အလွမ်းမင်းသားလေး၏ နန်းတော် မှ လှိုက်လှဲစွာကြိုဆိုပါ၏

Saturday, 1 December 2012

မေ့ဖို့ခက်ခြင်း...

အလွမ်းမင်းသားလေး | 20:48 | Best Blogger Tips


မေ့ဖို့ခက်ခြင်း
..............
မေ့ဖိုကြိုးစားတိုင်း

သတိရမှုက တအုံ့တခဲ

တိုက်လိုမဆိုင်တောင်

တိုက်ဆိုင်ချင်ခဲ့တာ

အဲဒါ

သတိရခြင်းလား ဟင်ll


မလာမှန်းသိတဲ့လမ်း

ငါမျှော်မှန်းမိတာ

သူမမကြားပေမယ့်

ငါပြောနေမိတယ်လေ


သူမရနံ့ဟောင်းတွေ

သူမ ပုံရိပ်ဟောင်းတွေ

အရာရာသစ်လွင်တောက်ပနေတာ

ငါရင်ဘတ်တစ်ခုထဲပါ


မချိအောင်နာပေမယ့်

မသိယောင်ဆောင်ခဲ့တာပါ

အခုတော့ဟာ


ပင်လယ်ရေက မြစ်ထဲပြန်စီးလို့

အကြောင်းကံက ပြောင်းပြန်တွေပဲ


ငါသတိရခြင်းတသိုက်ကို

မှားမိုက်လိုပဲဖြစ်ဖြစ်

မှာလိုက်ပါရစေ

ချစ်သူပျော်စေကွယ်

♡♡♡♡♡♡
 
 
စောနေသွေး

ကြယ်ကြွေတမ်းချင်း....

အလွမ်းမင်းသားလေး | 06:53 | Best Blogger Tips


ငယ်ဘ၀ ခလေးအိပ်မက်တွေတုန်းက
ကြယ်ကြွေတွေ ဇယ်တောက်တမ်း ကစားချင်လို့
ကြယ်ကြွေရင် လက်ခုပ်လေးဖွင့်
အပြေးအလွှား ခံယူခဲ့ဖူးတယ်
မြေမကျခင် လင်းရိပ်လေးပျောက်ရှလို့
ရင်ကြွေအောင် ရှိုက်ရှိုက်သည်းသည်း ငါ..ငိုခဲ့ဖူးတယ်.....

အချိန်ပန်းပုရဲ့ ထုဆစ်မှုမှာ

ငါ့စိတ်တွေ အရောင်ပြောင်းလို့
အိပ်မက်တွေဟောင်းခဲ့လည်း
ကြယ်ကြွေတမ်းချင်းက
နရီအသစ်နဲ့ ရှင်သန်နေတုန်းပဲ....

ကြယ်ကြွေမစောင့်တော့ပါဘူး

ကြယ်ခြွေပြီးကောက်တော့မယ်
လက်ခုပ်ဖွင့်မထားတော့ပါဘူး
ရင်ဘတ်ကြီးဖွင့်ထားတယ်
ငါ့ရဲ့....သောကြာသူလေးရေ
သုံးရာသီနွေးထွေးမှုနဲ့
ဟောဒီကောင် ရင်နန်းဆီ
စိတ်ချယုံ ကြွေကျလှည့်ပါတော့
မင်းအချစ်တွေ......


♥ မိုးဇက်ဒီမွန်း ♥

Wednesday, 21 November 2012

Control panel ဖျောက်နည်း ...

အလွမ်းမင်းသားလေး | 05:28 | Best Blogger Tips



ဒီတစ်ခါ Control Panel ဖျောက်နည်းလေးပြောပြချင်ပါတယ်။ မသိသေးသောသူများအတွက်ပါ။  အကြောင်းအမျိုးမျိုးကြောင့် ဖျောက်ချင်တယ်ဆိုပါဆို့။  ဥပမာ- မိမိစက်ထဲက  Program တွေကို သူများ  မဖျတ်နိုင်အောင် ၊ တစ်ခုခုကိုပြင်လို့မရအောင်ပေါ့။
အဆင့်(၁) အရင်ဆုံး run box မှာ  gpedit.msc လို့ရိုက်ပါ။

အဆင့်(၂) Local Group Policy Editor  box အကြီးကြီးပေါ်လာပြီဆိုရင် အောက်ပါအတိုင်းအဆင့်ဆင့် သွားပါ။ User Configuration >>Administrator Templates >> Control Panel ထိ ရောက်အောင်သွားပါ။ 

အဆင့်(၄) Control Panel ကိုရောက်ပြီဆိုရင် ညာဘက်အကွက်ကိုကြည့်ပါ။   Prohibit access to the Control Panel ဆိုတာကို ရှာပါ ။ တွေ့ရင် အဲဒီပေါ်ကို right click ထောက်ပါ။ ပြီးရင် Edit ကို ကလစ်ပေးပါ။

တမ်းတလျက်....

အလွမ်းမင်းသားလေး | 04:07 | Best Blogger Tips
ချစ်သူ
တွယ်တာခြင်းတွေ ထာဝရ ရစ်ခွေနေတော့
အပြစ်မမြင် နှလုံးသားထဲ
တင်နေတဲ့ ချစ်ကြွေး
ဒီဘ၀ အကြေဆပ်ပါရစေကွယ်
ကျိုးပျက်လု နီးပါးဖြစ်နေတဲ့
ချစ်သူရဲ့ သံယောဇဉ်တွေ
ဘာလုပ်ရ ရင်ကောင်းမှာလဲ
ချစ်ခြင်းတွေကို ပြန်ပေးပါ
တမ်းတခြင်းတွေ ပြန်ပေးပါ
ပြောလို့သာရခဲ့ရင်
ပြန်တောင်းမိပါတယ်
ကမောက်ကမနဲ့ စခဲ့တာမဟုတ်လို့
အတ္တတွေဖယ်ရှား ချစ်ခြင်းတူတွေခံစားခဲ့တာလေ
ယုယမှု့တွေက အဆိပ်တခွက်ဆိုတာ
အသိနောက်ကျနေခဲ့တယ်
ချစ်သူကိုလွမ်းရတဲ့ အလွမ်းတွေကို
ပန်းလိုလဲမသီချင်ဘူး
မှီခဲ့ဖူးတဲ့ ပုခုံးဦးလေးကိုသာ
တမ်းတလျှက်ပါ။
 
 
jasmine

Tuesday, 20 November 2012

ရောင်းစားခံရသည့် မြန်မာ မိန်းကလေး ၃ ဦးကို ထိုင်းအာဏာပိုင်များ ကယ်တင်....

အလွမ်းမင်းသားလေး | 07:49 | Best Blogger Tips


 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ
 အနှိပ်ခန်းတခုတွင် ရောင်းစား
ခံရပြီး လိင်ဖျော်ဖြေရေး အလုပ်
 လုပ်နေရသည့် အသက် ၁၉ နှစ်

အရွယ် မြန်မာ မိန်းကလေး ၂ ဦးကို ထိုင်း အာဏာပိုင်များက ကယ်တင်လိုက်သည်။

ရောင်းစားခံထားရသူများ၏ တိုင်ကြားချက်အရ ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ (Anti-Human Trafficking Division – AHTD) က သွားရောက် ကယ်တင်ခဲ့ကြောင်း Krobkruakao ၀က်ဘ်ဆိုက်တွင် ယမန်နေ့က ထိုင်းဘာသာဖြင့် ဖော်ပြထားသည်။

ငါးစာလေးတွေကျွေးခဲ့ကြပါဗျာ