အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Tuesday, 6 November 2012

တွေးတွေးပြီးရယ်...

အလွမ်းမင်းသားလေး | 05:56 | Best Blogger Tips



(၁)
စိတ်မနှံ့သူ (ယောက်ျား).... နင့်ကို ငါပြောစရာရှိတယ်။
စိတ်မနှံ့သူ (မိန်းမ)...... ဘာလဲ! ပြောလေ..
စိတ်မနှံ့သူ (ယောက်ျား).... (နား,နားကပ်ပြီး) နင်လျှောက်မပြောရဘူးနော်... ငါက ကွမ်ရင်မယ်တော်ရဲ့သား.

စိတ်မနှံ့သူ (မိန်းမ)..... ဟာ နင်လျှောက်မပြောနဲ့.. ငါ ဘယ်တုန်းက နင့်လိုသားမျိုးမွေးခဲ့လို့လဲ?

(၂)
ရွာတစ်ရွာမှာ သူ့ကိုယ့်သူအပျိုကြီးဆိုပြီး ဂုဏ်ယူမဆုံးတဲ့ အမျိုးသမီးကြီးတစ်ဦးရှိတယ်။ အပျိုကြီးဟာ သူမသေဆုံးခင် အုတ်ဂူလုပ်သူကိုရှာပြီး သူ့အုတ်ဂူမှတ်တိုင်မှာ "မွေးလာလဲအပျို၊ ရှင်တော့လဲအပျို၊ သေတော့လဲအပျို" ဆိုပြီးရေးပေးဖို့ မှာခဲ့တယ်။

မောင်...

အလွမ်းမင်းသားလေး | 05:49 | Best Blogger Tips
အိပ်မပျော်ရက်ည အတူဖြတ်သန်း
ခံစားမှုတွေဝေမျှ
နှလုံးသားချင်း နီးဖူးခဲ့

"တအားချစ်တယ် မခွဲနိုင်ဘူးကွယ်"
မောင့်အသံတွေ အနမ်းတွေကြား
ရင်ခုန်စွာ ကြည်နူးဖူးခဲ့

ဂီတာအိုတီး တေးသီချော့တဲ့
ဖုန်းတစ်ဖက်က မောင်အသံကြား
မျက်ရည်ဝဲရင်း သာယာဖူးခဲ့

ထာဝရမဝေး စိတ်ကူးအတွေးနဲ့
တွေ့ဆုံချိန်ကို လက်ချိုးရေရင်း
မောင့်ကို တမ်းတလွမ်းဆွတ်ဖူးခဲ့


နိုင်းနိုင်းစနေ

အလွမ်းနင်သွားတဲ့ ဧဝ...

အလွမ်းမင်းသားလေး | 05:47 | Best Blogger Tips



ဧဝကိုက်ခဲ့တဲ့ ပန်းသီးတစ်ကိုက်ကို
"အချစ်"လို့ဆိုခဲ့ကြရင်
ငါ့အတွက် မင်းပေးခဲ့တဲ့ ပန်းသီးတစ်လုံးကို
ဘယ်လိုတင်စားရမလဲ ကောင်လေးရယ်....

တစ်ကိုက်ဆိုရင် အချစ်၊ နှစ်ကိုက်ဆိုရင် မေတ္တာ
သုံးကိုက်ဆိုရင် အကြင်နာ၊ လေးကိုက်ဆိုရင် ထာဝရ
.......၊ .........၊ ..... လို့ မှတ်ယူခဲ့တဲ့ငါ
အခုတော့......
အလွမ်းအရိုးတွေ
နှလုံးသားမှာ နင်နေခဲ့ပေါ့ကွယ်.........




နိုင်းနိုင်းစနေ

ကိုရီးယား ရုပ်ရှင်ပွဲတော်သို့ လာရောက်မည့် အနုပညာရှင်များအား အတည်ပြုလိုက်ပြီ ...

အလွမ်းမင်းသားလေး | 05:40 | Best Blogger Tips



နိုဝင်ဘာလ အတွင်း ကျင်းပ ပြုလုပ်မယ့် ကိုရီးယား ရုပ်ရှင် ပွဲတော်မှာ နာမည်ကြီး ကိုရီးယား အနုပညာရှင် ၂ ဦးဖြစ်တဲ့ Chae Jung-An နဲ့ Mr Choung
Kyung-ho တို့ နှစ်ဦးကို ဖိတ်ခေါ် ထားပြီး လာရောက်ဖို့ အတွက် အတည်ပြုပြီး ဖြစ်တယ်လို့ ကိုရီးယား သံရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ အနုပညာရှင် မစ္စတာ ချောင်ကောင်ဟိုဟာ I am Sorry, I love you, Time of Dog and wolf အစရှိတဲ့ ဒရမ်မာ ဇာတ်ကားတွေမှာ သရုပ်ဆောင် ထားပြီး မစ္စ ချဲဂျောင်အန်း ကတော့ Coffee Prince No.1 ဒရမ်မာ ဇာတ်ကားမှာ သရုပ်ဆောင် ထားဖူးတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။

အဆိုပါ ကိုရီးယား ရုပ်ရှင် ပွဲတော် ကိုတော့ နိုဝင်ဘာလ ၉ ရက်နေ့ ကနေ ၁၂ ရက်နေ့ အထိ ရန်ကုန်မြို့ရှိ

သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုရီးယား ရက်သတ္တပတ် အဖြစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ MCC ခန်းမ အတွင်း ကိုရီးယား မော်ဒယ်ပြိုင်ပွဲနဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ ကနေ ၁၃ ရက်ထိ ဆဋ္ဌမ အကြိမ်မြောက် ကိုရီးယား သံအမတ်ကြီး ဖလား တိုက်ကွမ်ဒို ပြိုင်ပွဲကို သုဝဏ္ဏ အားကစား ကွင်းမှာ ပြုလုပ်ဖို့ ရှိတာ ဖြစ်ပါတယ်။ ထပ်မံပြီး နိုဝင်ဘာလ ၁၄ ရက်နေ့ မှာတော့ ဒဿမ အကြိမ်မြောက် ကိုရီးယား စကားပြော ပြိုင်ပွဲကို Traders ဟိုတယ်မှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ကိုရီးယား ရက်သတ္တပတ် အဖြစ် ကိုရီးယား အနုပညာရှင် တွေကို ဖိတ်ခေါ်ကာ ကိုရီးယား ရုပ်ရှင်ပွဲတော် ပြသမှုမှာ Highway Star ၊ Bunt ၊ Fly Penguin ၊ Late Blossom အစရှိတဲ့ ဇာတ်ကား ၄ ကားကို တစ်နေ့ ၃ ကြိမ်ပြသ သွားမှာ ဖြစ်ပါတယ်။ အခုလို ပြသမယ့် ရုပ်ရှင် ပွဲတော် အတွက် လက်မှတ်များ ကိုတော့ နိုဝင်ဘာလ ၂ ရက်နေ့က စတင် ထုတ်ပေးနေပြီ ဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ အထိ လာရောက် ထုတ်ယူ သူတိုင်းကို တစ်ဦး အတွက် လက်မှတ် ၂ စောင်နှုန်းနဲ့ ထုတ်ပေး နေတာ ဖြစ်တယ်လို့ သိရပါတယ်။



ဦးဇော်(သိသမျှ)

Connectify Pro 3.1.0 - ဖုန်းနဲ့ တခြား ကွန်ပျူတာတွေ အတွက် Wifi ပြန်ထုတ်သုံးရအောင် ...

အလွမ်းမင်းသားလေး | 05:37 | Best Blogger Tips



ဒီကောင်လေးကို တော်တော်များများ သိပြီးသားဖြစ်မှာပါ.. ကျနော်တို့ ကွန်ပျူတာကနေ Wifi ပြန်ထုတ်ပေးနိုင်တဲ့ ကောင်လေးပါ..။ ဖုန်းနဲ့ပဲ ဖြစ်ဖြစ်၊ တခြားကွန်ပျူတာကနေပဲ ဖြစ်ဖြစ် အင်တာနက် ပြန်ယူသုံးလို့ရအောင် လုပ်ပေးနိုင်တဲ့ Connectify Pro လေးပါ..။ ဒီကောင်လေးကတော့ နောက်ဆုံးထွက် မဟုတ်သေးပါဘူး..။ လောလောဆယ် စမ်းသုံးရင်း အဆင်ပြေတာလေးကို အရင်တင်ပေးလိုက်တာပါ..။ နောက်ပိုင်း နောက်ဆုံးထွက်လေး ထပ်ရလာရင် တင်ပေးပါအုန်းမယ်..။ အခုဒီကောင်လေးအတွက် Patch ဖိုင်လေးပါ ထည့်ပေးထားပါတယ်..။ Patch နဲ့ဖူးဖြစ်အောင် မလုပ်တတ်သေးတဲ့သူများ IDM 6.12 Built 3 ပိုစ့်မှာ ပြန်ကြည့်ပြီး ဖူးဖြစ်အောင် လုပ်ပေးလိုက်ပါ..။ ဒီထဲမှာ ပါတဲ့ Patch နဲ့လုပ်နည်း အတူတူပါပဲ..။ လိုအပ်တဲ့သူများ အောက်ကလင့်ကနေ အရင်ဒေါင်းယူလိုက်ပါဗျာ.. အသုံးပြုနည်းကို အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်ပေးပါ..

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ