အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏
Tuesday, 20 November 2012
Gmail Account Locked ကျသွားရင် ဖြေရှင်းနည်း...
အလွမ်းမင်းသားလေး | 06:20 | Best Blogger Tips
 အောက်က Link ကိုသွားပါ။
https://www.google.com/accounts/DisplayUnlockCaptcha
ရောက်သွားရင် အောက်က ပုံလေးအတိုင်း ပေါ်လာပါမယ်...
 အဲ့မှာ Locked ကျသွားတဲ့ gmail account နဲ့ password ကိုဖြည့်ပြီး စကားလုံးလေးတွေ ပုံဖျတ်ထားတာကို မှန်အောင်ရိုက်ပြီး အောက်နားမှာ unlock ဆိုတာကိုနှိပ်ပြီးလုပ်ကြည့်ပါဗျာ။အဆင်ပြေမယ်လို့ တော့ မျှော်လင့်ပါတယ်..
သည်ဆိုဒ်လေး ဖြစ်ဖို့ ကျနော် စိတ်ကူးယဉ်ခဲ့တာ ကြာပါပြီဗျာ.. စုဆောင်းထားသမျှလေးတွေနဲ့ ကြိုးစားထူထောင်လိုက်ပါပြီ။ ကျနော့်ရဲ့ မြင်ဆရာ kp-3 ကိုအားကျမိလို့ပါ။ အားပေးမှုကိုအစဉ်လေးစားလျှက်ပါ။ တုန်ပြန်မှုလေးတစ်ခုအနေနဲ့...စကားလေးတစ်ခွန်းဘဲ ချန်ခဲ့ရင် ကျေနပ်ပါပြီ။
ဘလော့ခရီးသည်
Firefox Browser မှာ Tab bar, Bookmark Menu က မြန်မာ Font ပြဿနာ ဖြေရှင်းနည်း...
အလွမ်းမင်းသားလေး | 05:47 | Best Blogger Tips
  Mozilla Firefox က Tab and Menu bar မှာ မြန်မာဖောင့်တွေမပေါ်ဘူးဖြစ်နေတယ်.. Webpage မှာတော့ဖတ်လို့ရတယ်.. ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦး...
တိုက်တိုက် ဆိုင်ဆိုင်ပါပဲ.... သူငယ်ချင်းတစ်ယောက်ကလည်း ဒီကိစ္စ နဲ့ ပါတ်သတ်ပြီး  အိမ်ရောက်လာလို့ နည်းလမ်းရှာပြီး လက်တွေ့ ဖြေရှင်းပေးလိုက်တာ အဆင်ပြေသွားလို့ ဒီနည်းလမ်းလေးကို မသိသေးသူအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ် .....:)
Browser တစ်ခုထဲမှာ Facebook , Gmail အကောင့် နှစ်ခု သုံးခု တပြိုင်ထဲသုံးချင်ရင်...
အလွမ်းမင်းသားလေး | 05:26 | Best Blogger Tips
Browser တခုထဲကနေ Facebook အကောင့် ၂ခု ၃ခု , Gmail အကောင့် ၂ခု ၃ခု ကို တပြိုင်ထဲ သုံးချင်လို့ပါဆိုပြီး မေးထားလို့ အားလုံး ဗဟုသုတရအောင် မျှဝေပေးလိုက်ပါတယ်...။
Chorme Browser နဲ့ Firefox Browser မှာ မိမိတို့ ရှိသမျှ Facebook,Gmail,twitter စ,တဲ့အကောင့်တွေကို  တပြိုင်ထဲ Login ဝင်လို့ရနိုင်ပါတယ်.... 
Firefox Browser အတွက်ကိုတော့ Extension  လေးတစ်ခုကို Browser မှာ Add ပေးရမှာပါ.... ဒီနေရာကို  နှိပ်ပါ  Install Multifox  ကို နှိပ်ပါ လမ်းညွှန်တဲ့အတိုင်း Install ပေးလိုက်ပါ ... ပြီးရင်  Firefox Browser ကို Restart ချပေးလိုက်ပါ (Firefox ကို ပိတ်ပြီး ပြန်ဖွင့်ပေးလိုက်ပါ)
 ကီးဘုတ်က  Ctrl + Alt + M  ကိုနှိပ်ပြီး Facebook နှစ်ခု သုံးခု Gmail နှစ်ခု သုံးခုကို Browser တစ်ခုထဲမှာ Login ဝင်နိုင်ပါပြီ....
Sunday, 18 November 2012
မုန်းဖို့ ခက်တယ်....
အလွမ်းမင်းသားလေး | 07:40 | Best Blogger Tips
ချစ်သူ...
 နင့်ကိုလေ အပြစ်မယူတာမဟုတ်ပါဘူး
  အပြစ်မယူရက်တော့တာပါ
   ငါ့မှာအစွယ်မရှိလို့  မဟုတ်ပါဘူး
    မလိုချင်တော့လို့  ဖြုတ်ထားလိုက်တာ
     မာန  မရှိတော့လို့ လည်းမဟုတ်ပါဘူး
      မရှိသင့်တော့ဘူးထင်လို့  ခွာချလိုက်တာပါ............။
 ငါမချစ်တတ်ခဲ့ လို့ မဟုတ်ပါဘူး
  အချစ်ငတ်လို့ ဖြစ်သွားခဲ့ တာပါ ချစ်သူ
   ငါတို့ တွေအရင်းနှီးဆုံးချစ်ခဲ့ ကြပြီး
    အမုန်းမရှိကြပေမယ့် အနာကျင်ဆုံးနှလုံးသားပိုင်ရှင်နဲ့ 
      မျက်နာစိမ်း ချစ်သူတွေ ဖြစ်နေကြပြီလေ....................။
  လက်ကမ်းတုန်းကတော့ သိမ်မွေ့ စွာနူညံ့ခဲ့ တဲ့  ငါ့နှလုံသား
   နင့်လွှတ်ချလိုက်တဲ့ ငါ့အချစ်ငါ့မေတ္တာနဲ့  ငါနှလုံးသား
    နင်ကျောခိုင်းခဲ့ တဲ့ နောက်ကွယ်မှာ 
ဖွဖွလေးကျလို့ တစ်စစီကွဲအက်ခဲ့ ပြီ ချစ်သူ.............................။
ချစ်သူရေ......
  မမုန်းချင်ပေမယ့် မေ့လိုက်ချင်တယ်
   တစ်ခါတစ်ခါသတိရနေပမယ့် 
ထာဝရ မုန်းလိုက်ချင်တယ်
    အပြီးပိုင်ဖြတ်တောင်လိုက်ချင်ပေမယ့် 
သံယောဇဉ်မကုန်သေးတော့ခက်တယ်
     ရင်ထဲကနင်နဲ့ အဝေးကြီးထွက်သွားချင်ပေမယ့် 
အတွေးချင်းနီးချင်သေးတယ်
    အဆုံးမရှိတဲ့ ချစ်ခြင်းနဲ့  ချစ်မိတော့လည်း 
မုန်းဖို့ ခက်တယ် ချစ်သူရယ် မုန်းဖို့ ခက်တယ်....................။
 ဖိုးခွားလေး (ကော့မူးမြို့ )
ဆုတောင်း...
အလွမ်းမင်းသားလေး | 07:38 | Best Blogger Tips
တစ်ချိန်က ငါ့တို့ နှစ်ယောက်ရဲ့
ထိုင်နေကြခုံတန်းလေးက
ဝေးကွာသွားတဲ့  တို့ နှစ်ယောက်အတွက်
စောင့်မျှော်ရင်း လွမ်းနေရှာတယ်
အစိမ်းသက်သက် နင်ထွက်သွားတဲ့ 
ငါ့ရင်ခွင်ကလည်း တိတ်တိတ်လေးကြေကွဲနေရှာတယ် ။
တို့ ဘဝလေးတိုးတက်ဖို့ အတွက်
ရေမြေခြားဝေးနေတာကို ထိုင်ခုံလေးက နားလည်ပေးသလို
နင့်ဘဝလေးဒီထက်အဆင့်မြင့်မြင့်နေနိုင်ဖို့ နဲ့ 
ကောင်းစားဖို့ အတွက် ငါနှလုံးသားပေးပြီး
သဘောထားကြီးစွာနားလည် ခွင်လွှတ်ထားတယ်.။
ပြန်မဆုံနိုင်မှန်းကြိုသိနေတဲ့ 
ထိုင်ခုံလေးလည်း ရေညှိတွေနဲ့  ဆွေးနေလို့ တယ်
နင်ပြန်မလာတော့ ငါ့ရင်ခွင်ကလည်းတဆစ်ဆစ်နဲ့ နာကျင်နေတယ်
ဖြေသာလိုက်ပါတယ် ချစ်သူရယ် အနေဝေးတဲ့ အချစ်မို့ 
ဖြေရှင်းချက်တွေလည်း မတောင်းတော့ပါဘူး
နေသာသလိုသာနေလိုက်ပါတော့.။
အခြေမကြီးတဲ့  ဘဝထဲ
 နင်ဝင်မလာရဲတာမထူးဆန်းပါဘူး
ရွှေထီးမှမဆောင်းပေးနိုင်ပဲလေ
တစ်ခုတော့ ဆုတောင်းလိုက်တယ်
                                                          ဖိုးခွားလေး(ကော့မူးမြို့ )
ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ