အရပ်မျက်နှာ လွှဲခဲ့ရတယ်
ကြွေလောက်တဲ့စကားလုံးတွေအောက်
သေလောက်ချစ်ခဲ့ရတာ“ငါ”ဖြစ်နေတယ် ကောင်မလေး...

ကောင်မလေးရေ....
လမ်းခွဲမှာ လွမ်းရဲတော့ ဝမ်းမနည်းပါဘူး
တစ်ခါတစ်ခါမေ့နိုင်ဖို့  ကြိုးစားမှုမှာ
မကြာမကြာ သတိရခြင်းတွေနဲ့ ရောနှောနေမိတယ်
လမ်းဆုံးတောင် အလွမ်းဆုံးက “ငါ”ဖြစ်နေတယ် ကောင်မလေး...


မင်းဆီက ဘယ်တော့မှ မကျန်ရှိနိုင်သံယောဇဉ်တွေ....
ငါ့ဆီမှာ ဘယ်တော့များ ပျောက်ကွယ်နိုင်မယ့်ချစ်ခြင်းတွေ...
ပေးတိုင်းပြန်မရခဲ့တာတွေ....
အဲ့တာအားလုံးဟာ
ဆုံမှတ်မှားတဲ့ ဆုံချက်များရဲ့  ခြေရာတွေလား....
“အချစ်”လို့  ခေါ်ရမလား...
အခုချိန်ထိ မရေးရာအတွေးတွေနဲ့ 
အသေချာဆွေးနေတာ “ငါ”ပါပဲ ကောင်မလေးရေ....

                                             လေလွင့်လူ(ကမာမြေ)

Sunday, 21 October 2012

ကွန်ပျူတာ ဟာသ...

အလွမ်းမင်းသားလေး | 07:21 | Best Blogger Tips

ပထမအကြိမ်ဝင်းဒိုးအတက်နှေးသည်ကို စိတ်ရှည်ရှည်စောင့်လိုက်ပါ။ ဒုတိယအကြိမ် ထပ်ဖြစ်မလာစေရန် ကွန်ပြူတာကို လုံးဝ shut down မချပါနှင့်တော့။ ၀င်းဒိုးအတက်မစောင့်ရတော့ပါ
စက်သုံးနေစဉ် blue screen တက်လာပါက ပြန်ကန်ချလိုက်ပါ။ တစ်ခါ မက နှစ်ခါမက တက်တက်လာပါက ကွန်ပြူတာ screen ကို သဘောင်္ဆေး အမည်းသုတ်လိုက်ပါ။ blue screen တက်လာသည်ကို မမြင်နိုင်တော့ပေ။

ဒေတာ ထည့်သွင်းမှု ချောမွေ့စေရန် Hard disk အတွင်းပိုင်းအထိ အိုကီ ဆပ်ပြာမှုန့်ဖြင့် မကြာခဏတိုက်ချွတ်ပေးပါ။ လိုအပ်ပါက အစွန်းချွတ်ဆေး နှင့် ဖားဥကျွတ်ဆေးပါ သုံးပေးပါ။

ကွန်ပြူတာ တက်မလာဘဲ အသံမြည်နေတတ်ခြင်းမှာ မန်မိုရီကတ်လွတ်ခြင်းကြောင့်ဖြစ်သည်။ စိတ်မပူပါနှင့် Super Glue သုံးပြီး နောက်ဘယ်တော့မှ လွတ်လို့မရအောင် ကပ်လိုက်ပါ။ လိုအပ်လျှင် သံနှင့်ရိုက်ပြီး သော့ခတ်ထားလိုက်ပါ။

CPU heat မတက်စေရန် ကွန်ပြူတာဖင်ကို ရေစိမ်ပြီးသုံးပါ။ လိုအပ်ပါက သုံးသူကိုယ်တိုင်ပါ စိမ်ကောင်းစိမ်ရ လိမ့်မည်။ ရေစိမ်လို့မှ အဆင်မပြေလျှင် ရေခဲတိုက်ထဲ သွားသုံးပါ။

ကွန်ပြူတာကို ပုံမှန်အပူချိန်ထက် ပိုမမြင့်ပါစေနှင့်။ အပူချိန်ကြီးလာပါက ရေခဲဝတ်အုပ်ပေးပါ။ သို့မှသာ ကွန်ပြူတာတုပ်ကွေးမ၀င်မှာ ဖြစ်သည်။

အပူချိန်မြင့်နေသော ကွန်ပြူတာကို လေတိုက်ထဲမထားပါနှင့်။ တတ်နိုင်သမျှ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနေပါစေ။ ပလတ်စတစ်အိတ်နှင့်ထုပ်ထားပါ။ တိပ်နှင့်ကပ်ထားပါ။ အခြေအနေပေးပါက ဖီနိုင်း ပရော်ပါ နော်လမင်း မပါသော ဖလူဇာကို တစ်နေ့သုံးကြိမ် တိုက်ပေးပါ။(ရေအေးဖြင့်သာတိုက်ပါ)

ဗိုင်းရပ်စ် ၀င်မ၀င် စစ်ရန် အန်တီဗိုင်းရပ်စ်ကိုသုံးပါ။ လိုအပ်လျှင် အန်တီဗိုင်းရပ်စ်၏ ယောကျာ်း အန်ကယ်ဗိုင်းရပ်စ် ကိုပါ ခေါ်ပြီးရှာခိုင်းပါ။

အန်တီနှင့် အန်ကယ် ဗိုင်းရပ်စ်လင်မယားမှ ကွန်ပြူတာတွင် ဗိုင်းရပ်စ် ၊ ပိုးကောင်၊ ကုတ်ကမြင်းများ ၀င်ရောက်နေသည်ကို အချက်ပြလျှင် အထူးဂရုစိုက်ပါ။ ချက်ချင်း ဇာဂနာ ဖြင့် ကလော်ထုတ်လိုက်ပါ။ ပိုသေချာစေရန် ပုရွက်ဆိတ်ဆေး ၊ ကြမ်းပိုးဆေး၊ ခြဆေး များလည်း ထည့်ပေးပါ။

အပတ်စဉ် ခြင်နိုင်ဆေး မှုတ်ပေးပါ။ ကွန်ပြူတာအနီး ခြင်ယင် ပိုးမွှားများမလာရောက်စေရန် ခြင်ထောင်ချထားပေးလျှင်လည်း အဆင်ပြေပါမည်။

ကွန်ပြူတာအသုံးများပြီး motherboard လောင်ပါက fatherboard ပြောင်းတပ်ပါ။ ထို့နောက်မှ တစ်ဆင့် sonboard ၊ daughterboard ၊ စသဖြင့် ဆွေမျိုးစုံအောင်တပ်ပါ။ တစ် board မဟုတ် တစ် board နှင့် အဆင်ပြေပါလိမ့်မယ်။


facebook  မှ ကူးယူသည်

Photoshop သမားတွေအတွက် ဆော့ဝဲမလိုပဲ ဖလမ်းဖလမ်းလုပ်ရပီ....

အလွမ်းမင်းသားလေး | 07:10 | Best Blogger Tips


နမူနာ ဒီဇိုင်းတွေအများကြီးပါ 10မျက်နှာကျော်ပါတယ် တစ်ခုပီးတစ်ခုကြည့်ပါ







ဓာတ်ပုံပြင်တာ ဒီဇိုင်းလုပ်တာ ၀ါသနာပါသူများအတွက် အင်တာနက်မှာ ပြင်နိုင်တဲ့

လင့်လေးတစ်ခု တွေ့ ပါတယ် ။ အဲ့မှာ ဒီဇိုင်းအမျိုးမျိုး ၊ဘောင်အမျိုးမျိုး။ကာလာအစုံ

ခဲချစ်ပန်းချီ ဟာသ ပုံလေးတွေ အများကြီးပြင်လို့ ရပါတယ် အကောင့်လည်းမလိုပါ

ဒီတိုင်ဝင်ပြင်ယုံပဲ ။ လိုချင်တဲ့ဒီဇိုင်းရွေး ပုံထည့် ဒေါင်းလုပ်ယူ အားလုံးရှင်းနေတာပဲ

ဆော့ဝဲထက်ကောင်းတယ်လို့ ဆိုချင်ပါတယ် ။ နမူနာပုံတွေ တင်ပေးလိုက်ပါတယ်

ကလိတာဝါသနာပါသူများ ကလိနိုင်ပါစေချင်းအကျိုငှာ..မျှဝေလိုက်ပါ၏.............။

ဒီလင့်က ဒီဇိုင်းတွေနဲ့ လုပ်ဖို့ - http://www.photofacefun.com/1

ဒီလင့်က ဘောင်လှလှလေးလုပ်ဖို့ - http://www.photofacefun.com/2






မောင်(စွယ်စုံကျမ်း)

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ