အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Sunday, 4 November 2012

တနေ့နေ့ တချိန်ချိန်...

အလွမ်းမင်းသားလေး | 03:12 | Best Blogger Tips
မိုင်ထောင်ချီဝေးနေတဲ့ ငါတို့  နှစ်ယောက်..

တစ်နေ့ နေ့  တစ်ချိန် ချိန် ဆိုတာ


ကိုယ်.... မျှော်လင့် ရင်းနဲ့ 


မနက်ဖြန်ပေါင်းများစွာကို ကျော်ဖြတ် နေရတာ...

ပင်ပန်းလွန်းလှပါပြီချစ်သူရယ်...

နှစ်ယောက် တစ် စိတ် ကြောင့်သာ...

ခံနိုင်ရည်ရှိနေခဲ့တာပါ...

အချစ်ဆိုတာ ...နေရာတွေဘယ်လောက်ဝေးဝေး...

အချိန်တွေဘယ်လောက်ကြာကြာ...

တစ်ကယ်ချစ်နေဖို့  ဘဲ လို ပါတယ်...

ငါတို့ နှစ်ယောက် .. ကိုယ် .. အချစ် က ..

စမ်းသပ်နေတယ်လို့  သာ..သဘောထားလိုက်ပါ..

နောက်ဆုံး နေရာတွေ၊ အချိန် တွေ ..ဆိုတာ

ငါတို့ နှစ်ယောက်လုံးကို အရှုံ့းပေးသွားပါလိမ့်မယ်.....

ငါတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းကိုဦးညွတ်လို့  ...ပေါ့...
 
 
facebook မှကူးယူသည်
 

G-talk မှာ သူပြောတာကြားရပြီး ကိုယ်ပြန်ပြောတာသူမကြား ရဘူးဆိုရင်...

အလွမ်းမင်းသားလေး | 00:34 | Best Blogger Tips
  
ကျွန်တော် Windows 7 မှာ Sound နဲ့ပါတ်သတ်ပြီး တော့ဖြစ်တက်တဲ့ Error လေးကို သူငယ်ချင်း တစ်ယောက် ကိုလဲ လုပ်ပေးဖြစ်ရင်းနဲ့ တကယ်လို့ မိမိတို့မှာ အခုလို Error မျိုးကြုံ လာရင် အလွယ်တကူ ဖြေရှင်းတက် သွားအောင် ရှင်းပြပေးသွားပါမယ်.. ကျွန်တော်တို့ G-Talk ကိုအသုံးပြုတဲ့ အခါမှာ တစ်ခါတစ်လေ ကိုယ်ကဒီက ပြောနေတာကို တစ်ဖက်လူက ကြားရပြီး သူပြောတာကို ကိုကမကြားရတာ မျိုးကြုံဖူး ကြပါလိမ့်မယ်.. ဒါက ကျွန်တော်က အသုံးများတဲ့ G-Talk မှာပြောပြတာပါ.. တစ်ခြား Chat Program တွေမှာလဲ ဒီတိုင်း လိုက်ပြင်ပေး ကြည့်ရင် အဆင်ပြေသွားပါလိိမ့်မယ်.. နောက်တစ်နည်းကတော့ ကျွန်တော်တို့ မိုက်ကိုရှေ့ ပေါက်ကနေ ထိုးပြီးအသုံး ပြုတဲ့အခါမှာ အသံမလာ တာပဲဖြစ်ပါတယ်.. ဒါကတော့ Realtek HD Audio Driver ကိုအသုံးပြု ထားတဲ့သူ တော်တော်များများ ကြုံတွေ့ရတာတွေ့ ရပါတယ်..အဲ့ဒါကို ဘယ်လိုဖြေရှင်း ရမယ်ဆိုတာကိုပါ ကျွန်တော်ရေးပေးသွားပါမယ်..

ကျော်သူ့အရေခွံထဲမှ ကျော်သူ...

အလွမ်းမင်းသားလေး | 00:26 | Best Blogger Tips




တချိန်က..လဲ ကျော်သူ 
ယခု...လဲ ကျော်သူ
သူ့ရဲ့ အရေခွံတွေ လဲလိုက်တာတောင်မှ
သူ့နာမည်က ပြည်သူတွေကြား ရေပန်းစားလေရဲ့။

သူ့ရဲ့ စီးဆင်းမှုက ရေအသွင်လိုပါပဲ
ဘယ်နေရာကပဲပိတ်ပိတ်
စီးမြဲစီးဆဲ.....။
ဘယ်လောက်ပင် ဖြတ်တောက်
ပြတ်တောက်သွားတယ်လို့ မရှိဘူး
စီးမြဲစီးဆဲ.....။
ဘယ်တံတိုင်းတွေပဲကာထား ကာထား
ရပ်တန့်မသွားဘူး
စီးမြဲစီးဆဲ....။

သူ့လုပ်ရပ်တွေက
အလင်းရောင်လိုပဲ
ကိုယ်တိုင်တောက်ပနေဖို့ထက်
အလင်းမျှဝေဖို့သာ ကြိုးစားနေတယ်။

အတ္တ မာန ခဝါချလို့
အတိတ်မှာ ဖြစ်ခဲ့တဲ့ ငါလဲမရှိတော့ဘူး
အနာဂတ်မှာ ဖြစ်မဲ့ ငါလဲ မသိချင်ဘူး
ပစ္စုပ္ပန်တည့်တည့်က ငါ.....
ဘာတွေကို တပါးသူ...အတွက် လုပ်ပေးရမလဲ
ဘာတွေကို တပါးသူ...အတွက် ကူရမလဲ
ဒါတွေကိုပဲ သူခေါင်းထဲမှာ အစီအစဉ်အလိုက်
ဝါးမျိုချရင်းနဲ့ပဲ
အတ္တမဲ့ ပရဟိတတွေကိုပဲ
အစိမ်းလိုက် ဝါးမြိုနေလေရဲ့။

သေခါနီးလေ ဝေဒနာတွေပေါ်မှပဲ
သူ့နာမည်ခေါ် ကူညီဖို့တောင်းခံနေသူတွေက အများကြီး။
ကျော်သူ..ကျော်သူနဲ့ သူ့နာမည်က
တချိန်က ရုပ်ရှင်မင်းသား
ယခုတော့ သုဘရာဇာတဖြစ်လဲ
သူ့လုပ်ရပ်က မြင့်မြတ်နေတော့လဲ
အာဏာထောင်လွှား ဖောက်ပြားနေကြသူတွေတောင်
အချိန်တန်.... ယမမင်းဆီမရောက်သေးမှီ
သူဆီကိုတော့ အလုပ်အပ်ကြရစမြဲပဲလေ။

ချမ်းဧအိမ်

နိုဝင်ဘာမှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမည်ဟု ချမ်းမီမီကို ပြော...

အလွမ်းမင်းသားလေး | 00:19 | Best Blogger Tips


 ဒါရိုက်တာဇော်မျိုးရိုက်ကူးနေတဲ့ ‘ချစ် တတ်အောင်ချစ်’ဇာတ်ကားမှာ ချမ်းမီမီကို က ကျော်ရဲအောင်၊ဖူးဖူးတို့နဲ့အတူပါဝင် သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကား ထဲမှာ ချမ်းမီမီကိုက ယောက်ျားတွေကို အထင်မကြီးတဲ့ မိန်းကလေးတစ်ယောက် နေရာကနေပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားလေးက အချစ်ဇာတ်ကားလေး ဖြစ် တယ်လို့ သိရပါတယ်။ ချမ်းမီမီကိုက ကိုယ်လုပ်တဲ့ အနုပညာအလုပ်မှာ အနုပညာနဲ့ ပတ်သက်ပြီး မှတ်တိုင်တစ်ခုအဖြစ်လည်း ကျန်ခဲ့ချင်တယ်လို့ ပြောပါတယ်။
“ဘယ်သူမဆို ကိုယ့်အလုပ်တစ်ခုမှာ အမြဲတမ်းမှတ်တိုင်တစ်ခုအဖြစ်လည်း ကျန် ရစ်ချင်ကြတယ်။ ဘယ်သူမဆိုအောင်မြင် ချင်ကြတာချည်းပဲလေ။ ချမ်းမီလည်း အဲဒီ လိုမျိုးအောင်မြင်ချင်တယ်။ အနုပညာ အလုပ် မှာလည်း မှတ်တိုင်တစ်ခု ကျန်ခဲ့အောင်ကိုယ့်ဘက်က အမြဲတမ်းကြိုးစားနေ ပါတယ်”လို့ ပြောပါတယ်။ အနုပညာလောက မှာ စိတ်ညစ် စရာတွေ ကြုံလာပေမယ့်လည်း ရှေ့ ဆက်ဖို့ အတွက် စိတ်တွန်းအားက ပရိသတ် အားပေး နေဖို့ပါပဲလို့ပြောတဲ့ ချမ်းမီမီကိုက..”အဓိကက ပရိသတ်အားေ ပးမှုက ကိုယ့် အတွက် အားဖြစ်စေတယ်။ အခုလိုမျိုးကိုယ် ရပ်တည်ဖို့ဆိုတာကလည်း ပရိသတ်ကြောင့်ပဲ ဖြစ်လာတယ်။ ပရိသတ်က အားပေးလို့လည်း ချမ်းမီမီကိုဆို တာ ဖြစ်လာတာ ပဲ။

ယောက်ျားလေး အဆိုရှင် ၁၄ဦးနဲ့ စုံတွဲအခွေထွက်မယ့် ၀ိုင်းစုခိုင်သိန်း...

အလွမ်းမင်းသားလေး | 00:14 | Best Blogger Tips


 
ဝိုင်းစုခိုင်သိန်းက “မျက်လှည့်” ဗီစီဒီအခွေထွက်ရှိတဲ့ အနေနဲ့ ဘားအံ၊ နေပြည်တော်၊ မိတ္ထီ လာ၊ မန္တလေး၊ မုံရွာ၊ မကွေးမြို့ တွေကိုသွားရောက်ကာ ပရိသတ်တွေကို လက်မှတ် ရေးထိုးပေးခဲ့ပါတယ်။ နယ်ပရိသတ်တွေကလည်း သူ့ရဲ့ဗီစီဒီခွေကို တအား အားပေးခဲ့ကြောင်းကို ဝိုင်းစုခိုင်သိန်းက “ပရိသတ်တွေ တော်တော် အားပေးကြ တယ်။ ဘားအံကို အခွေကြို ပို့ထားပြီးသား။ နောက်ထပ်လည်း ထပ်ယူသွားတဲ့ အခွေတွေလည်း အားလုံးကုန်သွား တယ်။ ပျဉ်းမနားမှာလည်း အားပေးကြတယ်။ ပျဉ်းမ နား မှာ တော်ရုံ တန်ရုံ လက်မှတ် သိပ်မထိုးကြတော့  တချို့တွေက မယုံကြဘူး။ ပထမ အခွေတုန်းက ပျဉ်းမနားမှာ သွားဖြန့်တယ်။ ဝိုင်းစုကိုယ်တိုင်ရောက်နေတယ်။ ဒါပေမဲ့ လက်မှတ် မထိုးလိုက်ရဘူး။

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ