အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Friday, 26 October 2012

တစ်နေ့ တာ..

အလွမ်းမင်းသားလေး | 00:26 | Best Blogger Tips


မနက်စောစောထတယ်
အေးမြတဲ့ရေကိုထိတွေ့ ရင်း ၃၁ ဘုံ မေတ္တာပို့ တယ်
မင်းလည်း ကျန်းမာချမ်းသာပါစေ
လွမ်းရတာ ပျော်စရာမကောင်းတဲ့ ငါ့အတွက်
ဒီနေ့  ငါမင်းကို မလွမ်းဘူး။

မင်းနဲ့ အတူ ထိုင်ဖူးတဲ့ ဆိုင်မှာထိုင်ရင်း
လန်ဒန်စီးကရက်တစ်ပွဲကို ကြည့်ရင်း
ငါမင်းကို မလွမ်းဘူး။

ဒီနေ့  သူယ်ချင်းတွေနဲ့  တွေ့ ရင်း
စကားကို တောင်စဉ်ရေမရ ပြောရင်း
ရယ်စရာလားလို့  မမေးဘဲ ငါရယ်ရင်း
ငါမင်းကို မလွမ်းဘူး။

ငါနားမလည်တဲ့ ဘာသာစကားများကို ဘာသာပြန်ရင်း
ရင့်သီးလာတဲ့အလွမ်းများကို ဥပက္ခာပြုရင်း
ငါ တစ်ခုပြောမယ်
ဒီနေ့  ငါမင်းကို မလွမ်းဘူး။

နံပါတ်တစ်ခု အမည်ခံထားတဲ့  ဖုန်းကိုခေါ်ရင်း
ဘာမှန်းမသိတဲ့အရာတွေနဲ့  ရှုပ်နေတဲ့
ငါ့စိတ်ကိုအလုပ်ပေးရင်း
ဒီနေ့  ငါမင်းကို မလွမ်းဘူး။

မလွမ်းဘူး မလွမ်းဘူး အခါခါရွတ်ဆိုရင်း
တိတ်ဆိတ်နေသော အရာအားလုံးနှင့် ဆန့် ကျင်စွာ
မင်းကိုတမ်းတနေတဲ့ ငါ့နှလူံးသားကို တံခါးပိတ်ရင်း
ဒီနေ့  ငါစောစောအိပ်တယ်။             ။
                                               
                                               သက်ငြိမ်နှင်း

Thursday, 25 October 2012

ဘရာဇီးလ်ကျောင်းသူ၏ အပျိုစင်ဘဝကို ဂျပန်နိုင်ငံသား လေလံအောင်မြင် ...

အလွမ်းမင်းသားလေး | 09:12 | Best Blogger Tips


ရန်ပုံငွေ အလှူတစ်ခုအတွက် သူမ၏ အပျိုစင်ဘဝကို ရောင်းချမည်ဟု ကြေညာထားသည့် ဘရာဇီးလ် ကျောင်းသူလေး၏ လေလံကိစ္စသည် နောက်ဆုံးတွင် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။ အမေရိကန် နှစ်ဦး၊ အိန္ဒိယနိုင်ငံသား တစ်ဦးတို

Wednesday, 24 October 2012

“ထာဝရ ခိုင်”...

အလွမ်းမင်းသားလေး | 07:14 | Best Blogger Tips



       
 ဘ၀တွေ အသွင်မတူလို့
       မာနတွေ တံခွန်ထူတာလား.....ခိုင်....
သူမသိပေမယ့်...................
         အပူရှိတယ် ဘယ်သူထင်မှာလည်း
          ရင်ခွင်မှာ ဝေဒနာမီးတွေက
          မရွှင်သာ တသွင်သွင်စီးပါလို့
          ချစ်ရသူ ဒီမောင် မှာတော့
             ရှုးရပေါ့ ......ခိုင်...........။
          ......................................
           နွမ်းရိခွေယိုင်.......
          စိတ်ဓာတ်တွေ မခိုင်ချင်တော့ပါဘူး
           အိပ်စက်လျှင် မေ့တန်ကောင်းပါရဲ့
          အဖြည့်ခံ နှလုံးသားရယ်က
             အမုန်းစကား မလိုချင်
              ငြိုငြင်လိုက ငြိုငြင်လိုက်
             ခိုင့် အကြိုက်  ခိုင့်သဘော
            ခိုင် မနောတွေ့မယ် ဆိုရင်
           တောမွေ့ ယာလည်း ပျော်မယ်   ခိုင်......။
         ..........................................................
           အခုတော့ ..........ခိုင်ရယ်
            နှစ်တစ်ရာ တိုင်တိုင်
           ချစ်သဒ္ဒါတွေ ခိုင်မြဲ ချင်ပေမယ့်
           ဆွေးရက်ရှည် အနန္တအတွက်
           ကျေးငှက်တွေ သီဆိုနေပြီမို့
           ငိုချင်တောင် မျက်ရည်ထိန်းပါ့မယ်...........။
               စိမ်းလိုက်ပေါ့.................ခိုင်.......။
ရဝေသစ်(မြတမာ)

ဓါတ်ပုံတွေကို ပြင်ဆင်ချင်တဲ့သူများအတွက် Photoscape Software ...

အလွမ်းမင်းသားလေး | 07:12 | Best Blogger Tips



 ဒီကောင်လေးကတော့ မိမိတို့ရဲ့ ဓါတ်ပုံတွေကို ပြင်ဆင်တဲ့နေရာမှာ အသုံးဝင်ပါတယ်.. ဓါတ်ပုံတွေနဲ့ ပါတ်သက်တဲ့ လုပ်နည်းကိုင်နည်းလေးတွေနဲ့ ဆော့ဝဲလ်လေးတွေပါ တခါတည်းတင်ထားပေးချင်တာနဲ့ ဒီဆော့ဝဲလ်လေးကို သုံးနည်းလေးပါ အောက်မှာပုံလေးတွေနဲ့ အနည်းငယ်ရှင်းပြပေးလိုက်ပါတယ်..။ Screen Capture ဖမ်းချင်တဲ့သူများအတွက်လည်း ဒီကောင်လေးက အဆင်ပြေပါတယ်..။ free software လေးပါ..။ ဘာကီးမှ မလိုပါဘူး..။ မိမိတို့ရဲ့စက်ထဲကို Install ဆွဲထည့်ပြီး တာနဲ့ သုံးလို့ရပါပြီ... ဖိုင်ဆိုဒ်ကတော့ 16.36 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်မှာ ယူသွားလိုက်ပါဗျာ..


ဒီအောက်ကပုံကတော့ မိမိတို့ထည့်ချင်တဲ့ ပုံတွေကို စာရွက်တရွက်ထဲမှာ စုပေါင်းပြီးထည့်လို့ ရပါတယ်..။





အောက်ဆုံးပုံကတော့ Screen Capture ဖမ်းနည်းလေးပါ..



ဒီလောက်ဆိုရင်တော့ ဒီဆော့ဝဲလ်လေးကို သုံးတတ်လိမ့်မယ်လို့ ထင်ပါတယ်..။ အားလုံးပဲအဆင်ပြေပါစေဗျာ...
လွင်မင်းဗိုလ်(နည်းပညာ)

ဒါအချစ်လား...

အလွမ်းမင်းသားလေး | 07:04 | Best Blogger Tips



ဒါ.......အချစ်လား
ငါ့နှလုံးသားကို  ပူဇော်ဖို့
ပလ္လင်တော်အတွက် နက္ခတ်ကောင်းစောင့်စရာ
မလိုပါဘူးကွယ်.................
...။     ။
.............................................................
ငယ်ငယ်ကတည်းက  အစိမ်းရောင်ကြိုက်တဲ့ဒဏ်က
ခုထိသစ်စိမ်းချိုး အကျိုးပေးဆဲ
အချစ်ဆိုတာကလည်း................
မျက်နှာကြီးလက်နဲ့ကော်မှ
စားပွဲပေါ်ရောတ်တဲ့  ဟင်းတစ်မျိုးပါပဲလား
အမာရွပ် အထပ်ထပ်ကြား ဒီတရားငါတွေ့ခဲ့
ဘယ်လောက်ခက်တဲ့  တံခါးဖြစ် ဖြစ်
ဂဏန်းကြီး ကြီးနဲ့ခေါတ်ရင်
ဒေါက်ကနဲ ပွင့်တယ်............။
.......................................
ဘယ်လောက်မာတဲ့ အသည်းဖြစ်ဖြစ်
ဆင်ဖြူတော်များများနဲ့  ဆွဲရင်
ဗိုင်းကနဲ လဲတယ်
ဒုတိယဘုရားသခင်က
 အဲလောက်တံခိုးထွားရဲ့
ငါက
မေတ္တာရဲ့  အလျား အနံကို  တိုင်းတာတုန်း
အချစ်က.......................
အသွားရော အပြန်ပါ
ပါဂျဲရိုးသုံးနေပြီ..................။
...................................................
ဟေ့..........ချစ်ဆူးငယ်
မလုပ်နဲ့
နှလုံးသားကို ကြိုးဆွဲချဖို့  မကြိုးစားနဲ့လာ
အစာအိပ်ကိုချောင်ရိုက်ဖို့ပဲ  တို့ပြင်ကြမယ်....။


ရဝေသစ်( မြတမာ )

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ