ဒီကောင်လေးကို
ကျနော်စမ်းနေတာ ၂ရက်၊၃ရက်လောက် ရှိသွားပြီ..။ အရင်ကသုံးမကြည့်ဖူးတော့
အခုမှ စမ်းသပ်နေရတာ..။ အတော်လေးအဆင်ပြေပါတယ်..။ သူ့အတွက် ဖူးသုံးလို့
ရအောင် လိုက်ရှာရင်း၊ စမ်းသုံးရင်းနဲ့ ကြာနေတာ..။ အခုတော့ ဒီကောင်လေးကို
ကျနော်သိသလောက်၊ သုံးကြည့်မိသလောက် ပြန်လည်မျှဝေလိုက်ပါတယ်..။ အောက်မှာ
ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။
Tuesday, 6 November 2012
Monday, 5 November 2012
ပျောက်သွားတဲ့ Gmail ထဲက စာတွေပြန်လိုချင်တယ်ဆို စမ်းလိုက်နော်...
အလွမ်းမင်းသားလေး | 06:45 |
နည်းပညာ
လုပ်နည်းလေးက လွယ်ပါတယ်
ပထမဆုံးအနေနဲ အသစ်ဖွင့်ထားတဲ့ gmail ကို ဖွင့်လိုက်ပါ
(1)(နောက်ပြီးတော့ setting ကို သွားပါ.....
(2) account and Import tab ထဲကို ၀င်လိုက်ပါ......
(3) add POP3 email account button ကို click လိုက်ပါ....
(4) ပြီးတာနဲ gmail အဟောင်ရဲ့ mail add ကိုထည့်လိုက်ပါ ....
(5) Next step ကို ကလစ်နှိပ်လိုက်ပါနော် ....
(6) Gmail အဟောင်းက password အဟောင်းကို ထည့်ပြီး Label Incoming massage box ရှေ့မှာ အမှန်ခြစ်ပေးလိုက်ပါ........
တွေးတွေးပြီး ရယ်...
အလွမ်းမင်းသားလေး | 06:36 |
ဟာသ
(၁)
လူနာ "ဆရာ.. ကျွန်တော် ဘာရောဂါဖြစ်နေတာလဲ .. ကျေးဇူးပြုပြီး ပြောပြပါ"
ဆရာဝန် "ခင်ဗျားရဲ့ရောဂါက ပေါင်းစုံနေတယ်ဗျာ။ စကားလုံးတစ်ခုထဲနဲ့ နာမည်တပ်ရဖို့ ခက်နေတယ်"
လူနာ "အမှန်အတိုင်းပြောပါဆရာ.. ရပါတယ်"
ဆရာဝန် "ခုလောလောဆယ်တော့ ရောဂါအမည်တပ်ရဖို့ ခက်နေတယ်။ ဒါပေမဲ့ စိတ်ချပါ။
ခင်ဗျား သေသွားတဲ့အခါ ရင်ခွဲကြည့်ပြီး ရောဂါအမှန်ကို ကျွန်တော်ရှာလိုက်ပါမယ်"
(၂)
တစ်နေ့မှာ ကြွက်သုံးကောင် စကားစမြည်ပြောနေကြတယ်ပထမကြွက်.... "ငါက ကြွက်သတ်ဆေးတွေနဲ့ ခွန်အားဖြည့်နေတာပေါ့"
ဒုတိယကြွက်..... "ငါကတော့ ကြွက်ထောင်ချောက်နဲ့ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တယ်"
တတိယကြွက်.... "ဟိုကြောင်မ ဗိုက်ကြီးနေတာ မင်းတို့တွေ့လား? အဲဒါ ငါ့ရဲ့ မတော်တဆအဖြစ်ပေါ့ကွာ"
မာနနှင့်တူ...
အလွမ်းမင်းသားလေး | 06:17 |
ကဗျာ
တစ်ခါတလေ
ဝမ်းနည်းမူ့တွေကိုမျိုသိပ်ပြီး
အံကြိတ်ပြုံးလိုက်ရတာလည်း
တကယ်အရသာရှိတယ်..
အရာအားလုံးနဲ့တွေ့ဆုံခြင်းအတွက်
ဝမ်းမသာတော့ဘူးကွယ်။
နူတ်ဆတ်လမ်းခွဲကျောခိုင်းခြင်း
အားလုံးအတွက်လည်း
ငါဝမ်းမနည်းတော့ဘူး...။
ဖြစ်နိုင်ရင်..ငါ့အမုန်းမီးတွေ
ဟောဒီကမ္ဘာတစ်ခုလုံး မီးဟုန်းဟုန်းနဲ့
တောက်လောင်ကျွမ်းပစ်လိုက်ချင်တာ
အချစ်ကငါ့တံခါးကိုခေါက်ဝင်လာတယ်
သူနဲ့အတူဝင်လာတဲ့လေသရမ်းကြောင့်
ဘဝရဲ့အဓိပ္ပာယ်တစ်ချို့
ပြတင်းပေါက်ကနေ လွှင့်စင်ဝဲပါသွားတယ်..။
အပြင်ကမ္ဘာမှာလေလွင့်
နွေမှာ ကြွေသွားတဲ့
ငါဟာ နွေရွှက်ကြွေလိုပါပဲ..။
လောင်မြှိတ်ခြင်းရဲ့ အဆုံးသက်
ငါသာ ပြာကျခဲ့တယ်...
ဘယ်လောက် ..
ရင်နာဖို့ကောင်းလိုက်သလဲ...။
မောင်သစ္စာ
Control panel ဖျောက်နည်း...
အလွမ်းမင်းသားလေး | 04:57 |
နည်းပညာ
ဒီတစ်ခါ Control Panel ဖျောက်နည်းလေးပြောပြချင်ပါတယ်။
မသိသေးသောသူများအတွက်ပါ။ အကြောင်းအမျိုးမျိုးကြောင့်
ဖျောက်ချင်တယ်ဆိုပါဆို့။ ဥပမာ- မိမိစက်ထဲက Program တွေကို သူများ
မဖျတ်နိုင်အောင် ၊ တစ်ခုခုကိုပြင်လို့မရအောင်ပေါ့။
အဆင့်(၁) အရင်ဆုံး run box မှာ gpedit.msc လို့ရိုက်ပါ။
အဆင့်(၂) Local Group Policy Editor box အကြီးကြီးပေါ်လာပြီဆိုရင်
အောက်ပါအတိုင်းအဆင့်ဆင့် သွားပါ။ User Configuration >>Administrator
Templates >> Control Panel ထိ ရောက်အောင်သွားပါ။
Subscribe to:
Posts (Atom)