အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Wednesday, 24 October 2012

Photoshine Software ... ဓါတ်ပုံတွေကို ဘက်ဂရောင်း လှလှလေးတွေနဲ့ သုံးချင်သူများအတွက်...

အလွမ်းမင်းသားလေး | 07:02 | Best Blogger Tips



ဒီဆော့ဝဲလ်လေးကတော့ မိမိတို့ရဲ့ပုံတွေကို အလှဆုံးဖြစ်အောင် ဖန်းတီးပေးနိုင်ပါတယ်..။ ဖရိန်လှလှလေးတွေလည်း တော်တော်များများပါပါတယ်..။ အောက်မှာတော့ ကျနော်ပုံလေးတွေ အစမ်းထည့်ပြထားပါတယ်..။ သုံးရတာလည်းလွယ်ပါတယ်..။ ကျန်ခဲ့တဲ့ နှစ်ပါတ်ကျော်လောက်က CBox မှာအစ်ကိုတစ်ယောက်တောင်းထားလို့ လိုက်ရှာရင်းနဲ့ နောက်ထပ်လိုချင်တဲ့သူများလည်း သုံးလို့ရအောင် တင်ပေးလိုက်ပါတယ်..။ အစောပိုင်း ရက်တွေကတည်းက တင်ပေးဖို့ပါပဲ.. သူ့ရဲ့ စီရီရယ်ကီးကို လိုက်ရှာရင်းနဲ့ ကြာသွားပါတယ်..။ ဒီနေ့တော့ သူ့ကီးလေး အမှန်ရသွားပါပြီ..။ ဒါကြောင့် ကီးထည့်ပုံလေးကိုလည်း ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဖိုင်ဆိုဒ်ကတော့ 29.59 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကအဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါဗျာ..

ဒေါင်းလော့ချလို့ ရလာတဲ့ဆော့ဝဲလ်ကို အင်စတောလ်ဆွဲထည့်ပြီးတာနဲ့ အောက်ကပုံအတိုင်း နံပါတ်စဉ်တိုင်း ကလစ်ပြီး သူ့ကီးလေးကို သွားထည့်ပေးလိုက်ပါ..

Mozilla Firefox ရဲ့ Speed ကိုမြန်စေမယ့် နည်းလမ်းများ ..

အလွမ်းမင်းသားလေး | 06:58 | Best Blogger Tips




သူငယ်ချင်းများရဲ့ တောင်းဆိုမှုအရ Mozilla Firefox ကို မြန်စေမယ့် နည်းလမ်းများကို လိုက်ရှာပါတယ်..။ အရင်တုန်းကတော့ ဝက်ဘ်ဆိုဒ်တစ်ခုမှာ ဖတ်ဖူးပါတယ်..။ အခုပြန်ရှာတော့ ဘယ်ဆိုဒ်မှန်း မမှတ်မိတော့ပါ..။ နေမင်းမောင်ဆိုဒ်ထဲမှာတော့ ရှိတယ်..။ မကြာသေးခင်ကမှ ဖတ်ကြည့်မိတာ ဆိုတော့ သိပ်မရှာလိုက်ရဘူး...။ ပြန်တွေ့တယ်..။ သူ့နည်းလေးသုံးကြည့်လိုက်တော့ မဆိုးဘူး..။ Mozilla တော်တော်မြန်လာတယ်..။ သူငယ်ချင်းတွေကို ဒီနည်းလေးပေးသုံးလိုက်တယ်... ကောင်းတယ်လို့ ပြောကြတယ်..။ မလုပ်တတ်တဲ့သူများလည်း ရှိမယ်ထင်လို့ ... နေမင်းမောင်ရဲ့မူရင်း စာသားအပြင် ကျနော်ကပုံလေးတွေနဲ့ပါ ထပ်ရှင်းပြထားပါတယ်..
နောက်တခုက မောင်စေတနာဆိုဒ်ထဲက ရှာတွေ့တာလေးလည်း တင်ပေးလိုက်ပါတယ်.. (နေမင်းမောင်ဝက်ဘ်ဆိုဒ်မှ-

အ၇င်ကလဲကျွန်တော်ပို့ဒ်တစ်ခုတင်ဖူးပါတယ်။အခုနည်းလမ်းလေးကတော့လွယ်လဲလွယ်ပါတယ်။သိသိသာသာ
လဲမြန်လာတာကိုတွေ့ ၇ပါလိမ့်မယ်။အောက်မှာပြောပြထားတဲ့အတိုင်းလိုက်လုပ်ကြည့်လိုက်ကြ၇အောင်နော်.....
အ၇င်ဆုံးကျွန်တော်တို့အသုံးပြုနေတဲ့ Firefox ၇ဲ့ Address bar မှာ about:config  လို့၇ိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

ဓာတ်ပုံနဲ့ ပြက္ခဒိန်လှလှလေးတွေလုပ်ချင်ရင်...

အလွမ်းမင်းသားလေး | 06:32 | Best Blogger Tips




လုပ်ပုံလုပ်နည်းကတော့လွယ်လွယ်လေးပါ

(၁) ဒေါင်းလုပ်ယူပြီးသားဆော့ဝဲကိုဖွင့်လိုက်ပါပထမဆုံးပေါ်လာသော
     အကွက်တွင်Craete a New Collage Projet ကိုနှိပ်လိုက်ပါ။

(၂)လိုချင်သောဒီဇိုင်းကိုယူ၍Ok လုပ်ပါ(နမူနာအဖြစ်ပြက္ခဒိန်လုပ်မှာ
      ဖြစ်လို့ Calendar ဒီဇိုင်းကိုဆက်ရွေးပါ

(၃) ပုံထည့်ရန်နေရာတွင် မောက်ကို2ချက်ဆက်တိုက်နှိပ်ပြီးပုံထည့်ပါ
     လိုအပ်သလိုပုံပေါ်တွင်ပေါ်လာသော+ကိုနှိပ်၍ပြင်ပါ ပြက္ခဒိန်မှာ
     2009ဖြစ်ပေါ်နေမည်ပြောင်းရန်အတွက်ပြက္ခဒိန်ပေါ်တွင်Right 
     Click ထောက်၍Edit Calendar ကိုနှိပ်ပါ ပေါ်လာသောအကွက်
     တွင်2011ထားလိုက်ပါပြီးလျှင်စိတ်တိုင်းကျဆက်လက်ပြင်ဆင်ပြီး
     Save ပါ

ဒီဇိုင်းတွေလည်းမဆိုးဘူးလုပ်ရတာလည်းလွယ်ပါတယ်သူငယ်ချင်းတွေ
အားလုံးကြိုက်မယ်လို့ ထင်ပါတယ်ဓာတ်ပုံဆိုင်တွေမှာသွားလုပ်ရင်ပိုက်
ဆံကုန်ပါတယ်ကိုယ့်ဒီဇိုင်းနဲ့ ကိုလုပ်ပြီးထုတ်ရင်ကူးခပဲပေးရတာပေါ့ချစ်
သူကောင်မလေးရှိတဲ့သူတွေကတော့အဆင်ပြေတာပေါ့ကောင်မလေး
လုပ်ပေးဖို့ Portable လေးဆိုတော့အင်စတောလုပ်စရာမလိုဘူး 
MemorySitck ထဲထည့်ထားပြီးဘယ်ကွန်ပျုတာမှာသွားလုပ်လုပ်အဆင်
ပြေနိုင်ပါတယ်စမ်းကြည့်ပြီးမှပေးတာနော်နမူနာပါလုပ်ပြလိုက်တယ်…
တေတွားမယ်..ကောင်မလေးကြိတ်ချိုးနေပြီ..ဗျို့ 
ဆော့ဝဲကိုဒီမှာDownloadယူပါ  Photo Frame Maker portable
မြန်မာပြည်ကလူကဒီလင့်ကယူ Photo Frame Maker Portable



မောင်(စွယ်စုံကျမ်း)

Tuesday, 23 October 2012

တချိန်မှာ...

အလွမ်းမင်းသားလေး | 06:24 | Best Blogger Tips
တချိန်မှာခံစားရမယ်မှန်းသိတဲ့အတွက်
လက်ရှိအချိန်မှာ
ခံစားချက်တွေကိုလျော့ချပစ်ရမယ်တဲ့

တချိန်မှာ နာကျင်ရမယ်မှန်းသိတဲ့အတွက်

လက်ရှိအချိန်မှာ
မေ့ပစ်လိုက်ကြရမယ်တဲ့

တချိန်မှာ ဖြတ်တောက်ခက်ရမယ်မှန်းသိတဲ့အတွက
လက်ရှိအချိန်မှာ
သံယောဇဉ်တွေလျော့ချပစ်ရမယ်တဲ့

တချိန်မှာ မဖြစ်သင့်တဲ့မှန်းသိတဲ့အတွက်
လက်ရှိအချိန်မှာ
ဖြစ်သင့်တာတွေကိုဦးစားပေးရမယ်တဲ့

ကောင်မလေးရေ
တချိန်မှာဖြစ်မယ်ဆိုတာ
မသေချာပါဘူး

ဒီနေ့မင်းစကားပြောနေတဲ့ငါဟာ
မနက်ဖြန်
မင်းစကားပြောခွင့်ရချင်မှရမှာပါ

ဒီနေ့မင်းအသံကြားနိုင်တဲ့ငါဟာ
မနက်ဖြန်
မင်းအသံကြားနိုင်ချင်မှကြားနိုင်မှာပါ

အနာဂါတ်ကိုတွေးပူတာကောင်းပါတယ်
ဒါပေမဲ့
မင်းတွေးပူတဲ့ အနာဂါတ်မှာ
ကိုယ်ဆိုတာရှိချင်မှရှိမှာလေ

တခါတလေကျတော့
ဖြစ်မလာသေးတဲ့အနာဂါတ်ကို
တွေးပူနေမဲ့အစား
ပစ္စုပ္ပန်လေးကိုပဲ
မင်းကို မြတ် နိုး စေချင်ပါတယ်

ဘာလို့လဲဆိုတော့
မနက်ဖြန်မှာ
ကိုယ်အသက်ရှင်ဖို့ဆိုတာသေမှမသေချာပဲ ။ ။

ကောင်ကလေး

 ပြည်ပသို့ Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှုများကို လိုင်းဖြတ်တောက်ရန်နှင့် အရေးယူရန်မရှိကြောင်း ၀န်ကြီးဌာနအင်ဂျင်နီယာချုပ်ပြောကြား

အလွမ်းမင်းသားလေး | 06:14 | Best Blogger Tips


ပြည်ပသို့  Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှု
များကို လိုင်းဖြတ်တောက်ရန်နှင့် အရေး
ယူမှုများ ပြုလုပ်ရန်မရှိကြောင်း ဆက်
သွယ်ရေး စာတိုက်နှင့် ကြေးနန်း

ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက
 ပြောကြားခဲ့သည်။

အင်တာနက်နှင့်ပြည် တွင်း မီဒီယာအချို့တွင်ဖော်ပြနေသကဲ့သို့ မိုဘိုင်းဖုန်းများတွင်

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ