အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Sunday, 11 November 2012

အချစ်သည် တခါတရံ ပင်ပန်းတတ်၏...

အလွမ်းမင်းသားလေး | 03:59 | Best Blogger Tips


တွယ်တာမှုတွေ အပြည့်အ၀နဲ့
ရင်မှာ နွယ်ခဲ့ရတာပါ
သံယောဇဉ်တွေ ပုံအောပြီး
ယုံကြည်ခြင်းတွေကို
လည်ဆွဲလုပ်လို့ပေါ့
မင်း   အပြုံးတွေ
ခပ်ကျဲကျဲရှိနေပေမယ့်လဲ
ငါ့  မှာတော့
သဲကြီး မဲကြီးရွာချနေတဲ့
အချစ်မိုးတွေ

မထင်ခဲ့ပါဘူးကွယ်
ရှင်သန်နေတဲ့ အကြင်နာ
နွယ်ယှက်တွေ
အမြစ်က ဖြတ်ခံရမယ်လို့
ခုတော့လဲ
တစိမ်းပြင်ပြင်
သစ္စာတရားတွေ ချနင်းခံရလဲ
လည်စင်းပေးနေဦးမယ်
တောင်ကြီးရဲ့ ဖ၀ါးအောက်မှာ
လမ်းစတွေ မပျောက်စေပဲ
ချစ်ရသူကို
မျှော်ကာစောင့်နေပါ့မယ်

အချစ် စစ်စစ်တွေအတွက်
ရင်မှာ ဒဏ်ရာဖြစ်လဲ
အမာရွတ်ကျန်သည်အထိ
သေချာ ဂရုစိုက်သိမ်ထားကာနေပါ့မယ်
ချစ်ရသူရဲ့  ဝေးနေတဲ့ 
နှုတ်ခမ်း လွမ်းပြီးရင်းလွမ်းနဲ့
အက်ကွဲနေတဲ့ မျှော်လင့်ချက်တွေ
နာနာ ကျင်ကျင် ဖြစ်နေရပြီး
ပြွတ်သိပ်နေတဲ့ 
သံယောဇဉ်တွေက
အဝေးကို ထွက်သွားဖို့
နောက်ပြန်ဆွဲနေလေရဲ့

ကမ္ဘာကြီး မောပန်းနေတာလား
လူတွေ နွမ်းနယ်နေကြတာလား
ငါ့  နှလုံးသားတွေကတော့
ချစ်သူကို ချစ်ရတာ
အနားမရလို့
သေမတတ် ပင်ပန်းနေပြီကွယ် ။
 jasmine

အိပ်မက်ထဲမှာရွာတဲ့မိုး...

အလွမ်းမင်းသားလေး | 03:52 | Best Blogger Tips



ကောင်မလေးရေ…..
ငါ့အလွမ်းတွေ စိုထိုင်း
မိုးငွေ့သယ်တဲ့ တိမ်တွေလို… မှိုင်းနေလိုက်တဲ့ပုံ
မုတ်သုန်လေ တစ်ချက်တိုက်ရုံနဲ့
ငိုတော့မယ်…..။

ကမ်းရိုးတန်းလို ရင်ခွင်မှာ စိုလက်
ပင်လယ်ဘက်ဆီက သတိရခြင်းတွေ
တက်လာတယ်….
ဟောဒီတစ်သက်မှာ…
ဘယ်တုန်းကမှ အိပ်မက် မမက်ဘူးတဲ့ကောင်
ခုတော့… အလွမ်းတွေနဲ့ မှောင်…လို့။

ကယောင်ကတမ်း ညည်းရင်း လန့်နိုး
"မုန်တိုင်းက.. မင်းနာမည်ကို ခိုးသွားတယ်…"
အဲသည်.. တစ်စုံတစ်ရာသော "မိုး" လေ…
ငါ့ ကမ်းခြေအလွန်မှာ ရွာသွန်း
အလွမ်းက ထွက်တဲ့သွေးတွေနဲ့
အိပ်မက်တစ်ခုလုံး စွန်းသွားတယ်…။

မင်းခိုက်စိုးစန်

စစ်ကိုင်းတွင် ပြင်းအား ၇ ရှိ ငလျင် လှုပ်ခတ်....

အလွမ်းမင်းသားလေး | 03:45 | Best Blogger Tips



ယနေ့ ရွှေဘို ငလျှင်
ရန်ကုန်၊ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုကာ ယနေ့နံနက် ၇ နာရီ ၄၃ မိနစ်အချိန်တွင် ရစ်ချတ်တာစကေး ၇ ဒသမ ၀ ပြင်းအားရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မန္တလေးမြေ ငလျင်တိုင်းတာရေးစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းငလျင်ကြောင့် ကန့်ဘလူ၊ နေပြည်တော်၊ မန္တလေး အစရှိသည့် နေရာများတွင်ပါ အဖျားခတ်ကာ ငလျင်လှုပ်
ရှားခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ငလျင်ပြင်းအား မြင့်မားသောကြောင့် စစ်ကိုင်းတွင် တိုက်နံရံ ပြိုမှုများရှိကြောင်း ဒေသခံများက ပြောကြားသည်။

ဘူတာရုံနဲ့တူတဲ့ ကောင်မလေး...

အလွမ်းမင်းသားလေး | 03:40 | Best Blogger Tips



ဥသြဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့ သံယောဇဉ်တွေ
ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီစောင့်ကြိုနေဖို့ စိတ်ကူးမရှိတဲ့
ငါ့ရဲ့ဘူတာရုံလေးရေ . . လွမ်းတယ် . .။

အရမ်းကြီးမဟုတ်ပေမယ့် . . တစ်ခါတစ်ခါ
ယောက်ျားတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့်ရှိတာပဲ မဟုတ်လား။

ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ် . .
ပြောပါ . .
မင်း ငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ..
တိတ်တိတ်ကလေး ရပ်စောင့်နေတာ
ကြာပြီလေ . . .။

ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ
ကုန်တင်ကုန်ချလုပ်ခွင့်မပြုတဲ့
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။

ဟောဒီ့ကောင် . . ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့်သံလမ်းကိုယ်ဖောက်ခဲ့တာပါ . .
. . နောက်ကျသွားတယ်။

အလွမ်းတွေ စိုက်ခင်းတစ်ခုလုံး ပွင့်တဲ့အချိန်မှာမှ
ငါ ဆိုတဲ့ကောင်က
တည့်တည့်ကြီး ရောက်ချသွားခဲ့တာပေါ့ကွယ် . .။

မင်းခိုက်စိုးစန်

တွေးတွေးပြီးရယ်..၄...

အလွမ်းမင်းသားလေး | 03:29 | Best Blogger Tips
အော်.. ယောက်ျား

ချစ်စကြင်စ
၆ရက်အကြာ..... ငါ နင့်ကိုချစ်တယ်၊ ငါ နင့်ကိုချစ်တယ်။
၆လအကြာ....... အင်း ဟုတ်တယ်.. ချစ်ပါတယ်။
၆နှစ်အကြာ...... အော်.. နင့်ကို မချစ်ရင် ငါလက်ထပ်ခွင့်တောင်းပါ့မလား?

လက်ထပ်ပြီးစ.......

အလုပ်အပြန်
၆ရက်အကြာ..... အချစ်လေးရေ.. မောင်ပြန်လာပြီ
၆လအကြာ...... ပြန်လာပြီဟေ့
၆နှစ်အကြာ...... ငါပြန်လာပြီကွ.. ထမင်းကျက်ပြီလား?

ဧည့်ခန်းတွင်
၆ရက်အကြာ...... ချစ်မိန်းမရေ.. ချစ်မိန်းမနဲ့ ပြောချင်လို့တဲ့
၆လအကြာ........ ရော့ မင်းဖုန်း!
၆နှစ်အကြာ........ ရော်.. ဖုန်းကိုင်လိုက်လေ

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ